ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကမ္ဘာဦး ၁၆
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

ကမ္ဘာဦး မာတိကာ

      • ဟာဂရနဲ့ အိရှမေလ (၁-၁၆)

ကမ္ဘာဦး ၁၆:၁

ကျမ်းညွှန်းများ

  • +က ၁၅:၂၊ ၃
  • +ဂ ၄:၂၅

ကမ္ဘာဦး ၁၆:၂

ကျမ်းညွှန်းများ

  • +က ၃၀:၁၊ ၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လူထုအတွက် စာစောင်)၊

    အမှတ် ၅ ၂၀၁၇၊ စာ. ၁၂-၁၃

    ကင်းမျှော်စင်၊

    ၁/၁၅/၂၀၀၄၊ စာ. ၂၇

ကမ္ဘာဦး ၁၆:၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လူထုအတွက် စာစောင်)၊

    အမှတ် ၅ ၂၀၁၇၊ စာ. ၁၃-၁၄

ကမ္ဘာဦး ၁၆:၆

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လူထုအတွက် စာစောင်)၊

    အမှတ် ၅ ၂၀၁၇၊ စာ. ၁၃-၁၄

ကမ္ဘာဦး ၁၆:၇

ကျမ်းညွှန်းများ

  • +က ၂၅:၁၇၊ ၁၈; ထွ ၁၅:၂၂

ကမ္ဘာဦး ၁၆:၁၀

ကျမ်းညွှန်းများ

  • +က ၁၇:၂၀; ၂၅:၁၃-၁၆; ၁ရ ၁:၂၉-၃၁

ကမ္ဘာဦး ၁၆:၁၁

အောက်ခြေမှတ်ချက်များ

  • *

    အဓိပ္ပာယ်၊ “ဘုရားသခင် ကြားပြီ။”

ကမ္ဘာဦး ၁၆:၁၂

အောက်ခြေမှတ်ချက်များ

  • *

    “ညီအစ်ကိုတွေနဲ့ မတည့်အတူ နေလိမ့်မယ်” လည်းဖြစ်နိုင်။

ကမ္ဘာဦး ၁၆:၁၃

ကျမ်းညွှန်းများ

  • +ပ ၁၅:၃

ကမ္ဘာဦး ၁၆:၁၄

အောက်ခြေမှတ်ချက်များ

  • *

    အဓိပ္ပာယ်၊ “ငါ့ကိုမြင်တဲ့အရှင်ရဲ့ ရေတွင်း။”

ကမ္ဘာဦး ၁၆:၁၅

ကျမ်းညွှန်းများ

  • +က ၂၁:၉; ဂ ၄:၂၂၊ ၂၄

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

က. ၁၆:၁က ၁၅:၂၊ ၃
က. ၁၆:၁ဂ ၄:၂၅
က. ၁၆:၂က ၃၀:၁၊ ၃
က. ၁၆:၇က ၂၅:၁၇၊ ၁၈; ထွ ၁၅:၂၂
က. ၁၆:၁၀က ၁၇:၂၀; ၂၅:၁၃-၁၆; ၁ရ ၁:၂၉-၃၁
က. ၁၆:၁၃ပ ၁၅:၃
က. ၁၆:၁၅က ၂၁:၉; ဂ ၄:၂၂၊ ၂၄
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ကမ္ဘာဦး ၁၆:၁-၁၆

ကမ္ဘာဦး

၁၆ အာဗြံရဲ့ဇနီး စာရဲက ကလေးမရဘူး။+ သူ့မှာ အီဂျစ်လူမျိုး ဟာဂရလို့ခေါ်တဲ့ ကျွန်မတစ်ယောက်တော့ ရှိတယ်။+ ၂ စာရဲက အာဗြံကို “အစ်ကို၊ ကျွန်မပြောတာ နားထောင်ပါဦး။ ယေဟောဝါဘုရားက ကျွန်မကို သားသမီးမပေးဘူး။ ဒါကြောင့် ဟာဂရကို ယူလိုက်ပါလား။ ဒီနည်းနဲ့ ကျွန်မ ကလေးရနိုင်မလားလို့ပါ”+ ဆိုပြီးပြောတယ်။ အာဗြံလည်း စာရဲပြောတာကို နားထောင်တယ်။ ၃ ခါနန်ပြည်မှာ ဆယ်နှစ်ကြာ နေထိုင်ပြီးတဲ့နောက် စာရဲက သူ့ယောက်ျား အာဗြံလက်ထဲ အီဂျစ်ကျွန်မ ဟာဂရကို အပ်လိုက်တယ်။ ၄ အာဗြံနဲ့ ဟာဂရ အတူနေတဲ့အတွက် ဟာဂရမှာ ကိုယ်ဝန်ရှိလာတယ်။ ကိုယ်ဝန်ရှိမှန်းလည်း သိရော သခင်မကို မလေးမစား လုပ်တော့တယ်။

