ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဝတ်ပြုရာ ၁၄
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

ဝတ်ပြုရာ မာတိကာ

      • အနာကြီးရောဂါမှ သန့်စင်ခြင်း (၁-၃၂)

      • မှိုစွဲတဲ့အိမ်တွေကို သန့်စင်ခြင်း (၃၃-၅၇)

ဝတ်ပြုရာ ၁၄:၂

ကျမ်းညွှန်းများ

  • +ဝ ၁၃:၂; မ ၈:၄; မာ ၁:၄၄; လု ၅:၁၄; ၁၇:၁၄

ဝတ်ပြုရာ ၁၄:၄

အောက်ခြေမှတ်ချက်များ

  • *

    ခက်ဆစ်ကိုကြည့်။

ကျမ်းညွှန်းများ

  • +ဝ ၁၄:၄၉-၅၃; တလ ၁၉:၆၊ ၉; ဆ ၅၁:၇

ဝတ်ပြုရာ ၁၄:၇

ကျမ်းညွှန်းများ

  • +ဝ ၁၆:၂၂

ဝတ်ပြုရာ ၁၄:၁၀

အောက်ခြေမှတ်ချက်များ

  • *

    တစ်ဧဖာက ၂၂ လီတာဆံ့တဲ့ ပုံးတစ်ပုံးစာရှိ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။

  • *

    တစ်လောဂက ဝ.၃၁ လီတာနဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။

ကျမ်းညွှန်းများ

  • +ဝ ၄:၃၂
  • +ဝ ၂:၁
  • +မာ ၁:၄၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    အကြီးမြတ်ဆုံးလူသား၊ အခန်း ၂၅

ဝတ်ပြုရာ ၁၄:၁၁

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    အကြီးမြတ်ဆုံးလူသား၊ အခန်း ၂၅

ဝတ်ပြုရာ ၁၄:၁၂

ကျမ်းညွှန်းများ

  • +ဝ ၆:၆
  • +ဝ ၁၄:၂၁၊ ၂၄

ဝတ်ပြုရာ ၁၄:၁၃

ကျမ်းညွှန်းများ

  • +ဝ ၁:၁၀၊ ၁၁; ၄:၃၊ ၄
  • +ဝ ၂:၃; ၇:၇; ၁က ၉:၁၃; ၁၀:၁၈
  • +ဝ ၆:၂၅

ဝတ်ပြုရာ ၁၄:၁၅

ကျမ်းညွှန်းများ

  • +ဝ ၁၄:၁၀

ဝတ်ပြုရာ ၁၄:၁၈

ကျမ်းညွှန်းများ

  • +ဝ ၆:၇; ၁ယ ၁:၇; ၂:၁၊ ၂

ဝတ်ပြုရာ ၁၄:၁၉

ကျမ်းညွှန်းများ

  • +ဝ ၅:၆

ဝတ်ပြုရာ ၁၄:၂၀

ကျမ်းညွှန်းများ

  • +ဝ ၂:၁; ၁၄:၁၀; တလ ၁၅:၄
  • +မ ၈:၄
  • +ဝ ၁၄:၉; မာ ၁:၄၄; လု ၅:၁၄; ၁၇:၁၄

ဝတ်ပြုရာ ၁၄:၂၁

အောက်ခြေမှတ်ချက်များ

  • *

    တစ်ဧဖာက ၂၂ လီတာဆံ့တဲ့ ပုံးတစ်ပုံးစာရှိ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။

