ယောရှု
၁၀ ယောရှုက အာအိမြို့ကို သိမ်းပိုက်ပြီး ဖျက်ဆီးလိုက်ပြီဆိုတဲ့သတင်း၊ ယေရိခေါမြို့နဲ့ ယေရိခေါမင်းကြီးလိုပဲ+ အာအိမြို့နဲ့ အာအိဘုရင်ကိုလည်း ချေမှုန်းလိုက်ပြီဆိုတဲ့သတင်း၊+ ဂိဗောင်မြို့သားတွေက အစ္စရေးတွေနဲ့ မဟာမိတ်ဖွဲ့ပြီး+ အတူနေထိုင်ကြပြီဆိုတဲ့သတင်းကို ဂျေရုဆလင်ဘုရင် အဒေါနိဇေဒက် ကြားတဲ့အခါ၊ ၂ အရမ်းထိတ်လန့်သွားတယ်။+ ဘာလို့လဲဆိုတော့ ဂိဗောင်မြို့ဟာ အာအိမြို့ထက် ကြီးပြီး+ နန်းစိုက်မြို့လို ခမ်းနားကြီးကျယ်တဲ့အပြင် မြို့သားတွေကလည်း စစ်သူရဲတွေဖြစ်နေလို့ပဲ။ ၃ ဒါနဲ့ ဂျေရုဆလင်ဘုရင် အဒေါနိဇေဒက်က ဟေဗြုန်ဘုရင်+ ဟောဟံ၊ ယာမုတ်ဘုရင် ပိရံ၊ လာခိရှဘုရင် ယာဖျာ၊ ဧဂလုန်ဘုရင် ဒေဗိရတို့ဆီ လူလွှတ်ပြီး၊+ ၄ “ငါ့ကို စစ်ကူပေးကြ။ ဂိဗောင်မြို့သားတွေကို တိုက်ရအောင်။ သူတို့က ယောရှုနဲ့ အစ္စရေးတွေကို မဟာမိတ်ဖွဲ့လိုက်ပြီ”+ လို့သတင်းပို့တယ်။ ၅ အဲဒီအခါ အာမောရိဘုရင် ငါးပါးဖြစ်တဲ့+ ဂျေရုဆလင်ဘုရင်၊ ဟေဗြုန်ဘုရင်၊ ယာမုတ်ဘုရင်၊ လာခိရှဘုရင်၊ ဧဂလုန်ဘုရင်က ပူးပေါင်းပြီး စစ်သည်အလုံးအရင်းနဲ့ ချီတက်သွားကြတယ်။ အဲဒီနောက် ဂိဗောင်မြို့ကို တိုက်ဖို့ တပ်ချကြတယ်။
၆ ဂိဗောင်မြို့သားတွေက ဂိလဂါလအရပ်မှာ စခန်းချနေတဲ့ယောရှုဆီ+ လူလွှတ်ပြီး “ကျွန်တော်တို့ကို အမြန်လာကယ်ပါဦး။ ပစ်မထားပါနဲ့။+ တောင်တန်းဒေသက အာမောရိဘုရင်တွေ ပူးပေါင်းပြီး လာတိုက်နေလို့ ကူညီပါဦး” ဆိုပြီး အကူအညီတောင်းတယ်။ ၇ ယောရှုလည်း စစ်သူရဲတွေ၊ ခွန်အားကြီးစစ်သည်တွေနဲ့အတူ ဂိလဂါလအရပ်ကနေ ချီတက်သွားတယ်။+
၈ ယေဟောဝါက “သူတို့ကို မင်းလက်ထဲ ငါအပ်လိုက်ပြီဖြစ်လို့+ မကြောက်နဲ့။+ မင်းကို ဘယ်သူမှ ခုခံနိုင်မှာ မဟုတ်ဘူး”+ လို့ ယောရှုကို ပြောတယ်။ ၉ ယောရှုလည်း ဂိလဂါလအရပ်ကနေ တစ်ညလုံး ချီတက်ပြီးနောက် သူတို့ကို ရုတ်တရက် ဝင်စီးတယ်။ ၁၀ ယေဟောဝါက ရန်သူတွေကို အစ္စရေးတွေရှေ့မှာ ဖရိုဖရဲဖြစ်စေတယ်။+ ဒါကြောင့် အစ္စရေးတွေက ဂိဗောင်မြို့မှာ ရန်သူအမြောက်အမြားကို ကွပ်မျက်ကြတယ်။ ဗေသောရုန်အတက်လမ်းအတိုင်း လိုက်ပြီး အဇေကာမြို့နဲ့ မက်ကဒါမြို့အထိ လိုက်သတ်ကြတယ်။ ၁၁ ရန်သူတွေ ထွက်ပြေးတဲ့အခါ ဗေသောရုန်အဆင်းလမ်းမှာ ယေဟောဝါက အဇေကာမြို့အထိ မိုးသီးကြီးတွေ ကျစေတဲ့အတွက် သူတို့သေကုန်တယ်။ အစ္စရေးတွေရဲ့ ဓားချက်ကြောင့် သေတာထက် မိုးသီးကြောင့် သေတာ ပိုများတယ်။