၅ အဲဒီအခါ စာရဲက အာဗြံကို “အစ်ကို့ကြောင့် ကျွန်မ ခုလို စိတ်ထိခိုက်နေရတာ။ ဒီကျွန်မိန်းမကို အစ်ကို့ရင်ခွင်ထဲ အပ်လိုက်တာ ကျွန်မပါ။ အခု သူ့မှာ ကိုယ်ဝန်ရှိမှန်းလည်း သိရော ကျွန်မကို မလေးမစားလုပ်တော့တာပဲ။ အစ်ကိုနဲ့ကျွန်မကို ယေဟောဝါဘုရားပဲ တရားစီရင်ပေးပါစေ” လို့ပြောတယ်။ ၆ အာဗြံကလည်း “ဟာဂရက မင်းလက်ထဲမှာ ရှိတာပဲ။ ကောင်းမယ်ထင်သလိုသာ လုပ်ပါ” လို့ပြောတယ်။ ဒါနဲ့ စာရဲ ညှဉ်းဆဲတဲ့အတွက် ဟာဂရလည်း ထွက်ပြေးသွားတယ်။

၇ အဲဒီနောက် ယေဟောဝါရဲ့ ကောင်းကင်တမန်က ရှုရအရပ်ကိုသွားတဲ့+ တောလမ်းမှာရှိတဲ့ ရေတွင်းနားမှာ ဟာဂရကို တွေ့တယ်။ ၈ “စာရဲရဲ့ကျွန်မ ဟာဂရ၊ ဘယ်က လာတာလဲ။ ဘယ်ကို သွားမှာလဲ” လို့မေးတော့ “သခင်မ စာရဲဆီက ထွက်ပြေးလာတာပါ” လို့ပြန်ဖြေတယ်။ ၉ ယေဟောဝါရဲ့ ကောင်းကင်တမန်က “မင်းရဲ့သခင်မဆီ ပြန်သွားပါ။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး သူ့လက်အောက်မှာပဲ နေပါ” လို့ပြောတယ်။ ၁၀ ပြီးတော့ ယေဟောဝါရဲ့ ကောင်းကင်တမန်က “မင်းရဲ့မျိုးနွယ်ကို မရေတွက်နိုင်လောက်အောင် ငါများပြားစေမယ်” လို့ပြောတယ်။+ ၁၁ ယေဟောဝါရဲ့ ကောင်းကင်တမန်က “အခု၊ မင်းမှာ ကိုယ်ဝန်ရှိနေပြီ။ သားလေး မွေးမယ်။ မင်းဒုက္ခရောက်လို့ ညည်းတွားတဲ့ အသံကို ယေဟောဝါကြားပြီ။ ဒါကြောင့် သားလေးကို အိရှမေလ* လို့ နာမည် ပေးရမယ်။ ၁၂ အိရှမေလဟာ မြည်းရိုင်းလို လူစားမျိုး ဖြစ်လာမယ်။ လူတိုင်းနဲ့ ရန်ဘက်ဖြစ်လိမ့်မယ်။ လူတိုင်းကလည်း သူ့ကို ရန်လုပ်လိမ့်မယ်။ သူက ညီအစ်ကိုတွေရဲ့ အနီးအနားမှာ နေထိုင်လိမ့်မယ်”* လို့ဆက်ပြောတယ်။

၁၃ ဟာဂရလည်း သူနဲ့စကားပြောတဲ့ ယေဟောဝါရဲ့နာမည်ကို ခေါ်ပြီး “အို ဘုရားသခင်၊ ကိုယ်တော်ဟာ အရာအားလုံးကို မြင်တဲ့ဘုရားပါ”+ လို့ဆုတောင်းတယ်။ ပြီးတော့ “ငါ့ကိုမြင်တဲ့အရှင်ကို ဒီနေရာမှာ ငါမြင်ဖူးပြီ” လို့လည်း ပြောတယ်။ ၁၄ ဒါကြောင့် အဲဒီရေတွင်းကို ဗေရလဟဲရော* လို့ခေါ်တယ်။ (အဲဒီရေတွင်းက ကာဒေရှနဲ့ ဗေရက်အရပ်ကြားမှာ ရှိတယ်။) ၁၅ ဟာဂရ သားလေးမွေးလာတဲ့အခါ အာဗြံက သားကို အိရှမေလလို့ နာမည်ပေးတယ်။+ ၁၆ သားအိရှမေလကို ဟာဂရမွေးတဲ့အချိန်မှာ အာဗြံ အသက် ၈၆ နှစ်ရှိပြီ။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