ချီတက်သီချင်း။ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။
၁၃၁ အို ယေဟောဝါ၊ ကျွန်တော် စိတ်နေမမြင့်ပါဘူး။
ဘဝင်မမြင့်ပါဘူး။+
ကြီးမြတ်လွန်းတဲ့အရာတွေ၊
လက်လှမ်းမမီနိုင်တဲ့အရာတွေကိုလည်း မမှန်းပါဘူး။+
၂ အမေ့ရင်ခွင်ထဲက နို့ပြတ်သွားတဲ့ ကလေးလို
စိတ်အေးလက်အေးနဲ့ ငြိမ်သက်နေပါတယ်။+
နို့ပြတ်သွားတဲ့ ကလေးလို ကျေနပ်နေပါတယ်။
၃ အစ္စရေးတွေ ယေဟောဝါကို
အခုကစပြီး ထာဝစဉ် စောင့်မျှော်ကြပါစေ။+