၁ ရာဇဝင်ချုပ်
၂၅ ဒါ့အပြင် ဒါဝိဒ်နဲ့ အုပ်စုခေါင်းဆောင်တွေက ယေဒုသုန်၊+ ဟေမန်နဲ့ အာသပ်ရဲ့သားတချို့ကို စောင်းတွေ၊ ကြိုးတပ်တူရိယာတွေ၊+ လင်းကွင်းတွေ+ တီးပြီး ဘုရားကို ချီးမွမ်းဖို့၊ ပရောဖက်ပြုဖို့ သီးသန့်ခွဲထားတယ်။ အဲဒီလိုအမှုဆောင်ဖို့ တာဝန်ရထားသူတွေရဲ့ စာရင်းကတော့– ၂ အာသပ်ရဲ့သားတွေထဲမှာ ဇက္ကုရ၊ ယောသပ်၊ နာသနိ၊ အာရှရေလ။ သူတို့က အာသပ် ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်ရတယ်။ အာသပ်က ဘုရင် ညွှန်ကြားတဲ့အတိုင်း ပရောဖက်ပြုရတယ်။ ၃ ယေဒုသုန်ရဲ့+ သားတွေထဲမှာ ဂေဒလိ၊ ဇေရိ၊ ယေရှာယ၊ ရှိမိ၊ ဟာရှဘိ၊ မာတသိ။+ အဲဒီသားခြောက်ယောက်က ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းသူ၊ စောင်းတီးပြီး ပရောဖက်ပြုသူ ဖခင်ယေဒုသုန် ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်ရတယ်။+ ၄ ဟေမန်ရဲ့သားတွေထဲမှာ+ ဗုကိယ၊ မသနိ၊ သြဇေလ၊ ရှေဗွေလ၊ ယေရိမုတ်၊ ဟာနနိ၊ ဟာနေနိ၊ ဧလျာသာ၊ ဂိဒါလတိ၊ ရောမန်တေဇာ၊ ယောရှဗေကရှ၊ မေလောသိ၊ ဟောသိရ၊ မဟာဇုတ်။ ၅ သူတို့အားလုံးဟာ ဟေမန်ရဲ့သားတွေပဲ။ ဟေမန်ဟာ ဘုရားကို ဂုဏ်တင်တဲ့ သတင်းစကားပါတဲ့ စိတ်အာရုံကို ဘုရင်ဆီ အသိပေးသူဖြစ်တယ်။ ဘုရားသခင်က ဟေမန်ကို သား ၁၄ ယောက်၊ သမီး ၃ ယောက် ပေးတယ်။ ၆ သူတို့အားလုံးက ဖခင်ညွှန်ကြားတဲ့အတိုင်း ဘုရားသခင့်အိမ်တော်လုပ်ငန်းအတွက် လင်းကွင်း၊ ကြိုးတပ်တူရိယာ၊ စောင်းတွေ တီးပြီး+ ယေဟောဝါရဲ့ အိမ်တော်မှာ သီချင်းသီဆိုကြတယ်။
အာသပ်၊ ယေဒုသုန်နဲ့ ဟေမန်တို့လည်း ဘုရင်ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်ကြတယ်။
၇ သူတို့ရော သူတို့ညီအစ်ကိုတွေပါ ယေဟောဝါကို ချီးမွမ်းသီဆိုဖို့ လေ့ကျင့်ထားသူတွေ၊ တီးမှုတ်သီဆိုရာမှာ ကျွမ်းကျင်သူတွေဖြစ်တယ်။ စုစုပေါင်း ၂၈၈ ယောက်ရှိတယ်။ ၈ ကြီးသူငယ်သူ၊ ကျွမ်းကျင်သူ၊ မကျွမ်းကျင်သူ မခွဲခြားဘဲ မဲနှိုက်ပြီး+ တာဝန်ခွဲဝေယူရတယ်။