ဝတ်ပြုရာ ၁၄:၂၂

ကျမ်းညွှန်းများ

  • +ဝ ၁:၁၄; ၅:၇; ၁၂:၈

ဝတ်ပြုရာ ၁၄:၂၃

ကျမ်းညွှန်းများ

  • +ဝ ၁၅:၁၃၊ ၁၄
  • +ဝ ၁၄:၁၀၊ ၁၁

ဝတ်ပြုရာ ၁၄:၂၄

ကျမ်းညွှန်းများ

  • +ဝ ၆:၆
  • +ဝ ၁၄:၁၂

ဝတ်ပြုရာ ၁၄:၂၅

ကျမ်းညွှန်းများ

  • +ဝ ၁၄:၁၄

ဝတ်ပြုရာ ၁၄:၂၆

ကျမ်းညွှန်းများ

  • +ဝ ၁၄:၁၅-၁၈

ဝတ်ပြုရာ ၁၄:၃၀

ကျမ်းညွှန်းများ

  • +ဝ ၁၂:၈; ၁၄:၂၂

ဝတ်ပြုရာ ၁၄:၃၁

ကျမ်းညွှန်းများ

  • +ဝ ၅:၇
  • +ဝ ၁၄:၂၀

ဝတ်ပြုရာ ၁၄:၃၄

အောက်ခြေမှတ်ချက်များ

  • *

    မူရင်း၊ “အနာကြီးရောဂါ။” မှို၊ ဖားဥစွဲတာ ဖြစ်နိုင်ပေမဲ့ အတိအကျ မပြောနိုင်ပါ။

ကျမ်းညွှန်းများ

  • +က ၁၇:၈; တလ ၃၅:၁၀
  • +တရ ၇:၁၂၊ ၁၅

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ၊

    ၁၂/၂၀၂၀၊ စာ. ၆

ဝတ်ပြုရာ ၁၄:၃၈

ကျမ်းညွှန်းများ

  • +ဝ ၁၃:၄၊ ၅၀; တလ ၁၂:၁၅

ဝတ်ပြုရာ ၁၄:၄၄

ကျမ်းညွှန်းများ

  • +ဝ ၁၃:၅၁

ဝတ်ပြုရာ ၁၄:၄၅

ကျမ်းညွှန်းများ

  • +ဝ ၁၄:၄၁

ဝတ်ပြုရာ ၁၄:၄၆

ကျမ်းညွှန်းများ

  • +ဝ ၁၄:၃၈
  • +ဝ ၁၁:၂၃-၂၅; ၁၅:၈; ၁၇:၁၅; ၂၂:၄-၆

ဝတ်ပြုရာ ၁၄:၄၉

ကျမ်းညွှန်းများ

  • +ဝ ၁၄:၃၊ ၄; တလ ၁၉:၆၊ ၇

ဝတ်ပြုရာ ၁၄:၅၁

ကျမ်းညွှန်းများ

  • +ဝ ၁၄:၆၊ ၇

ဝတ်ပြုရာ ၁၄:၅၄

ကျမ်းညွှန်းများ

  • +ဝ ၁၃:၃၀

ဝတ်ပြုရာ ၁၄:၅၅

ကျမ်းညွှန်းများ

  • +ဝ ၁၃:၄၇; ၁၄:၃၄

ဝတ်ပြုရာ ၁၄:၅၆

ကျမ်းညွှန်းများ

  • +ဝ ၁၃:၂

ဝတ်ပြုရာ ၁၄:၅၇

ကျမ်းညွှန်းများ

  • +ဝ ၁၀:၁၀; ယဇ ၄၄:၂၃
  • +တရ ၂၄:၈

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