၁၂ အာမောရိလူတွေကို အစ္စရေးတွေရှေ့ ယေဟောဝါ အကြီးအကျယ် ရှုံးနိမ့်စေတဲ့နေ့မှာ ယောရှုက ယေဟောဝါကို–
“နေမင်းကြီး၊ ဂိဗောင်မြို့ပေါ်မှာ ရပ်နေပါ။+
လမင်းကြီး၊ အာယလုန်ချိုင့်ဝှမ်းပေါ်မှာ ရပ်နေပါ” ဆိုပြီး ပြောတယ်။
၁၃ ဒါကြောင့် ရန်သူတွေကို အစ္စရေးတွေ နှိမ်နင်းလို့မပြီးမချင်း နေရော၊ လရော ရပ်တန့်နေတယ်။ ဒီအကြောင်းကို ယာရှာစာစောင်မှာ ရေးထားတယ်။+ အဲဒီနေ့မှာ နေမဝင်ဘူး။ နေဟာ တစ်နေ့လုံး ကောင်းကင်မှာ ရပ်တန့်နေတယ်။ ၁၄ လူတစ်ယောက်ရဲ့စကားကို ယေဟောဝါ နားထောင်ခဲ့တဲ့ အဲဒီလိုနေ့မျိုး အရင်ကရော နောက်ပိုင်းမှာပါ မရှိဖူးဘူး။+ အစ္စရေးတွေအတွက် ယေဟောဝါ တိုက်ခိုက်ပေးခဲ့တယ်။+
၁၅ အဲဒီနောက် ယောရှုနဲ့ အစ္စရေးအားလုံးက စခန်းချထားတဲ့ ဂိလဂါလအရပ်ဆီ ပြန်လာကြတယ်။+
၁၆ အဲဒီအချိန်မှာ ဘုရင်ငါးပါးက ထွက်ပြေးပြီး မက်ကဒါလိုဏ်ဂူထဲမှာ ပုန်းနေကြတယ်။+ ၁၇ “မက်ကဒါလိုဏ်ဂူထဲမှာ ဘုရင်ငါးပါး ပုန်းနေတယ်” ဆိုတဲ့သတင်းကို ယောရှုကြားတော့၊+ ၁၈ “ဂူဝကို ကျောက်တုံးကြီးတွေနဲ့ ပိတ်ပြီး အစောင့်တွေ ချထားလိုက်။ ၁၉ ကျန်တဲ့သူတွေကတော့ ရပ်စောင့်မနေနဲ့။ ရန်သူတွေနောက်လိုက်ပြီး အနောက်ဘက်ကနေ တိုက်ကြ။+ သူတို့ကို မြို့တွေထဲ မဝင်စေနဲ့။ ယေဟောဝါဘုရားက သူတို့ကို ခင်ဗျားတို့လက်ထဲ အပ်ပြီ” လို့အမိန့်ပေးတယ်။
၂၀ ယောရှုနဲ့ အစ္စရေးတွေက ရန်သူအမြောက်အမြားကို ချေမှုန်းတယ်။ ခံတပ်မြို့တွေထဲ ဝင်ပြေးလို့ လွတ်မြောက်သွားတဲ့ ရန်သူဆိုလို့ နည်းနည်းလေးပဲ ရှိတယ်။ ၂၁ စစ်သည်အားလုံးက မက်ကဒါမြို့မှာ တပ်ချထားတဲ့ ယောရှုဆီ ဘေးမသီရန်မခ ပြန်ရောက်လာကြတယ်။ အစ္စရေးတွေကို ဘယ်သူမှ ရန်မစရဲကြဘူး။ ၂၂ အဲဒီနောက် ယောရှုက “လိုဏ်ဂူဝကိုဖွင့်ပြီး ဘုရင်ငါးပါးကို ခေါ်ထုတ်လာခဲ့” လို့အမိန့်ပေးတော့၊ ၂၃ ဘုရင်ငါးပါးဖြစ်တဲ့ ဂျေရုဆလင်ဘုရင်၊ ဟေဗြုန်ဘုရင်၊ ယာမုတ်ဘုရင်၊ လာခိရှဘုရင်၊ ဧဂလုန်ဘုရင်ကို+ လိုဏ်ဂူထဲကနေ ယောရှုဆီ ခေါ်ထုတ်လာကြတယ်။ ၂၄ အဲဒီအခါ ယောရှုက အစ္စရေးတစ်မျိုးလုံးကို ခေါ်လိုက်တယ်။ အတူတိုက်ခိုက်ခဲ့တဲ့ တပ်မှူးတွေကို “လာကြ၊ ဒီဘုရင်တွေရဲ့ လည်ကုပ်ကို နင်းကြ” လို့ပြောတော့ သူတို့လည်း ဘုရင်တွေရဲ့ လည်ကုပ်ကို နင်းကြတယ်။+ ၂၅ ယောရှုက “မကြောက်ကြနဲ့။+ ရဲစွမ်းသတ္တိရှိကြ။ ခင်ဗျားတို့ တိုက်ခိုက်နေတဲ့ ရန်သူအားလုံးကို ယေဟောဝါဘုရား ဒီလိုပဲလုပ်မယ်”+ လို့ပြောတယ်။
၂၆ အဲဒီနောက် ယောရှုက ဘုရင်ငါးပါးကို ကွပ်မျက်ပြီး သစ်တိုင်ငါးတိုင်မှာ ညနေပိုင်းအထိ ချိတ်ဆွဲထားတယ်။ ၂၇ နေဝင်ချိန်ရောက်တော့ သူတို့ကို သစ်တိုင်ပေါ်ကနေ ချပြီး+ သူတို့ပုန်းခဲ့တဲ့ လိုဏ်ဂူထဲ ပစ်ထားဖို့ အမိန့်ပေးတယ်။ ပြီးတော့ လိုဏ်ဂူဝမှာ ကျောက်တုံးကြီးတွေ ပုံထားကြတယ်။ အဲဒီကျောက်တုံးကြီးတွေ ဒီနေ့အထိ ရှိနေတုန်းပဲ။
၂၈ အဲဒီနေ့မှာပဲ ယောရှုက မက်ကဒါမြို့ကို+ သိမ်းပိုက်ပြီး ဘုရင်နဲ့ မြို့ထဲမှာရှိတဲ့ လူအားလုံးကို တစ်ယောက်မကျန် ကွပ်မျက်လိုက်တယ်။+ ယေရိခေါဘုရင်လိုပဲ မက်ကဒါဘုရင်ကိုလည်း အဆုံးစီရင်လိုက်တယ်။+
၂၉ အဲဒီနောက် ယောရှုနဲ့ အစ္စရေးစစ်သည်တွေက မက်ကဒါမြို့ကနေ လိဗနမြို့ကို ဆက်ချီတက်ပြီး လိဗနမြို့ကို တိုက်ခိုက်ကြတယ်။+ ၃၀ ယေဟောဝါက လိဗနမြို့နဲ့ လိဗနဘုရင်ကို+ အစ္စရေးတွေလက်ထဲ အပ်တဲ့အတွက် မြို့ကို တိုက်ခိုက်ပြီး လူအားလုံးကို ကွပ်မျက်တယ်။ ယေရိခေါဘုရင်လိုပဲ+ လိဗနဘုရင်ကိုလည်း အဆုံးစီရင်လိုက်တယ်။
၃၁ ပြီးတော့ ယောရှုနဲ့ အစ္စရေးစစ်သည်တွေက လိဗနမြို့ကနေ လာခိရှမြို့ကို+ ဆက်ချီတက်တယ်။ အဲဒီမှာ တပ်ချပြီး မြို့ကို တိုက်တယ်။ ၃၂ ယေဟောဝါက လာခိရှမြို့ကို အစ္စရေးတွေလက်ထဲ အပ်တဲ့အတွက် ဒုတိယနေ့မှာ မြို့ကို သိမ်းပိုက်တယ်။ လိဗနမြို့ကို တိုက်ခဲ့သလိုပဲ လာခိရှမြို့ကို တိုက်ခိုက်ပြီး လူအားလုံးကို ကွပ်မျက်လိုက်တယ်။+
