ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ရှမွေလ ၂၀
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

၂ ရှမွေလ မာတိကာ

      • ရှေဘ ပုန်ကန်၊ အာမသကို ယွာဘကွပ်မျက် (၁-၁၃)

      • ရှေဘကို လိုက်ဖမ်း၊ ခေါင်းဖြတ် (၁၄-၂၂)

      • ဒါဝိဒ်ရဲ့အုပ်ချုပ်မှု (၂၃-၂၆)

၂ ရှမွေလ ၂၀:၁

အောက်ခြေမှတ်ချက်များ

  • *

    “တဲတွေဆီ” လည်းဖြစ်နိုင်။

ကျမ်းညွှန်းများ

  • +၂ရှ ၂၀:၂၁
  • +သူ ၃:၂၆၊ ၂၇; ၂ရှ ၁၅:၁၀
  • +၂ရှ ၁၉:၄၃
  • +၁ဘု ၁၂:၁၆

၂ ရှမွေလ ၂၀:၂

ကျမ်းညွှန်းများ

  • +ပ ၂၄:၂၁
  • +၂ရှ ၁၉:၁၅၊ ၄၁၊ ၄၂

၂ ရှမွေလ ၂၀:၃

ကျမ်းညွှန်းများ

  • +၂ရှ ၅:၁၁
  • +၂ရှ ၁၅:၁၆
  • +၂ရှ ၁၆:၂၁၊ ၂၂

၂ ရှမွေလ ၂၀:၄

ကျမ်းညွှန်းများ

  • +၂ရှ ၁၇:၂၅; ၁၉:၁၃; ၁ရ ၂:၁၇

၂ ရှမွေလ ၂၀:၆

ကျမ်းညွှန်းများ

  • +၁ရှ ၂၆:၆; ၂ရှ ၁၀:၁၀; ၂၃:၁၈; ၁ရ ၁၈:၁၂
  • +၂ရှ ၂၀:၁
  • +၂ရှ ၁၅:၁၂

၂ ရှမွေလ ၂၀:၇

ကျမ်းညွှန်းများ

  • +၂ရှ ၈:၁၆
  • +၂ရှ ၈:၁၈; ၁၅:၁၈; ၁ဘု ၁:၃၈

၂ ရှမွေလ ၂၀:၈

ကျမ်းညွှန်းများ

  • +ယရ ၁၈:၂၁၊ ၂၅; ၂၁:၈၊ ၁၇
  • +၂ရှ ၁၇:၂၅; ၁၉:၁၃

၂ ရှမွေလ ၂၀:၁၀

ကျမ်းညွှန်းများ

  • +၂ရှ ၃:၂၇; ၁ဘု ၂:၅

၂ ရှမွေလ ၂၀:၁၃

ကျမ်းညွှန်းများ

  • +၂ရှ ၂၀:၁

၂ ရှမွေလ ၂၀:၁၄

ကျမ်းညွှန်းများ

  • +၁ဘု ၁၅:၂၀; ၂ဘု ၁၅:၂၉

၂ ရှမွေလ ၂၀:၁၉

ကျမ်းညွှန်းများ

  • +ထွ ၁၉:၅; တရ ၃၂:၉

၂ ရှမွေလ ၂၀:၂၁

ကျမ်းညွှန်းများ

  • +ယရ ၁၇:၁၄၊ ၁၅; သူ ၂:၈၊ ၉
  • +၂ရှ ၂၀:၁

၂ ရှမွေလ ၂၀:၂၂

ကျမ်းညွှန်းများ

  • +ဒေ ၉:၁၄၊ ၁၅၊ ၁၈

၂ ရှမွေလ ၂၀:၂၃

ကျမ်းညွှန်းများ

  • +၂ရှ ၈:၁၆; ၁၉:၁၃
  • +၁ရ ၁၂:၂၇
  • +၂ရှ ၂၃:၂၀; ၁ရ ၂၇:၅
  • +၂ရှ ၈:၁၈; ၁၅:၁၈; ၁ဘု ၁:၃၈၊ ၄၄

