ဟေရှာယ
၂၂ စိတ်အာရုံချိုင့်ဝှမ်းနဲ့* ပတ်သက်တဲ့ တရားစီရင်ချက်–+
မင်းတို့အားလုံး ဘာလို့ အိမ်မိုးပေါ် တက်နေကြတာလဲ။
၂ ဆူညံပွက်လောရိုက်နေတဲ့မြို့၊ အူမြူးနေတဲ့မြို့၊
မင်းဆီမှာ အုတ်အုတ်သဲသဲ ဖြစ်နေတယ်။
မင်းရဲ့လူတွေဟာ ဓားနဲ့အသတ်ခံရလို့ သေတာ မဟုတ်ဘူး။
စစ်ပွဲမှာ သေတာလည်း မဟုတ်ဘူး။+
အဝေးထွက်ပြေးသူတွေကို လိုက်လံဖမ်းဆီးပြီး
အကျဉ်းသားတွေအဖြစ် ဖမ်းခေါ်သွားကြပြီ။+
၄ ဒါကြောင့် ငါပြောမယ်– “ငါ့ကို မကြည့်ကြပါနဲ့။
ငါရှိုက်ကြီးတငင် ငိုကြွေးမယ်။+
ငါ့လူမျိုးသမီးပျို ပျက်စီးသွားလို့ ဝမ်းနည်းနေတဲ့ ငါ့ကို
နှစ်သိမ့်ဖို့ အတင်းမကြိုးစားပါနဲ့။+
၅ အချုပ်အခြာအာဏာပိုင်ရှင်၊
ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ဖြစ်ပေါ်စေတဲ့
ရှုပ်ထွေးတဲ့နေ့၊ ရှုံးနိမ့်တဲ့နေ့၊ ထိတ်ထိတ်ပျာပျာ ဖြစ်ရတဲ့ နေ့ဟာ+ စိတ်အာရုံချိုင့်ဝှမ်းမှာ ရောက်လာပြီ။
မြို့ရိုး ဖြိုဖျက်ခံရတဲ့အခါ+
တောင်တန်းဆီ အော်ဟစ်သံတွေ ထွက်ပေါ်လာတယ်။
ကိရက+ ဒိုင်းလွှားကို အသင့်ပြင်ထားတယ်။
၇ မင်းရဲ့ အကောင်းဆုံး ချိုင့်ဝှမ်းလွင်ပြင်တွေမှာ
စစ်မြင်းရထားတွေ ပြည့်နေလိမ့်မယ်။
မြို့တံခါးမှာ မြင်းတွေ နေရာယူလိမ့်မယ်။
၈ ယုဒရဲ့ အကာအရံဟာ ဖယ်ရှားခံရမယ်။
“အဲဒီအချိန်ကျရင် မင်းက သစ်တော စံအိမ်မှာရှိတဲ့ လက်နက်တိုက်ကို ကြည့်ရှုမယ်။+ ၉ ဒါဝိဒ်မြို့ရဲ့ ပြိုပျက်ရာတွေ အများကြီး တွေ့မယ်။+ အောက်ရေကန်ထဲမှာ ရေတွေ သိုလှောင်မယ်။+ ၁၀ ဂျေရုဆလင်မြို့မှာရှိတဲ့ အိမ်တွေကို ရေတွက်ပြီး မြို့ရိုးကိုပြုပြင်ဖို့ အိမ်တချို့ကို ဖြိုချမယ်။ ၁၁ ရေကန်ဟောင်းထဲက ရေတွေကို သိုလှောင်ဖို့ မြို့ရိုးနှစ်ခုကြားမှာ ရေလှောင်ကန်ကို ဆောက်မယ်။ ဒါပေမဲ့ မဟာဖန်ဆင်းရှင်ကိုကျတော့ မင်း မမျှော်ကိုးဘူး။ ရှေးကတည်းက အဲဒါကို စီမံထားတဲ့အရှင်ကို မင်းမြင်မှာ မဟုတ်ဘူး။
၁၂ အဲဒီအချိန်ကျရင် အချုပ်အခြာအာဏာပိုင်ရှင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက
ညည်းတွားငိုကြွေးကြ၊+
ခေါင်းတုံးတုံးပြီး အထည်ကြမ်းဝတ်ကြလို့ မိန့်မှာမယ်။
၁၃ ဒါပေမဲ့ မင်းတို့ ပွဲခံပြီး ပျော်မြူးနေမယ်။
သိုးနွားတွေ သတ်ကြလိမ့်မယ်။
