ဆာလံ
၃ ဖမ်းခေါ်လာသူတွေက ငါတို့ကို သီချင်းဆိုခိုင်းတယ်။+
လှောင်ပြောင်သူတွေက ငါတို့ကို သရော်ချင်တော့
“ဇိအုန်သီချင်း တစ်ပုဒ်လောက် ဆိုပြစမ်းပါ” လို့ပြောကြတယ်။
၄ ယေဟောဝါကို ချီးမွမ်းတဲ့သီချင်းကို
တိုင်းတစ်ပါးမှာ ငါတို့ ဘယ်လိုလုပ် သီဆိုနိုင်မှာလဲ။
၆ မင်းကိုသာ ငါသတိမရခဲ့ရင်၊
ဂျေရုဆလင်ဟာ ပျော်ရွှင်မှုအပေးဆုံးအရာပဲလို့
ငါမသတ်မှတ်ခဲ့ရင်
ငါ့လျှာဟာ အာခေါင်မှာ ကပ်သွားပါစေ။+
၇ အို ယေဟောဝါ၊ ဂျေရုဆလင် ကျဆုံးတဲ့နေ့မှာ
“မြို့ကို ဖြိုချပစ်။ အုတ်မြစ်ပါမကျန် ဖြိုချပစ်” ဆိုပြီး
ဧဒုံလူမျိုးတွေ ပြောခဲ့တာကို သတိရလှည့်ပါ။+