၂ ရှမွေလ ၂၀:၂၄

ကျမ်းညွှန်းများ

  • +၁ဘု ၄:၆; ၁၂:၁၈
  • +၁ဘု ၄:၃

၂ ရှမွေလ ၂၀:၂၅

ကျမ်းညွှန်းများ

  • +၂ရှ ၁၅:၂၇
  • +၂ရှ ၁၇:၁၅; ၁၉:၁၁; ၁ဘု ၄:၄

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

၂ ရှ. ၂၀:၁၂ရှ ၂၀:၂၁
၂ ရှ. ၂၀:၁သူ ၃:၂၆၊ ၂၇; ၂ရှ ၁၅:၁၀
၂ ရှ. ၂၀:၁၂ရှ ၁၉:၄၃
၂ ရှ. ၂၀:၁၁ဘု ၁၂:၁၆
၂ ရှ. ၂၀:၂ပ ၂၄:၂၁
၂ ရှ. ၂၀:၂၂ရှ ၁၉:၁၅၊ ၄၁၊ ၄၂
၂ ရှ. ၂၀:၃၂ရှ ၅:၁၁
၂ ရှ. ၂၀:၃၂ရှ ၁၅:၁၆
၂ ရှ. ၂၀:၃၂ရှ ၁၆:၂၁၊ ၂၂
၂ ရှ. ၂၀:၄၂ရှ ၁၇:၂၅; ၁၉:၁၃; ၁ရ ၂:၁၇
၂ ရှ. ၂၀:၆၁ရှ ၂၆:၆; ၂ရှ ၁၀:၁၀; ၂၃:၁၈; ၁ရ ၁၈:၁၂
၂ ရှ. ၂၀:၆၂ရှ ၂၀:၁
၂ ရှ. ၂၀:၆၂ရှ ၁၅:၁၂
၂ ရှ. ၂၀:၇၂ရှ ၈:၁၆
၂ ရှ. ၂၀:၇၂ရှ ၈:၁၈; ၁၅:၁၈; ၁ဘု ၁:၃၈
၂ ရှ. ၂၀:၈ယရ ၁၈:၂၁၊ ၂၅; ၂၁:၈၊ ၁၇
၂ ရှ. ၂၀:၈၂ရှ ၁၇:၂၅; ၁၉:၁၃
၂ ရှ. ၂၀:၁၀၂ရှ ၃:၂၇; ၁ဘု ၂:၅
၂ ရှ. ၂၀:၁၃၂ရှ ၂၀:၁
၂ ရှ. ၂၀:၁၄၁ဘု ၁၅:၂၀; ၂ဘု ၁၅:၂၉
၂ ရှ. ၂၀:၁၉ထွ ၁၉:၅; တရ ၃၂:၉
၂ ရှ. ၂၀:၂၁ယရ ၁၇:၁၄၊ ၁၅; သူ ၂:၈၊ ၉
၂ ရှ. ၂၀:၂၁၂ရှ ၂၀:၁
၂ ရှ. ၂၀:၂၂ဒေ ၉:၁၄၊ ၁၅၊ ၁၈
၂ ရှ. ၂၀:၂၃၂ရှ ၈:၁၆; ၁၉:၁၃
၂ ရှ. ၂၀:၂၃၁ရ ၁၂:၂၇
၂ ရှ. ၂၀:၂၃၂ရှ ၂၃:၂၀; ၁ရ ၂၇:၅
၂ ရှ. ၂၀:၂၃၂ရှ ၈:၁၈; ၁၅:၁၈; ၁ဘု ၁:၃၈၊ ၄၄
၂ ရှ. ၂၀:၂၄၁ဘု ၄:၆; ၁၂:၁၈
၂ ရှ. ၂၀:၂၄၁ဘု ၄:၃
၂ ရှ. ၂၀:၂၅၂ရှ ၁၅:၂၇
၂ ရှ. ၂၀:၂၅၂ရှ ၁၇:၁၅; ၁၉:၁၁; ၁ဘု ၄:၄
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၂ ရှမွေလ ၂၀:၁-၂၆