ဝတ်. ၁၄:၂ဝ ၁၃:၂; မ ၈:၄; မာ ၁:၄၄; လု ၅:၁၄; ၁၇:၁၄
ဝတ်. ၁၄:၄ဝ ၁၄:၄၉-၅၃; တလ ၁၉:၆၊ ၉; ဆ ၅၁:၇
ဝတ်. ၁၄:၇ဝ ၁၆:၂၂
ဝတ်. ၁၄:၁၀ဝ ၄:၃၂
ဝတ်. ၁၄:၁၀ဝ ၂:၁
ဝတ်. ၁၄:၁၀မာ ၁:၄၄
ဝတ်. ၁၄:၁၂ဝ ၆:၆
ဝတ်. ၁၄:၁၂ဝ ၁၄:၂၁၊ ၂၄
ဝတ်. ၁၄:၁၃ဝ ၁:၁၀၊ ၁၁; ၄:၃၊ ၄
ဝတ်. ၁၄:၁၃ဝ ၂:၃; ၇:၇; ၁က ၉:၁၃; ၁၀:၁၈
ဝတ်. ၁၄:၁၃ဝ ၆:၂၅
ဝတ်. ၁၄:၁၅ဝ ၁၄:၁၀
ဝတ်. ၁၄:၁၈ဝ ၆:၇; ၁ယ ၁:၇; ၂:၁၊ ၂
ဝတ်. ၁၄:၁၉ဝ ၅:၆
ဝတ်. ၁၄:၂၀ဝ ၂:၁; ၁၄:၁၀; တလ ၁၅:၄
ဝတ်. ၁၄:၂၀မ ၈:၄
ဝတ်. ၁၄:၂၀ဝ ၁၄:၉; မာ ၁:၄၄; လု ၅:၁၄; ၁၇:၁၄
ဝတ်. ၁၄:၂၂ဝ ၁:၁၄; ၅:၇; ၁၂:၈
ဝတ်. ၁၄:၂၃ဝ ၁၅:၁၃၊ ၁၄
ဝတ်. ၁၄:၂၃ဝ ၁၄:၁၀၊ ၁၁
ဝတ်. ၁၄:၂၄ဝ ၆:၆
ဝတ်. ၁၄:၂၄ဝ ၁၄:၁၂
ဝတ်. ၁၄:၂၅ဝ ၁၄:၁၄
ဝတ်. ၁၄:၂၆ဝ ၁၄:၁၅-၁၈
ဝတ်. ၁၄:၃၀ဝ ၁၂:၈; ၁၄:၂၂
ဝတ်. ၁၄:၃၁ဝ ၅:၇
ဝတ်. ၁၄:၃၁ဝ ၁၄:၂၀
ဝတ်. ၁၄:၃၄က ၁၇:၈; တလ ၃၅:၁၀
ဝတ်. ၁၄:၃၄တရ ၇:၁၂၊ ၁၅
ဝတ်. ၁၄:၃၈ဝ ၁၃:၄၊ ၅၀; တလ ၁၂:၁၅
ဝတ်. ၁၄:၄၄ဝ ၁၃:၅၁
ဝတ်. ၁၄:၄၅ဝ ၁၄:၄၁
ဝတ်. ၁၄:၄၆ဝ ၁၄:၃၈
ဝတ်. ၁၄:၄၆ဝ ၁၁:၂၃-၂၅; ၁၅:၈; ၁၇:၁၅; ၂၂:၄-၆
ဝတ်. ၁၄:၄၉ဝ ၁၄:၃၊ ၄; တလ ၁၉:၆၊ ၇
ဝတ်. ၁၄:၅၁ဝ ၁၄:၆၊ ၇
ဝတ်. ၁၄:၅၄ဝ ၁၃:၃၀
ဝတ်. ၁၄:၅၅ဝ ၁၃:၄၇; ၁၄:၃၄
ဝတ်. ၁၄:၅၆ဝ ၁၃:၂
ဝတ်. ၁၄:၅၇ဝ ၁၀:၁၀; ယဇ ၄၄:၂၃
ဝတ်. ၁၄:၅၇တရ ၂၄:၈
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
  • ၂၈
  • ၂၉
  • ၃၀
  • ၃၁
  • ၃၂
  • ၃၃
  • ၃၄
  • ၃၅
  • ၃၆
  • ၃၇
  • ၃၈
  • ၃၉
  • ၄၀
  • ၄၁
  • ၄၂
  • ၄၃
  • ၄၄
  • ၄၅
  • ၄၆
  • ၄၇
  • ၄၈
  • ၄၉
  • ၅၀
  • ၅၁
  • ၅၂
  • ၅၃
  • ၅၄
  • ၅၅
  • ၅၆
  • ၅၇
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ဝတ်ပြုရာ ၁၄:၁-၅၇

