ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တောလည်ရာ ၃၆
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

တောလည်ရာ မာတိကာ

      • အမွေခံသမီးတွေအတွက် အိမ်ထောင်ရေးပညတ် (၁-၁၃)

တောလည်ရာ ၃၆:၁

ကျမ်းညွှန်းများ

  • +တလ ၂၆:၂၉

တောလည်ရာ ၃၆:၂

ကျမ်းညွှန်းများ

  • +တလ ၂၆:၅၅; ၃၃:၅၄
  • +တလ ၂၇:၁-၇

တောလည်ရာ ၃၆:၄

အောက်ခြေမှတ်ချက်များ

  • *

    ခက်ဆစ် “ယုဘိလ” ကိုကြည့်။

ကျမ်းညွှန်းများ

  • +ဝ ၂၅:၁၀

တောလည်ရာ ၃၆:၈

ကျမ်းညွှန်းများ

  • +၁ရ ၂၃:၂၂

တောလည်ရာ ၃၆:၁၀

ကျမ်းညွှန်းများ

  • +တလ ၃၆:၆

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၂/၁၅/၂၀၀၈၊ စာ. ၄-၅

တောလည်ရာ ၃၆:၁၁

ကျမ်းညွှန်းများ

  • +တလ ၂၇:၁

တောလည်ရာ ၃၆:၁၃

ကျမ်းညွှန်းများ

  • +တလ ၂၆:၃; ၃၃:၅၀; ၃၅:၁

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

တော. ၃၆:၁တလ ၂၆:၂၉
တော. ၃၆:၂တလ ၂၆:၅၅; ၃၃:၅၄
တော. ၃၆:၂တလ ၂၇:၁-၇
တော. ၃၆:၄ဝ ၂၅:၁၀
တော. ၃၆:၈၁ရ ၂၃:၂၂
တော. ၃၆:၁၀တလ ၃၆:၆
တော. ၃၆:၁၁တလ ၂၇:၁
တော. ၃၆:၁၃တလ ၂၆:၃; ၃၃:၅၀; ၃၅:၁
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
တောလည်ရာ ၃၆:၁-၁၃

တောလည်ရာ

၃၆ ယောသပ်ရဲ့ သားမြေးတွေထဲက မနာရှေနဲ့ မာခိရ+ တို့ကနေ ဆင်းသက်လာတဲ့ ဂိလဒ်အမျိုးရဲ့ ခေါင်းဆောင်တွေက မောရှေနဲ့ အစ္စရေးမျိုးနွယ်စု ခေါင်းဆောင်တွေဆီ လာပြီး တိုင်ပင်တယ်။ ၂ “အစ္စရေးတွေအတွက် အမွေအဖြစ် ဒီပြည်ကို မဲချပြီး ခွဲဝေပေးဖို့ သခင့်ကို ယေဟောဝါဘုရား မိန့်မှာခဲ့ပါတယ်။+ ကျွန်တော်တို့ရဲ့ ညီအစ်ကို ဇလောဖဒ်ရဲ့ အမွေမြေကို သမီးတွေဆီ ပေးဖို့လည်း ယေဟောဝါဘုရား မိန့်မှာခဲ့ပါတယ်။+ ၃ တကယ်လို့ သူတို့က တခြားအစ္စရေးအနွယ်ထဲက ယောက်ျားတွေနဲ့ လက်ထပ်ရင် ဘိုးဘေးတွေဆီကနေ ရထားတဲ့အမွေမြေကို သူတို့လက်ထပ်တဲ့အနွယ်ဆီ ပေးရမှာပေါ့။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ အမွေမြေ လျော့သွားမှာပေါ့။ ၄ အစ္စရေးလူတွေအတွက် လွတ်လပ်ခွင့်ရတဲ့နှစ်*+ ရောက်လာတဲ့အခါ သူတို့အမွေမြေကို သူတို့လက်ထပ်တဲ့ အနွယ်ဆီ အပြီးအပိုင် ပေးလိုက်ရမှာဖြစ်လို့ ကျွန်တော်တို့အနွယ်ရဲ့ အမွေမြေ လျော့သွားပါလိမ့်မယ်” ဆိုပြီး ပြောကြတယ်။

၅ မောရှေလည်း  ယေဟောဝါရဲ့ အမိန့်အတိုင်း  အစ္စရေးတွေကို  မှာတယ်– “ယောသပ်အနွယ်ဝင်တွေ ပြောတာ တရားနည်းလမ်းကျတယ်။ ၆ ဒါကြောင့် ဇလောဖဒ်ရဲ့ သမီးတွေကို ယေဟောဝါဘုရား မိန့်မှာတာက ‘ကိုယ်ကြိုက်တဲ့သူကို လက်ထပ်နိုင်တယ်။ ဒါပေမဲ့ ဖခင်ရဲ့ အနွယ်ဝင်တွေကိုပဲ လက်ထပ်ရမယ်။ ၇ အစ္စရေးတွေက ကိုယ့်အမွေမြေကို တခြားတစ်နွယ်ဆီ မလွှဲပြောင်းရဘူး။ ကိုယ့်မျိုးနွယ်ရဲ့ အမွေမြေကို ထိန်းသိမ်းရမယ်။ ၈ အစ္စရေးအနွယ်တွေထဲမှာ  အမွေမြေဆက်ခံရတဲ့  သမီးတိုင်း ဖခင်ရဲ့ အနွယ်ဝင်ကိုပဲ လက်ထပ်ရမယ်။+ ဒီနည်းနဲ့ ကိုယ့်မျိုးနွယ်ရဲ့  အမွေမြေကို ထိန်းသိမ်းရမယ်။ ၉ အစ္စရေးအနွယ်တိုင်း ကိုယ့်အမွေမြေကို  ထိန်းသိမ်းရမှာဖြစ်တဲ့အတွက် ကိုယ့်အမွေမြေကို တခြားတစ်နွယ်ဆီ မလွှဲပြောင်းရဘူး။’”

၁၀ ဇလောဖဒ်ရဲ့ သမီးတွေလည်း မောရှေကို   ယေဟောဝါ  မိန့်မှာတဲ့အတိုင်း   လုပ်ဆောင် ကြတယ်။+ ၁၁ ဇလောဖဒ်ရဲ့  သမီးတွေဖြစ်တဲ့ မာလာ၊ တိရဇာ၊ ဟောဂလာ၊ မိလခါ၊ နောဧတို့ဟာ+ ဘကြီးဘထွေးရဲ့ သားတွေနဲ့ လက်ထပ်ကြတယ်။ ၁၂ ယောသပ်သား   မနာရှေရဲ့  အမျိုးထဲက ယောက်ျားတွေနဲ့ လက်ထပ်တဲ့အတွက် သူတို့အမွေမြေဟာ  ဖခင်မျိုးနွယ်ထဲမှာပဲ  ဆက်ရှိနေတယ်။

၁၃ ဒါတွေဟာ   ယေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး  မောဘလွင်ပြင်မှာ+ အစ္စရေးတွေကို မောရှေကတစ်ဆင့်  ယေဟောဝါဘုရားပေးတဲ့ ပညတ်ချက်တွေနဲ့  တရားစီရင်ချက်တွေဖြစ်တယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