ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေဇကျေလ ၄၂
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

ယေဇကျေလ မာတိကာ

      • စားသောက်ဆောင်တွေ (၁-၁၄)

      • ဗိမာန်တော် ဘေးဖက်လေးတန်ကို တိုင်းတာ (၁၅-၂၀)

ယေဇကျေလ ၄၂:၁

အောက်ခြေမှတ်ချက်များ

  • *

    အနောက်ဘက် အဆောက်အအုံ။

ကျမ်းညွှန်းများ

  • +ယဇ ၄၀:၂
  • +ယဇ ၄၁:၁၂၊ ၁၅
  • +ယဇ ၄၂:၁၃

ယေဇကျေလ ၄၂:၃

ကျမ်းညွှန်းများ

  • +ယဇ ၄၁:၁၀

ယေဇကျေလ ၄၂:၄

ကျမ်းညွှန်းများ

  • +ယဇ ၄၂:၁၀၊ ၁၁

ယေဇကျေလ ၄၂:၁၀

ကျမ်းညွှန်းများ

  • +ယဇ ၄၁:၁၂; ၄၂:၁

ယေဇကျေလ ၄၂:၁၁

ကျမ်းညွှန်းများ

  • +ယဇ ၄၂:၄

ယေဇကျေလ ၄၂:၁၂

ကျမ်းညွှန်းများ

  • +ယဇ ၄၂:၉

ယေဇကျေလ ၄၂:၁၃

ကျမ်းညွှန်းများ

  • +ယဇ ၄၂:၁
  • +ဝ ၆:၁၄၊ ၁၆; ၇:၁၊ ၆; ၁၀:၁၂၊ ၁၃; ၂၄:၈၊ ၉; တလ ၁၈:၁၀; ယဇ ၄၀:၄၆
  • +ဝ ၂:၃; တလ ၁၈:၉; နေ ၁၃:၅

ယေဇကျေလ ၄၂:၁၄

ကျမ်းညွှန်းများ

  • +ထွ ၂၈:၄၀; ၂၉:၈၊ ၉; ဝ ၈:၁၃; ယဇ ၄၄:၁၉

ယေဇကျေလ ၄၂:၁၅

ကျမ်းညွှန်းများ

  • +ယဇ ၄၀:၆

ယေဇကျေလ ၄၂:၁၆

အောက်ခြေမှတ်ချက်များ

  • *

    နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။

ယေဇကျေလ ၄၂:၂၀

ကျမ်းညွှန်းများ

  • +ယဇ ၄၀:၅
  • +ယဇ ၄၅:၁၊ ၂
  • +ဝ ၁၀:၁၀; ယဇ ၄၄:၂၃; ၂က ၆:၁၇

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု၊ စာ. ၁၄၉-၁၅၀၊ ၁၅၂၊ ၁၅၆

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

ယေဇ. ၄၂:၁ယဇ ၄၀:၂
ယေဇ. ၄၂:၁ယဇ ၄၁:၁၂၊ ၁၅
ယေဇ. ၄၂:၁ယဇ ၄၂:၁၃
ယေဇ. ၄၂:၃ယဇ ၄၁:၁၀
ယေဇ. ၄၂:၄ယဇ ၄၂:၁၀၊ ၁၁
ယေဇ. ၄၂:၁၀ယဇ ၄၁:၁၂; ၄၂:၁
ယေဇ. ၄၂:၁၁ယဇ ၄၂:၄
ယေဇ. ၄၂:၁၂ယဇ ၄၂:၉
ယေဇ. ၄၂:၁၃ယဇ ၄၂:၁
ယေဇ. ၄၂:၁၃ဝ ၆:၁၄၊ ၁၆; ၇:၁၊ ၆; ၁၀:၁၂၊ ၁၃; ၂၄:၈၊ ၉; တလ ၁၈:၁၀; ယဇ ၄၀:၄၆
ယေဇ. ၄၂:၁၃ဝ ၂:၃; တလ ၁၈:၉; နေ ၁၃:၅
ယေဇ. ၄၂:၁၄ထွ ၂၈:၄၀; ၂၉:၈၊ ၉; ဝ ၈:၁၃; ယဇ ၄၄:၁၉
ယေဇ. ၄၂:၁၅ယဇ ၄၀:၆
ယေဇ. ၄၂:၂၀ယဇ ၄၀:၅
ယေဇ. ၄၂:၂၀ယဇ ၄၅:၁၊ ၂
ယေဇ. ၄၂:၂၀ဝ ၁၀:၁၀; ယဇ ၄၄:၂၃; ၂က ၆:၁၇
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ယေဇကျေလ ၄၂:၁-၂၀