ဝတ်ပြုရာ

၁၄ ယေဟောဝါက  မောရှေကို မိန့်မှာတယ်– ၂ “အနာကြီးရောဂါသည်ကို  ပုရောဟိတ်ဆီ ခေါ်လာပြီးနောက်+ သန့်ရှင်းတယ်လို့ အတည်ပြုတဲ့နေ့မှာ  လိုက်နာရမယ့် ပညတ်ကတော့၊ ၃ ပုရောဟိတ်က  စခန်းအပြင် ထွက်သွားပြီး သူ့ကို စစ်ဆေးကြည့်ရမယ်။ အနာကြီးရောဂါသည်ဟာ ရောဂါပျောက်သွားပြီဆိုရင်၊ ၄ သူ့ကို သန့်စင်ပေးဖို့ သန့်ရှင်းတဲ့ ငှက်အရှင်နှစ်ကောင်၊ သစ်ကတိုးသား၊ ကြက်သွေးရောင်ချည်၊  ဟုဿုပ်ခက်ကို* ယူလာခိုင်းရမယ်။+ ၅ ပုရောဟိတ်က စမ်းရေထည့်ထားတဲ့ မြေအိုးထဲမှာ ငှက်တစ်ကောင်ကို သတ်ခိုင်းရမယ်။ ၆ ငှက်အရှင်ကိုတော့ သစ်ကတိုးသား၊ ကြက်သွေးရောင်ချည်၊ ဟုဿုပ်ခက်နဲ့အတူ မြေအိုးထဲကငှက်သွေးထဲ နှစ်ရမယ်။ ၇ သန့်ရှင်းသွားတဲ့ ရောဂါသည်အပေါ် အဲဒီသွေးကို ခုနစ်ခါဖျန်းပြီး သူ့ကို သန့်ရှင်းသွားပြီလို့ အတည်ပြုပေးရမယ်။ ပြီးရင် ငှက်အရှင်ကို လွှတ်ပေးလိုက်ရမယ်။+

၈ “သန့်ရှင်းသွားတဲ့သူဟာ အဝတ်တွေလျှော်၊ အမွေးတွေရိတ်ပြီး ရေချိုးရမယ်။  ပြီးရင်  သူသန့်ရှင်းသွားပြီဖြစ်လို့ စခန်းထဲ ပြန်ဝင်လာနိုင်တယ်။ ဒါပေမဲ့ တဲအပြင်မှာ ခုနစ်ရက်နေရမယ်။ ၉ ခုနစ်ရက်မြောက်နေ့မှာ ဆံပင်၊ မုတ်ဆိတ်နဲ့ မျက်ခုံးမွေးတွေ ရိတ်ပစ်ရမယ်။ အမွေးတွေရိတ်၊ အဝတ်တွေလျှော်၊ ရေချိုးပြီးရင် သူဟာ သန့်ရှင်းသွားပြီ။

၁၀ “ရှစ်ရက်မြောက်နေ့မှာ သူဟာ အနာအဆာမရှိတဲ့  သိုးထီးလေးနှစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးမလေးတစ်ကောင်၊+  ကောက်နှံအလှူအဖြစ် ဆီလောင်းထားတဲ့ဂျုံနု+ တစ်ဧဖာရဲ့* ဆယ်ပုံသုံးပုံ၊ ဆီတစ်လောဂကို* ယူလာရမယ်။+ ၁၁ သန့်ရှင်းတယ်လို့ အတည်ပြုပေးတဲ့ ပုရောဟိတ်ဟာ သန့်ရှင်းသွားသူနဲ့အတူ အဲဒီအလှူတွေကို ယေဟောဝါရှေ့၊ တွေ့ဆုံရာတဲတော်  ဝင်ပေါက်ကို  ယူလာရမယ်။ ၁၂ ပုရောဟိတ်က ဒုစရိုက်ဖြေရာအလှူအဖြစ် သိုးထီးလေးတစ်ကောင်နဲ့+ ဆီတစ်လောဂကို ယူပြီး ယေဟောဝါရှေ့မှာ ချီလွှဲပေးရမယ်။+ ၁၃ ပြီးရင် အပြစ်ဖြေရာအလှူနဲ့ မီးရှို့ရာအလှူဖြစ်တဲ့ တိရစ္ဆာန်ကို သတ်နေကျနေရာ၊ သန့်ရှင်းရာဌာနတော်မှာ သိုးထီးလေးကို သတ်ရမယ်။+ အပြစ်ဖြေရာအလှူမှာလိုပဲ  ဒုစရိုက်ဖြေရာအလှူကိုလည်း ပုရောဟိတ် ယူရမယ်။+ ဒါဟာ အသန့်ရှင်းဆုံးအရာပဲ။+