၁၄ အဲဒီနောက် ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက “‘မင်းတို့မသေမချင်း ဒီအပြစ် ပြေမှာမဟုတ်ဘူး။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့စကားပဲ” လို့ ငါ့ကိုပြောတယ်။
၁၅ အချုပ်အခြာအာဏာပိုင်ရှင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက “နန်းတော်အုပ် ဘဏ္ဍာထိန်း ရှေဗနဆီ သွားပြီး၊+ ၁၆ ‘မင်းအတွက် သင်္ချိုင်းဂူကို ဒီမှာထွင်းရအောင် ဒီနေရာဟာ မင်းနဲ့ဘာဆိုင်လို့လဲ။ ဒီနေရာမှာ မင်းနဲ့အမျိုးတော်တဲ့သူ ဘယ်သူရှိလို့လဲ’ ဆိုပြီး ပြောလိုက်ပါ။ မြင့်တဲ့နေရာမှာ သူ့အတွက် သင်္ချိုင်းဂူကို ထွင်းနေတယ်။ ကျောက်ဆောင်ထဲမှာ သူနားခိုမယ့်နေရာကို ထွင်းနေတယ်။ ၁၇ ‘ဟေ့ လူ၊ ယေဟောဝါက မင်းကို အားနဲ့ကိုင်ဖမ်းပြီး အရှိန်နဲ့ ပစ်ပေါက်မယ်။ ၁၈ ဘုရားက မင်းကို တင်းတင်းကျပ်ကျပ် ပတ်ရစ်ပြီး ကျယ်ပြောတဲ့ပြည်ထဲ ဘောလုံးလို ပစ်ပေါက်မယ်။ အဲဒီမှာ မင်း သေရလိမ့်မယ်၊ ဂုဏ်ကျက်သရေရှိတဲ့ မင်းရဲ့မြင်းရထားတွေက မင်းသခင်ရဲ့အမျိုးကို အရှက်ခွဲမယ်။ ၁၉ မင်းကို ရာထူးဖြုတ်မယ်။ မင်းရဲ့တာဝန်ကို ရုပ်သိမ်းမယ်။
၂၀ “‘အဲဒီအချိန်ကျရင် ဟိလခိရဲ့သား ငါ့ကျွန်ဧလျာကိမ်ကို+ ငါခေါ်မယ်။ ၂၁ သူ့ကို မင်းရဲ့ဝတ်ရုံ ဝတ်ဆင်ပေးမယ်၊ မင်းရဲ့ခါးစည်း စည်းပေးမယ်။+ မင်းရဲ့အခွင့်အာဏာကို သူ့လက်ထဲ အပ်မယ်။ သူဟာ ဂျေရုဆလင်မြို့သူမြို့သားတွေနဲ့ ယုဒအမျိုးရဲ့ ဖခင်သဖွယ် ဖြစ်လာမယ်။ ၂၂ ဒါဝိဒ်အမျိုးရဲ့သော့ကို သူ့ပခုံးပေါ် တင်ပေးမယ်။+ သူဖွင့်ပြီးရင် ဘယ်သူမှ ပိတ်လို့မရဘူး။ သူပိတ်ပြီးရင် ဘယ်သူမှ ဖွင့်လို့မရဘူး။ ၂၃ ခိုင်ခံ့တဲ့နေရာမှာ ငုတ်ကို ရိုက်သွင်းသလို သူ့ကို ငါရိုက်သွင်းမယ်။ သူဟာ ဖခင်ရဲ့အမျိုးအတွက် ဂုဏ်ကျက်သရေရှိတဲ့ ရာဇပလ္လင်လို ဖြစ်မယ်။ ၂၄ ဖခင်အမျိုးရဲ့ ဂုဏ်ကျက်သရေအားလုံးကို သူ့ဆီမှာ ချိတ်ထားကြလိမ့်မယ်။ ငုတ်မှာ အိုးခွက်အသေး၊ ခွက်ဖလား၊ ရေတကောင်းကြီး အားလုံးကို ချိတ်ဆွဲသလို သားမြေးမြစ်အားလုံးက သူ့ကို မှီခိုကြလိမ့်မယ်။
၂၅ “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက ‘အဲဒီအချိန်ကျရင် ခိုင်ခံ့တဲ့နေရာမှာ ရိုက်သွင်းထားတဲ့ငုတ်ဟာ ဖယ်ရှားခံရမယ်။+ ခုတ်ဖြတ်ခံရပြီး ပြုတ်ကျသွားမယ်။ ငုတ်မှာ ချိတ်ဆွဲထားတာတွေလည်း ပြုတ်ကျပြီး ပျက်စီးသွားမယ်။ ဒါဟာ ယေဟောဝါရဲ့ အမိန့်ပဲ’ လို့ပြောတယ်။”