၃၃ အဲဒီအချိန်မှာ ဂေဇာဘုရင်ဟောရံက+ လာခိရှမြို့ကို စစ်ကူဖို့ ချီတက်လာတယ်။ ဒါပေမဲ့ ယောရှုက ဂေဇာဘုရင်နဲ့ သူ့လူတွေကို တစ်ယောက်မကျန် ချေမှုန်းတယ်။
၃၄ ပြီးတော့ ယောရှုနဲ့ အစ္စရေးစစ်သည်တွေက လာခိရှမြို့ကနေ ဧဂလုန်မြို့ကို+ ဆက်ချီတက်တယ်။ အဲဒီမှာ တပ်ချပြီး မြို့ကို တိုက်တယ်။ ၃၅ အဲဒီနေ့မှာပဲ မြို့ကို သိမ်းပိုက်လိုက်တယ်၊ လာခိရှမြို့မှာလိုပဲ ဧဂလုန်မြို့မှာရှိတဲ့ လူအားလုံးကိုလည်း သုတ်သင်ဖျက်ဆီးတယ်။+
၃၆ အဲဒီနောက် ယောရှုနဲ့ အစ္စရေးစစ်သည်တွေက ဧဂလုန်မြို့ကနေ ဟေဗြုန်မြို့ကို+ ဆက်ချီတက်ပြီး တိုက်ခိုက်တယ်။ ၃၇ မြို့ကိုသိမ်းပိုက်ပြီး ဟေဗြုန်ဘုရင်၊ ပတ်ဝန်းကျင်မြို့ငယ်တွေ၊ မြို့ထဲမှာရှိတဲ့ လူအားလုံးကို ချေမှုန်းလိုက်တယ်။ ဧဂလုန်မြို့မှာလိုပဲ ဟေဗြုန်မြို့မှာရှိတဲ့ လူအားလုံးကိုလည်း သုတ်သင်ဖျက်ဆီးတယ်။
၃၈ နောက်ဆုံး၊ ယောရှုနဲ့ အစ္စရေးစစ်သည်တွေက ဒေဗိရမြို့ကို+ ပြန်လှည့်လာပြီး တိုက်ခိုက်တယ်။ ၃၉ ဒေဗိရဘုရင်ကို ဖမ်း၊ မြို့နဲ့ ပတ်ဝန်းကျင်မြို့ငယ်တွေကို သိမ်းပိုက်ပြီး မြို့ထဲမှာရှိတဲ့ လူအားလုံးကို သုတ်သင်ဖျက်ဆီးတယ်။+ တစ်ယောက်ကိုမှ မချန်ထားဘူး။+ ဟေဗြုန်မြို့၊ လိဗနမြို့နဲ့ လိဗနဘုရင်ကို ချေမှုန်းခဲ့သလိုပဲ ဒေဗိရမြို့နဲ့ ဒေဗိရဘုရင်ကိုလည်း ချေမှုန်းတယ်။
၄၀ ဒီလိုနဲ့ ယောရှုက တောင်တန်းဒေသ၊ နေဂပ်အရပ်၊ ရှဖိလာအရပ်နဲ့+ တောင်စောင်းတစ်လျှောက်လုံးကို အနိုင်ရခဲ့တယ်။ ဘုရင်အားလုံးကိုလည်း ချေမှုန်းတယ်။ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ မိန့်မှာတဲ့အတိုင်း+ သက်ရှိမှန်သမျှကို သုတ်သင်ဖျက်ဆီးတယ်။+ ၄၁ ကာဒေရှဗာနာအရပ်ကနေ+ ဂါဇာမြို့အထိ၊+ ဂေါရှင်နယ်မြေတစ်ခုလုံး၊+ ဂိဗောင်မြို့အထိ+ အနိုင်ရခဲ့တယ်။ ၄၂ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါက အစ္စရေးတွေဘက်ကနေ တိုက်ခိုက်ပေးတဲ့အတွက်+ ယောရှုဟာ အဲဒီဘုရင်အားလုံးနဲ့ သူတို့ရဲ့နယ်မြေတွေကို တစ်ချီတည်းနဲ့ တောက်လျှောက် သိမ်းပိုက်နိုင် ခဲ့တယ်။ ၄၃ အဲဒီနောက် ယောရှုနဲ့ အစ္စရေးစစ်သည်တွေက စခန်းချထားတဲ့ ဂိလဂါလအရပ်ဆီ ပြန်လာကြတယ်။+