၁၄ “အဲဒီနောက် ပုရောဟိတ်က ဒုစရိုက်ဖြေရာအလှူရဲ့ သွေးနည်းနည်းကို ယူပြီး သန့်ရှင်းသွားသူရဲ့ ညာဘက်နားပန်၊ ညာလက်မနဲ့ ညာခြေမပေါ်မှာ သုတ်ရမယ်။ ၁၅ ဆီတစ်လောဂထဲက နည်းနည်းကိုယူပြီး+ ဘယ်လက်ဖဝါးထဲမှာ ထည့်ရမယ်။ ၁၆ ဘယ်လက်ဖဝါးမှာရှိတဲ့ ဆီထဲ ညာလက်ညှိုးကိုနှစ်ပြီး ယေဟောဝါရှေ့ ခုနစ်ခါဖျန်းရမယ်။ ၁၇ လက်ဖဝါးထဲမှာကျန်တဲ့ ဆီနည်းနည်းကို သန့်ရှင်းသွားသူရဲ့ ညာဘက်နားပန်၊ ညာလက်မနဲ့ ညာခြေမပေါ် သုတ်ထားတဲ့ သွေးပေါ်မှာ ထပ်သုတ်ရမယ်။ ၁၈ လက်ဖဝါးထဲမှာကျန်တဲ့ ဆီကို သန့်ရှင်းသွားသူရဲ့ ခေါင်းပေါ် လိမ်းပေးပြီး ယေဟောဝါရှေ့မှာ အပြစ်ဖြေပေးရမယ်။+

၁၉ “ပုရောဟိတ်က အပြစ်ဖြေရာအလှူကို ပူဇော်ပြီး+ သန့်ရှင်းသွားသူအတွက် အပြစ်ဖြေ ပေးရမယ်။ ပြီးတော့ မီးရှို့ရာအလှူဖြစ်တဲ့ တိရစ္ဆာန်ကို သတ်ရမယ်။ ၂၀ မီးရှို့ရာအလှူနဲ့ ကောက်နှံအလှူကို+ ပူဇော်ရာပလ္လင်ပေါ်မှာ ပူဇော်ပြီး သူ့အတွက် အပြစ်ဖြေပေးရမယ်။+ ဒီနည်းနဲ့ သူ သန့်ရှင်းသွားမယ်။+