၂ ရှမွေလ

၂၀ ဗင်ယာမိန်အနွယ်  ဗိခရိရဲ့သား၊ ရှေဘလို့ခေါ်တဲ့+ ပြဿနာဖန်တီးသူတစ်ယောက်က တံပိုးမှုတ်ပြီး+ “အစ္စရေးလူတို့၊ ငါတို့က ဒါဝိဒ်မင်းနဲ့ ဘာမှမဆိုင်ဘူး။ ယေရှဲရဲ့သားဆီကနေ အမွေရစရာလည်း မရှိဘူး။+ ဒါကြောင့် ကိုယ့်ဘုရားတွေဆီ* ပြန်သွားကြ”+ လို့ပြောတယ်။ ၂ အစ္စရေးတွေလည်း ဒါဝိဒ်နောက်ကို မလိုက်တော့ဘဲ ဗိခရိရဲ့သား ရှေဘနောက်ကို လိုက်ကြတော့တယ်။+ ယုဒအမျိုးသားတွေကတော့ ဂျော်ဒန်မြစ်ကနေ ဂျေရုဆလင်မြို့အထိ သူတို့ရဲ့ဘုရင် ဒါဝိဒ်နောက်ကိုပဲ ဆက်လိုက်ကြတယ်။+

၃ ဂျေရုဆလင်မြို့မှာရှိတဲ့  နန်းတော်ကို ဒါဝိဒ်ရောက်လာတဲ့အခါ+ နန်းတော်ကို စောင့်ရှောက်ဖို့ ထားရစ်ခဲ့တဲ့ မောင်းမဆယ်ယောက်ကို+ ခေါ်ပြီး အကျယ်ချုပ်ထားလိုက်တယ်။ အစာရေစာတွေ ထောက်ပံ့ပေးပေမဲ့ သူတို့နဲ့ မအိပ်တော့ဘူး။+ သူတို့က ယောက်ျားအသက်ရှင်နေလျက်နဲ့ မုဆိုးမတွေလို တစ်သက်လုံး အကျယ်ချုပ်ဘဝနဲ့ နေရကြတယ်။

၄ အဲဒီနောက် ဒါဝိဒ်မင်းက အာမသကို+ “သုံးရက်အတွင်း ယုဒအမျိုးသားတွေကို ခေါ်လာပြီး စုဝေးခိုင်းပါ။ မင်းလည်း  လာရမယ်” လို့  အမိန့်ပေးတယ်။ ၅ ဒါနဲ့ အာမသက ယုဒအမျိုးသားတွေကို စုဝေးဖို့ ထွက်သွားတယ်။ ဒါပေမဲ့ သတ်မှတ်ထားချိန်ထက် နောက်ကျပြီးမှ ပြန်ရောက်လာတယ်။ ၆ ဒါကြောင့် ဒါဝိဒ်က အဘိရှဲကို+ “ဗိခရိရဲ့သား ရှေဘက+ အဗရှလုံထက်တောင် ငါတို့ကို အန္တရာယ်ပေးလာနိုင်တယ်။+ ဒီတော့ မင်းမှုထမ်းတွေကိုခေါ်ပြီး သူ့ကို လိုက်ဖမ်းကြ။ ခံတပ်မြို့တွေထဲ ဝင်သွားရင် လွတ်သွားလိမ့်မယ်” ဆိုပြီးပြောတယ်။ ၇ ဒါနဲ့ ယွာဘရဲ့လူတွေ၊+ ခေရသိလူတွေ၊ ပေလသိလူတွေ၊+ ခွန်အားကြီးသူတွေအားလုံးက ဗိခရိရဲ့သား ရှေဘကို လိုက်ဖမ်းဖို့ ဂျေရုဆလင်မြို့ကနေ အဘိရှဲနဲ့အတူ ထွက်သွားကြတယ်။ ၈ ဂိဗောင်မြို့မှာရှိတဲ့+ ကျောက်တုံးကြီးနားကို သူတို့ရောက်တဲ့အခါ အာမသနဲ့ ဆုံတယ်။+ အဲဒီအချိန်မှာ ယွာဘက စစ်ချပ်ဝတ်တန်ဆာကို ဝတ်ပြီး ခါးပတ် ပတ်ထားတယ်။ ဓားကို ဓားအိမ်ထဲသွင်းပြီး ခါးမှာ ချိတ်ထားတယ်။ သူ ရှေ့ကို လှမ်းလိုက်တော့ ဓားဟာ လျှောကျသွားတယ်။