၉ ဦးဆုံးမဲကျသူကတော့ အာသပ်ရဲ့သား ယောသပ်၊+ ဒုတိယက ဂေဒလိနဲ့+ ညီအစ်ကိုတွေ၊ သားတွေအပါအဝင် ၁၂ ယောက်၊ ၁၀ တတိယက ဇက္ကုရနဲ့+ ညီအစ်ကိုတွေ၊ သားတွေအပါအဝင် ၁၂ ယောက်၊ ၁၁ စတုတ္ထက အိဇရိနဲ့ ညီအစ်ကိုတွေ၊ သားတွေအပါအဝင် ၁၂ ယောက်၊ ၁၂ ပဉ္စမက နာသနိနဲ့+ ညီအစ်ကိုတွေ၊ သားတွေအပါအဝင် ၁၂ ယောက်၊ ၁၃ ဆဋ္ဌမက ဗုကိယနဲ့ ညီအစ်ကိုတွေ၊ သားတွေအပါအဝင် ၁၂ ယောက်၊ ၁၄ သတ္တမက ယေရှရေလနဲ့ ညီအစ်ကိုတွေ၊ သားတွေအပါအဝင် ၁၂ ယောက်၊ ၁၅ အဋ္ဌမက ယေရှာယနဲ့ ညီအစ်ကိုတွေ၊ သားတွေအပါအဝင် ၁၂ ယောက်၊ ၁၆ နဝမက မသနိနဲ့ ညီအစ်ကိုတွေ၊ သားတွေအပါ အဝင် ၁၂ ယောက်၊ ၁၇ ဒသမက ရှိမိနဲ့ ညီအစ်ကိုတွေ၊ သားတွေအပါအဝင် ၁၂ ယောက်၊ ၁၈ ဆယ့်တစ်ယောက်မြောက်က အာဇာရေလနဲ့ ညီအစ်ကိုတွေ၊ သားတွေအပါအဝင် ၁၂ ယောက်၊ ၁၉ ဆယ့်နှစ်ယောက်မြောက်က ဟာရှဘိနဲ့ ညီအစ်ကိုတွေ၊ သားတွေအပါအဝင် ၁၂ ယောက်၊ ၂၀ ဆယ့်သုံးယောက်မြောက်က ရှုဗွေလနဲ့+ ညီအစ်ကိုတွေ၊ သားတွေအပါအဝင် ၁၂ ယောက်၊ ၂၁ ဆယ့်လေးယောက်မြောက်က မာတသိနဲ့ ညီအစ်ကိုတွေ၊ သားတွေအပါအဝင် ၁၂ ယောက်၊ ၂၂ ဆယ့်ငါးယောက်မြောက်က ယေရမုတ်နဲ့ ညီအစ်ကိုတွေ၊ သားတွေအပါအဝင် ၁၂ ယောက်၊ ၂၃ ဆယ့်ခြောက်ယောက်မြောက်က ဟာနနိနဲ့ ညီအစ်ကိုတွေ၊ သားတွေအပါအဝင် ၁၂ ယောက်၊ ၂၄ ဆယ့်ခုနစ်ယောက်မြောက်က ယောရှဗေကရှနဲ့ ညီအစ်ကိုတွေ၊ သားတွေ အပါအဝင် ၁၂ ယောက်၊ ၂၅ ဆယ့်ရှစ်ယောက်မြောက်က ဟာနေနိနဲ့ ညီအစ်ကိုတွေ၊ သားတွေအပါအဝင် ၁၂ ယောက်၊ ၂၆ ဆယ့်ကိုးယောက်မြောက်က မေလောသိနဲ့ ညီအစ်ကိုတွေ၊ သားတွေအပါအဝင် ၁၂ ယောက်၊ ၂၇ အယောက်နှစ်ဆယ်မြောက်က ဧလျာသာနဲ့ ညီအစ်ကိုတွေ၊ သားတွေအပါအဝင် ၁၂ ယောက်၊ ၂၈ နှစ်ဆယ့်တစ်ယောက်မြောက်က ဟောသိရနဲ့ ညီအစ်ကိုတွေ၊ သားတွေအပါအဝင် ၁၂ ယောက်၊ ၂၉ နှစ်ဆယ့်နှစ်ယောက်မြောက်က ဂိဒါလတိနဲ့+ ညီအစ်ကိုတွေ၊ သားတွေအပါအဝင် ၁၂ ယောက်၊ ၃၀ နှစ်ဆယ့်သုံးယောက်မြောက်က မဟာဇုတ်နဲ့+ ညီအစ်ကိုတွေ၊ သားတွေအပါအဝင် ၁၂ ယောက်၊ ၃၁ နှစ်ဆယ့်လေးယောက်မြောက်က ရောမန်တေဇာနဲ့+ ညီအစ်ကိုတွေ၊ သားတွေအပါအဝင် ၁၂ ယောက်ဖြစ်တယ်။