ယောဘ
၈ ရှုအာအမျိုးသား+ ဗိလဒဒ်+ ပြန်ပြောတာက–
၂ “ခင်ဗျား ဘယ်အချိန်အထိ ဒီလိုမျိုးပြောနေမှာလဲ။+
မိုးတစ်လုံး လေတစ်လုံး ပြောနေလိုက်တာ။
၃ ဘုရားက အမှန်တရားကို ကပြောင်းကပြန် လုပ်ပါ့မလား။
အနန္တတန်ခိုးရှင်က ဖြောင့်မတ်ခြင်းတရားကို ကပြောင်းကပြန် လုပ်ပါ့မလား။
၄ ခင်ဗျားရဲ့သားတွေက ဘုရားကိုပြစ်မှားခဲ့ရင်
သူတို့ရဲ့ ပုန်ကန်မှုအတွက် ကိုယ်တော် ဒဏ်ခတ်မှာပဲ။
ခင်ဗျားကို ဘုရားဂရုစိုက်ပြီး
နေရာမှန်မှာ ပြန်ထားပေးမှာပဲ။
၈ ရှေးတုန်းက လူမျိုးဆက်တွေကို မေးကြည့်လိုက်ပါ။
သူတို့ဘိုးဘေးတွေ တွေ့ရှိခဲ့တာတွေကို အာရုံစိုက်ကြည့်ပါ။+
၉ ကျုပ်တို့က မနေ့တစ်နေ့ကမှ လူဖြစ်လာလို့ ဘာမှမသိပါဘူး။
ကမ္ဘာမြေပေါ်မှာ ကျုပ်တို့ရဲ့ နေ့ရက်တွေဟာ အရိပ်လိုပဲ။
၁၀ ဘိုးဘေးတွေ ခင်ဗျားကို သွန်သင်ပေးလိမ့်မယ်။
သူတို့သိတာတွေကို ပြောပြလိမ့်မယ်။
၁၁ ပပိုင်းရပ်ကျူပင်ဟာ ရွှံ့နွံမရှိတဲ့နေရာမှာ ကြီးထွားပါ့မလား။
ကျူပင်ကကော ရေမရှိဘဲ ကြီးထွားပါ့မလား။
၁၂ ဖူးပွင့်နေတုန်းမှာပဲ
တခြားအပင်တွေထက် အရင်ခြောက်သွေ့သွားလိမ့်မယ်။
၁၃ ဘုရားကို မေ့တဲ့သူတွေလည်း အဲဒီလိုပဲ ဖြစ်သွားမယ်။
ဘုရားတရားမဲ့သူရဲ့ မျှော်လင့်ချက်ဟာ ပျက်စီးသွားမယ်။
၁၄ သူအားထားတဲ့အရာဟာ အချည်းနှီးပဲ။
သူအားကိုးတဲ့အရာကလည်း ပင့်ကူအိမ်လိုပဲ ပျက်စီးလွယ်တယ်။
၁၅ အဲဒီအိမ်ကိုမှီပေမဲ့ အိမ်က ခံနိုင်မှာ မဟုတ်ဘူး။
အားပြုပြီးကိုင်ပေမဲ့ ခိုင်မြဲမှာ မဟုတ်ဘူး။
၁၆ သူဟာ နေရောင်အောက်မှာ စိမ်းစိုနေတဲ့အပင်ပဲ။
ကျောက်ပုံကြားမှာ အမြစ်စွဲစရာနေရာကို သူလိုက်ရှာတယ်။
၁၉ ဒီလိုနဲ့ သူ ပျောက်ကွယ်သွားလိမ့်မယ်။+
သူ့နေရာမှာ တခြားအပင်တွေ ပေါက်လာလိမ့်မယ်။
၂၀ သေချာတာကတော့ သမာဓိစောင့်သိသူတွေကို ဘုရားပစ်ပယ်မှာ မဟုတ်ဘူး။
လူယုတ်မာတွေကိုလည်း ထောက်မမှာ မဟုတ်ဘူး။
၂၁ ဘုရားက ခင်ဗျားကို ရယ်မောစေမယ်။
ရွှင်လန်းတဲ့စိတ်နဲ့ သီချင်းဆိုစေမယ်။
၂၂ ခင်ဗျားကို မုန်းတဲ့သူတွေ အရှက်ကွဲရလိမ့်မယ်။
လူဆိုးတွေရဲ့တဲလည်း ရှိတော့မှာ မဟုတ်ဘူး။”