၉ ယွာဘက  အာမသကို “ငါ့ညီ၊ အဆင်ပြေရဲ့လား” လို့မေးပြီးနောက် အာမသရဲ့မုတ်ဆိတ်ကို ညာလက်နဲ့ကိုင်ပြီး နမ်းမလိုလိုလုပ်တယ်။ ၁၀ အာမသကတော့ ယွာဘလက်ထဲက ဓားကို သတိမထားမိဘူး။ ယွာဘက အာမသရဲ့ဗိုက်ကို ဓားနဲ့ထိုးလိုက်တော့+ မြေပေါ် အူတွေ ထွက်ကျလာတယ်။ နှစ်ချက်ထိုးစရာ မလိုဘဲ တစ်ချက်တည်းနဲ့ သေလောက်တယ်။ အဲဒီနောက် ယွာဘနဲ့အစ်ကိုအဘိရှဲက ဗိခရိရဲ့သား ရှေဘကိုဖမ်းဖို့ ထွက်သွားကြတယ်။

၁၁ ယွာဘရဲ့လူတစ်ယောက်က အာမသအနားမှာ ရပ်ပြီး “ယွာဘနဲ့ဒါဝိဒ်ရဲ့ ဘက်တော်သားအားလုံး ယွာဘနောက်ကို လိုက်ကြ” လို့ပြောတယ်။ ၁၂ အဲဒီအချိန်မှာ အာမသက လမ်းလယ်ကောင်မှာ သွေးအိုင်ထဲ လူးလှိမ့်နေတယ်။ အနားရောက်လာတဲ့ လူတွေ ရပ်သွားတာကို ယွာဘရဲ့လူ တွေ့တဲ့အခါ အာမသကို လယ်ထဲရွှေ့ပြီး အဝတ်နဲ့ အုပ်လိုက်တယ်။ ၁၃ လမ်းပေါ်ကနေ ရွှေ့ပြီးတဲ့နောက် လူတွေက ဗိခရိရဲ့သား ရှေဘကိုဖမ်းဖို့+ ယွာဘနောက်ကို လိုက်သွားကြတယ်။

၁၄ ရှေဘက အစ္စရေးအနွယ်အားလုံးဆီ သွားပြီးနောက် အာဗေလ ဗက်မာခမြို့ကို+ ရောက်လာတယ်။ ဗိခရိအမျိုးအားလုံးလည်း စုရုံးပြီး ရှေဘနောက်ကို လိုက်လာကြတယ်။