ယေဇကျေလ

၄၂ အဲဒီနောက် သူက ကျွန်တော့်ကို မြောက်ဘက် အပြင်ရင်ပြင်ဆီ ခေါ်သွားတယ်။+ ပြီးတော့ ကပ်လျက်အဆောက်အအုံရဲ့*+ မြောက်ဘက်၊ နေရာလပ်ရဲ့ဘေးက စားသောက်ဆောင်ဆီ+ ခေါ်သွားတယ်။ ၂ အဲဒီစားသောက်ဆောင်ရဲ့ မြောက်ဘက်ဝင်ပေါက်ရှိတဲ့ အခြမ်းက အလျားအတောင် ၁၀၀ ရှိတယ်။ အဲဒီစားသောက်ဆောင်က အနံအတောင် ၅၀ ရှိတယ်။ ၃ အဲဒီစားသောက်ဆောင်က အတွင်းရင်ပြင်မှာရှိတဲ့ အတောင် ၂၀ ကျယ်တဲ့ နေရာလပ်နဲ့+ အပြင်ရင်ပြင်ရဲ့ ကျောက်ခင်းစင်္ကြံကြားမှာ ရှိတယ်။ စားသောက်ဆောင်စင်္ကြံတွေက မျက်နှာချင်းဆိုင်ရှိပြီး သုံးထပ်မြင့်တယ်။ ၄ စားသောက်ခန်းတွေရှေ့မှာ ၁၀ တောင် ကျယ်ပြီး အတောင် ၁၀၀ ရှည်တဲ့ အတွင်းလျှောက်လမ်းတစ်ခု ရှိတယ်။+ စားသောက်ခန်း ဝင်ပေါက်တွေက မြောက်ဘက်ကို လှည့်ထားတယ်။ ၅ စင်္ကြံတွေက အတွင်းဘက်ကို ဆုတ်သွားတဲ့အတွက် အပေါ်ဆုံးထပ် စားသောက်ခန်းတွေဟာ အောက်ထပ်နဲ့ အလယ်ထပ် စားသောက်ခန်းတွေထက် ပိုကျဉ်းတယ်။ ၆ စားသောက်ခန်းတွေက သုံးထပ်မြင့်ပေမဲ့ ရင်ပြင်တွေမှာလို တိုင်တွေ မရှိဘူး။ ဒါကြောင့် အပေါ်ဆုံးထပ်ရဲ့ ကြမ်းပြင်က အောက်ထပ်နဲ့ အလယ်ထပ်တွေထက် ပိုကျဉ်းတယ်။

၇ အပြင်ရင်ပြင်ဘက်ခြမ်းမှာရှိတဲ့ စားသောက်ခန်းတွေနားက အပြင်ဘက် ကျောက်တံတိုင်းဟာ တစ်ဘက်ခြမ်းမှာရှိတဲ့ စားသောက်ခန်းတွေကို မျက်နှာမူထားပြီး အတောင် ၅၀ ရှိတယ်။ ၈ အပြင်ရင်ပြင်ဘက်ခြမ်းမှာရှိတဲ့ စားသောက်ခန်းတွေက အတောင် ၅၀ ရှိတယ်။ သန့်ရှင်းရာဌာနတော်ဘက်ခြမ်းမှာရှိတဲ့ စားသောက်ခန်းတွေက အတောင် ၁၀၀ ရှိတယ်။ ၉ စားသောက်ခန်းတွေရဲ့ အရှေ့ဘက်မှာအဝင်လမ်းရှိတယ်။ အပြင်ရင်ပြင်ကနေ အဲဒီစားသောက်ခန်းတွေကို အဲဒီလမ်းက ဝင်လို့ရတယ်။

