ဆာလံ
ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။
၁၃၈ ကိုယ်တော့်ကို လှိုက်လှိုက်လှဲလှဲ ချီးမွမ်းမယ်။+
တခြားဘုရားတွေ ရှေ့မှာတင် ကိုယ်တော့်ကို ချီးမွမ်းသီချင်းဆိုမယ်။*
၂ သန့်ရှင်းတဲ့ ဗိမာန်တော်ဘက် လှည့်ပြီး ဦးချမယ်။+
၃ ကျွန်တော်ခေါ်တဲ့အခါ ကိုယ်တော် ဖြေကြားတယ်။+
ကျွန်တော့်ကို ရဲစွမ်းသတ္တိနဲ့ ခွန်အား ရှိစေတယ်။+
၄ အို ယေဟောဝါ၊ ကိုယ်တော်ပေးခဲ့တဲ့ ကတိတွေကို ကြားတဲ့အတွက်
ကမ္ဘာပေါ်က ဘုရင်အားလုံး ကိုယ်တော့်ကို ချီးမွမ်းကြလိမ့်မယ်။+
၆ ယေဟောဝါက မြင့်မြတ်ပေမဲ့ နှိမ့်ချသူကို ဂရုတစိုက် ကြည့်ရှုတယ်။+
မောက်မာသူနဲ့တော့ ခပ်ခွာခွာနေတယ်။+
၇ အန္တရာယ်တွေကြားမှာ သွားလာရပေမဲ့ ကျွန်တော့်ကို ကိုယ်တော် အသက်ဆက်ရှင်စေမယ်။+
လက်တော်ကိုဆန့်ပြီး ရန်သူတွေရဲ့ ဒေါသကို ဆီးတားမယ်။
ကျွန်တော့်ကို ညာလက်တော်နဲ့ ကယ်တင်မယ်။
၈ ယေဟောဝါက ကျွန်တော့်အတွက် အရာရာကို ပြီးမြောက်စေမယ်။
အို ယေဟောဝါ၊ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲပါတယ်။+
ကိုယ်တိုင်ဖန်ဆင်းခဲ့သူတွေကို မစွန့်ပစ်လိုက်ပါနဲ့။+