၁ ရာဇဝင်ချုပ်
၂၄ အာရုန်ရဲ့သားမြေးတွေကို အုပ်စုတွေ ခွဲထားတယ်။ အာရုန်ရဲ့သားတွေက နာဒပ်၊ အဘိဟု၊+ ဧလာဇာ၊ ဧသမာ။+ ၂ နာဒပ်နဲ့ အဘိဟုက ဖခင် မကွယ်လွန်မီ သေဆုံးခဲ့ကြတယ်။+ သူတို့မှာ သားတစ်ယောက်မှ မရှိဘူး။ ဒါပေမဲ့ ဧလာဇာနဲ့+ ဧသမာကတော့ ပုရောဟိတ်တွေအဖြစ် ဆက်အမှုဆောင်ကြတယ်။ ၃ ဒါဝိဒ်က အာရုန်ရဲ့သားမြေးတွေကို လုပ်ငန်းတာဝန်အလိုက် အုပ်စုတွေ ခွဲပေးတယ်။ ဧလာဇာအမျိုးထဲက ဇာဒုတ်၊+ ဧသမာအမျိုးထဲက အဟိမလက်က ဒါဝိဒ်ကို ဝိုင်းကူပေးတယ်။ ၄ ဧလာဇာအမျိုးက ဧသမာအမျိုးထက် ခေါင်းဆောင် ပိုများတာကြောင့် ခေါင်းဆောင်တွေကို ခွဲလိုက်တဲ့အခါ ဧလာဇာအမျိုးမှာ ဆွေမျိုးစုခေါင်းဆောင် ၁၆ ယောက်၊ ဧသမာအမျိုးမှာ ဆွေမျိုးစုခေါင်းဆောင် ၈ ယောက်ရှိတယ်။
၅ ဒါ့အပြင် ဧလာဇာအမျိုးမှာရော၊ ဧသမာအမျိုးမှာရော သန့်ရှင်းရာအရပ်မှာ ကြီးကြပ်တဲ့ ခေါင်းဆောင်တွေ၊ စစ်မှန်တဲ့ ဘုရားသခင်အတွက် အမှုဆောင်တဲ့ ခေါင်းဆောင်တွေ ရှိတယ်။ ဒါကြောင့် အုပ်စုတွေကို မဲချပြီး+ တာဝန်ခွဲဝေပေးလိုက်တယ်။ ၆ ဧလာဇာအမျိုးထဲက ဆွေမျိုးစုတစ်စု၊ ဧသမာအမျိုးထဲက ဆွေမျိုးစုတစ်စုကို အလှည့်ကျ မဲချပြီး ရွေးတယ်။ အဲဒီနောက် နာသနေလရဲ့သား လေဝိအမျိုးသားတွေရဲ့ စာရေးတော် ရှေမာယက ဘုရင်နဲ့ မှူးမတ်တွေရှေ့မှာ၊ ပုရောဟိတ်ဇာဒုတ်၊+ အဗျာသာရဲ့သား+ အဟိမလက်၊+ ပုရောဟိတ်တွေနဲ့ လေဝိအမျိုးသား ဆွေမျိုးစုခေါင်းဆောင်တွေရှေ့မှာ သူတို့ရဲ့နာမည်ကို ရေးမှတ်တယ်။
၇ ဦးဆုံးမဲကျတဲ့သူက ယောယရိပ်၊ ဒုတိယ ယေဒါယ၊ ၈ တတိယ ဟာရိမ်၊ စတုတ္ထ စောရိမ်၊ ၉ ပဉ္စမ မာလခိယ၊ ဆဋ္ဌမ မိယာမိန်၊ ၁၀ သတ္တမ ဟက္ကုတ်၊ အဋ္ဌမ အဘိယ၊+ ၁၁ နဝမ ယေရွှာ၊ ဒသမ ရှေကနိ၊ ၁၂ ဆယ့်တစ်ယောက်မြောက် ဧလျာရှိပ်၊ ဆယ့်နှစ်ယောက်မြောက် ယာကိမ်၊ ၁၃ ဆယ့်သုံးယောက်မြောက် ဟုပါ၊ ဆယ့်လေးယောက်မြောက် ယေရှေဗပ်၊ ၁၄ ဆယ့်ငါးယောက်မြောက် ဗိလဂ၊ ဆယ့်ခြောက်ယောက်မြောက် အိမေရ၊ ၁၅ ဆယ့်ခုနစ်ယောက်မြောက် ဟေဇိရ၊ ဆယ့်ရှစ်ယောက်မြောက် အပ်ဇစ်၊ ၁၆ ဆယ့်ကိုးယောက်မြောက် ပေသဟိ၊ အယောက်နှစ်ဆယ်မြောက် ယေဇကဲ၊ ၁၇ နှစ်ဆယ့်တစ်ယောက်မြောက် ယာခိန်၊ နှစ်ဆယ့်နှစ်ယောက်မြောက် ဂါမုလ၊ ၁၈ နှစ်ဆယ့်သုံးယောက်မြောက် ဒေလာယ၊ နှစ်ဆယ့်လေးယောက်မြောက် မာဇိတို့ဖြစ်တယ်။
၁၉ ဘိုးဘေးအာရုန် ချမှတ်ခဲ့တဲ့ လုပ်ထုံးလုပ်နည်းအတိုင်း၊ အာရုန်ကို အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ မိန့်မှာခဲ့တဲ့အတိုင်း ယေဟောဝါရဲ့ အိမ်တော်ကို လာပြီး အမှုဆောင်ဖို့ အဲဒီလို စီစဉ်ထားတယ်။+
၂၀ ကျန်တဲ့လေဝိအမျိုးသားတွေကတော့– အာမရံရဲ့+ သားမြေးတွေထဲမှာ ရှုဗွေလ၊+ ရှုဗွေလရဲ့ သားမြေးတွေထဲမှာ ယေဒေယ၊ ၂၁ ရေဟဘိရဲ့+ သားမြေးတွေထဲမှာ ခေါင်းဆောင် အိရှယာ၊ ၂၂ အိဇဟာရဲ့ သားမြေးတွေထဲမှာ ရှေလောမုတ်၊+ ရှေလောမုတ်ရဲ့ သားမြေးတွေထဲမှာ ယာဟတ်၊ ၂၃ ဟေဗြုန်ရဲ့ သားမြေးတွေထဲမှာ ခေါင်းဆောင်က ယေရိ၊+ ဒုတိယ အာမရိ၊ တတိယ ယဟာဇေလ၊ စတုတ္ထ ယေကမံ၊ ၂၄ သြဇေလရဲ့ သားမြေးတွေထဲမှာ မိက္ခာ၊ မိက္ခာရဲ့ သားမြေးတွေထဲမှာ ရှမိရ။ ၂၅ မိက္ခာနဲ့ ညီအစ်ကိုတော်တဲ့ အိရှယ။ အိရှယရဲ့ သားမြေးတွေထဲမှာ ဇာခရိဖြစ်တယ်။
၂၆ မေရာရိရဲ့+ သားတွေက မဟာလိနဲ့ မုရှိ။ ယာဇိရဲ့သားမြေးတွေထဲမှာ ဗေနောဖြစ်တယ်။ ၂၇ မေရာရိရဲ့ သားမြေးတွေကတော့– ယာဇိရဲ့သားမြေးတွေထဲမှာ ဗေနော၊ ရှောဟံ၊ ဇက္ကုရ၊ အိဗရိတို့ဖြစ်တယ်။ ၂၈ မဟာလိရဲ့သား ဧလာဇာမှာတော့ သားတစ်ယောက်မှ မရှိဘူး။+ ၂၉ ကိရှရဲ့သားမြေးတွေထဲမှာ ယေရမေလ။ ၃၀ မုရှိရဲ့သားတွေက မဟာလိ၊ ဧဒါ၊ ယေရိမုတ်တို့ဖြစ်တယ်။
သူတို့ဟာ ဖခင်မျိုးရိုးအလိုက် လေဝိအမျိုးသားတွေ ဖြစ်တယ်။ ၃၁ သူတို့လည်း ညီအစ်ကိုတွေဖြစ်တဲ့ အာရုန်ရဲ့သားမြေးတွေ လုပ်သလိုပဲ ဒါဝိဒ်မင်း၊ ဇာဒုတ်၊ အဟိမလက်၊ ပုရောဟိတ်တွေနဲ့ လေဝိအမျိုးသားတွေရဲ့ ဆွေမျိုးစုခေါင်းဆောင်တွေရှေ့မှာ မဲချကြတယ်။+ ကြီးတာငယ်တာကို ထည့်မတွက်ဘဲ မဲချကြတယ်။