၁၅ ယွာဘနဲ့လူတွေက ရှေဘရှိနေတဲ့ အာဗေလ ဗက်မာခမြို့ကို လာပြီး ဝိုင်းထားလိုက်တယ်။ မြို့ရိုးပတ်လည်မှာ ခံစစ်ကုန်းရိုးကြီး ရှိနေတဲ့အတွက် မြို့ရိုးနားရောက်နိုင်ဖို့ ထိုးစစ်ကုန်းရိုးကို ဖို့လိုက်တယ်။ အဲဒီနောက် မြို့ရိုးကို ဖြိုချဖို့ မြို့ရိုးအောက်ခြေကနေ တူးကြတယ်။ ၁၆ အဲဒီအချိန်မှာ  အသိအလိမ္မာရှိတဲ့  အမျိုးသမီးတစ်ယောက်က  “နားထောင်ကြပါ။  တစ်ဆိတ်လောက် နားထောင်ကြပါဦး။ ယွာဘကို ဒီနား လာခိုင်းပါ။ သူနဲ့ စကားပြောချင်လို့” ဆိုပြီး  မြို့ရိုးပေါ်ကနေ အော်ပြောတယ်။ ၁၇ ယွာဘ ရောက်လာတဲ့အခါ အမျိုးသမီးက “အရှင်ဟာ ယွာဘလား”  လို့မေးတယ်။  “ဟုတ်တယ်”  လို့ဖြေတော့ “ကျွန်မပြောတာကို နားထောင်ပေးပါ” လို့ဆက်ပြောတယ်။ ယွာဘကလည်း “ငါနားထောင်နေတယ်” ဆိုတော့၊ ၁၈ အမျိုးသမီးက “အမှုပြီးပြတ်ချင်ရင် ‘အာဗေလမြို့မှာ သွားမေးကြ’ ဆိုတဲ့ ရှေးဆိုရိုးစကား ရှိပါတယ်။ ၁၉ ကျွန်မက ငြိမ်းချမ်းရေး လိုလားတဲ့၊ သစ္စာရှိတဲ့ အစ္စရေးတွေကိုယ်စား ပြောနေတာပါ။ အရှင်က အစ္စရေးပြည်မှာ မိခင်လိုဖြစ်နေတဲ့မြို့ကို ဖျက်ဆီးဖို့ ကြံစည်နေတာပဲ။ ယေဟောဝါဘုရားရဲ့အမွေကို ဘာလို့ ဖယ်ရှားပစ်ချင်တာလဲ”+ လို့ပြောတယ်။ ၂၀ ဒါနဲ့ ယွာဘက “ဒီမြို့ကို ဖယ်ရှားဖို့၊ ဖျက်ဆီးဖို့ စဉ်းတောင် မစဉ်းစားဝံ့ပါဘူး။ ၂၁ အဲဒီလို လုံးဝမဟုတ်ပါဘူး။ ဧဖရိမ်တောင်တန်းဒေသက+ ဗိခရိရဲ့သား ရှေဘဆိုတဲ့လူက+ ဒါဝိဒ်မင်းကို ပုန်ကန်နေတယ်။ အဲဒီလူကို အပ်မယ်ဆိုရင်တော့ မြို့ကနေ ဆုတ်ခွာပေးမယ်” လို့ပြောတဲ့အခါ အမျိုးသမီးက “သူ့ခေါင်းကို မြို့ရိုးပေါ်ကနေ ပစ်ချပေးပါ့မယ်” လို့ပြောတယ်။

၂၂ အဲဒီအမျိုးသမီးက ချက်ချင်းပဲ မြို့သားတွေကို  သွားပြောပြတယ်။ သူတို့က ဗိခရိရဲ့သား ရှေဘရဲ့ခေါင်းကိုဖြတ်ပြီး ယွာဘဆီကို ပစ်ချပေးလိုက်တယ်။ ယွာဘ တံပိုးမှုတ်လိုက်တဲ့အခါ လူတွေက မြို့ကနေဆုတ်ခွာပြီး ကိုယ့်အိမ်ကိုယ့်ရာ ပြန်သွားကြတယ်။+ ယွာဘကတော့ ဂျေရုဆလင်မြို့မှာရှိတဲ့ ဒါဝိဒ်မင်းဆီ ပြန်သွားတယ်။

၂၃ ယွာဘဟာ အစ္စရေးတပ်မတစ်ခုလုံးရဲ့ ဗိုလ်ချုပ်ဖြစ်တယ်။+ ယောယဒရဲ့သား+ ဗေနာယက+ ခေရသိလူတွေ၊ ပေလသိလူတွေကို+ ကြီးကြပ်ရတယ်။ ၂၄ အဒေါရံက+ ချွေးတပ်ကို ကြီးကြပ်ရသူ၊ အဟိလုတ်ရဲ့သား ယောရှဖတ်က+ အတွင်းဝန်၊ ၂၅ ရှိဘက စာရေးတော်ကြီး၊ ဇာဒုတ်နဲ့+ အဗျာသာက+  ပုရောဟိတ်တွေဖြစ်တယ်။ ၂၆ ယာအိရအမျိုးသား  အိရာဟာ ဒါဝိဒ်ရဲ့နန်းရင်းဝန် ဖြစ်လာတယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