၁၀ တောင်ဘက်မှာလည်း စားသောက်ခန်းတွေ ရှိတယ်။ အဲဒီစားသောက်ခန်းတွေက နေရာလပ်နဲ့အဆောက်အအုံနားမှာ၊+ အရှေ့ဘက်မှာရှိတဲ့ ကျောက်တံတိုင်း အတွင်းဘက်မှာ ရှိတယ်။ ၁၁ အဲဒီစားသောက်ခန်းတွေဟာ မြောက်ဘက်က စားသောက်ခန်းတွေနဲ့ အလျား၊ အနံ၊ ဝင်ပေါက်ထွက်ပေါက်၊ ဖွဲ့စည်းပုံတွေ တူညီကြပြီး အရှေ့မှာ လျှောက်လမ်းတစ်ခု ရှိတယ်။+ ဝင်ပေါက်တွေဟာ၊ ၁၂ တောင်ဘက်ကို မျက်နှာမူထားတဲ့ စားသောက်ခန်းဝင်ပေါက်တွေနဲ့ တူတယ်။ လျှောက်လမ်းရဲ့အစ၊ အရှေ့ဘက် ကပ်လျက်ကျောက်တံတိုင်းမှာ ဝင်ပေါက်တစ်ခု ရှိတယ်။+

၁၃ ကျွန်တော့်ကို သူပြောတယ်– “နေရာလပ်ဘေးမှာရှိတဲ့ မြောက်ဘက် စားသောက်ခန်းတွေနဲ့ တောင်ဘက် စားသောက်ခန်းတွေဟာ+ သန့်ရှင်းတဲ့ စားသောက်ခန်းတွေပဲ။ အဲဒီမှာ ယေဟောဝါရှေ့ကိုလာတဲ့ ပုရောဟိတ်တွေက အသန့်ရှင်းဆုံးအလှူတွေကို စားကြတယ်။+ သန့်ရှင်းတဲ့နေရာဖြစ်လို့ အသန့်ရှင်းဆုံး အလှူတွေဖြစ်တဲ့ ကောက်နှံအလှူ၊ အပြစ်ဖြေရာအလှူ၊ ဒုစရိုက်ဖြေရာအလှူတွေကို အဲဒီမှာ ထားကြတယ်။+ ၁၄ ပုရောဟိတ်တွေက သန့်ရှင်းရာဌာနတော်ထဲ ဝင်လာပြီးနောက် အမှုဆောင်တုန်းဝတ်ခဲ့တဲ့ အဝတ်တွေကို မချွတ်ဘဲ အပြင်ရင်ပြင်ကို မထွက်သွားရဘူး။+ သန့်ရှင်းတဲ့အဝတ်တွေ ဖြစ်လို့ပဲ။ လူအများ ဝင်ထွက်ခွင့်ရှိတဲ့နေရာကို သွားမယ်ဆိုရင် တခြားအဝတ်တွေကို လဲဝတ်ရမယ်။”

၁၅ သူဟာ ဗိမာန်တော်ဧရိယာရဲ့ အတွင်းဘက်ကို တိုင်းပြီးတဲ့နောက် အရှေ့ဘက် မျက်နှာမူထားတဲ့ တံခါးကနေ အပြင်ဘက်ဆီ ကျွန်တော့်ကို ခေါ်သွားတယ်။+ ပြီးတဲ့နောက် ဧရိယာတစ်ခုလုံးကို တိုင်းတယ်။

၁၆ အရှေ့ဘက်ခြမ်းကို တိုင်းစရာကျူရိုးနဲ့* သူတိုင်းတဲ့အခါ ဒီဘက်ထိပ်ကနေ ဟိုဘက်ထိပ်အထိ ကျူရိုးအပြန် ၅၀၀ ရှိတယ်။

၁၇ မြောက်ဘက်ခြမ်းကို တိုင်းတဲ့အခါ ကျူရိုးအပြန် ၅၀၀ ရှိတယ်။

၁၈ တောင်ဘက်ခြမ်းကို တိုင်းတဲ့အခါ ကျူရိုးအပြန် ၅၀၀ ရှိတယ်။

၁၉ အနောက်ဘက်ခြမ်းကို သွားပြီး တိုင်းတဲ့အခါ ကျူရိုးအပြန် ၅၀၀ ရှိတယ်။

၂၀ အဲဒီဧရိယာရဲ့ လေးဖက်စလုံးကို သူတိုင်းတယ်။ ပတ်လည်တံတိုင်းက+ အလျား ကျူရိုးအပြန် ၅၀၀၊ အနံ ကျူရိုးအပြန် ၅၀၀ ရှိတယ်။+ အဲဒီတံတိုင်းက သန့်ရှင်းတဲ့မြေနဲ့ လူအများနဲ့ဆိုင်တဲ့မြေကို ပိုင်းခြားထားတယ်။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