၂၁ “ဒါပေမဲ့  သူဟာ   ဆင်းရဲလို့ မတတ်နိုင်ဘူးဆိုရင်  သူ့အပြစ်ဖြေနိုင်အောင် ဒုစရိုက်ဖြေရာအလှူအဖြစ် ချီလွှဲဖို့ သိုးထီးလေးတစ်ကောင်၊ ကောက်နှံအလှူအဖြစ်  ဆီလောင်းထားတဲ့ဂျုံနု တစ်ဧဖာရဲ့* ဆယ်ပုံတစ်ပုံ၊ ဆီတစ်လောဂကို ယူလာရမယ်။ ၂၂ သူတတ်နိုင်တဲ့ ချိုးနှစ်ကောင် ဒါမှမဟုတ် ခိုကလေးနှစ်ကောင်ကိုလည်း  ယူလာရမယ်။ အပြစ်ဖြေရာအလှူအတွက် တစ်ကောင်၊ မီးရှို့ရာအလှူအတွက် တစ်ကောင်ဖြစ်တယ်။+ ၂၃ ရှစ်ရက်မြောက်နေ့မှာ+  သန့်ရှင်းတယ်လို့ အတည်ပြုဖို့ အဲဒါတွေကို ယေဟောဝါရှေ့၊ တွေ့ဆုံရာတဲတော်ဝင်ပေါက်မှာရှိတဲ့ ပုရောဟိတ်ဆီ ယူလာရမယ်။+

၂၄ “ပုရောဟိတ်က ဒုစရိုက်ဖြေရာအလှူဖြစ်တဲ့ သိုးထီးလေးနဲ့+ ဆီတစ်လောဂကို ယူပြီး ယေဟောဝါရှေ့ ချီလွှဲပေးရမယ်။+ ၂၅ ဒုစရိုက်ဖြေရာအလှူဖြစ်တဲ့ သိုးထီးလေးကို သတ်၊ သွေးနည်းနည်းကို  ယူပြီး  သန့်ရှင်းသွားသူရဲ့  ညာဘက်နားပန်၊  ညာလက်မနဲ့ ညာခြေမပေါ်မှာ သုတ်ရမယ်။+ ၂၆ ပြီးတော့ ပုရောဟိတ်က ဘယ်လက်ဖဝါးထဲ ဆီနည်းနည်း ထည့်ရမယ်။+ ၂၇ ဘယ်လက်ဖဝါးထဲက ဆီနည်းနည်းကို ညာလက်ညှိုးနဲ့ ယူပြီး ယေဟောဝါရှေ့ ခုနစ်ခါ ဖျန်းရမယ်။ ၂၈ လက်ဖဝါးထဲမှာကျန်တဲ့ ဆီနည်းနည်းကို သန့်ရှင်းသွားသူရဲ့ ညာဘက်နားပန်၊ ညာလက်မနဲ့ ညာခြေမပေါ် သုတ်ထားတဲ့ သွေးပေါ်မှာ ထပ်သုတ်ရမယ်။ ၂၉ လက်ဖဝါးထဲမှာကျန်တဲ့ဆီကို သန့်ရှင်းသွားသူရဲ့ ခေါင်းပေါ် လိမ်းပေးပြီး ယေဟောဝါရှေ့မှာ အပြစ်ဖြေပေးရမယ်။

၃၀ “အဲဒီနောက် သူတတ်နိုင်တဲ့ ချိုးနှစ်ကောင် ဒါမှမဟုတ် ခိုကလေးနှစ်ကောင်ကို  ပုရောဟိတ်က  ပူဇော်ရမယ်။+ ၃၁ တစ်ကောင်ကို အပြစ်ဖြေရာအလှူအဖြစ်၊ နောက်တစ်ကောင်ကို မီးရှို့ရာအလှူအဖြစ်+ ကောက်နှံအလှူနဲ့အတူ ပူဇော်ရမယ်။  သန့်ရှင်းသွားသူအတွက် ယေဟောဝါရှေ့မှာ အပြစ်ဖြေပေးရမယ်။+

၃၂ “ဆင်းရဲလို့ မတတ်နိုင်တဲ့ အနာကြီးရောဂါသည်ကို သန့်ရှင်းတယ်လို့ အတည်ပြုတဲ့အခါ  ဒီပညတ်အတိုင်း လိုက်နာရမယ်။”

၃၃ ယေဟောဝါက မောရှေနဲ့ အာရုန်ကို ပြောတယ်– ၃၄ “ငါအပိုင်ပေးမယ့်  ခါနန်ပြည်ကို  ရောက်ပြီးနောက်+  မင်းတို့ရဲ့အိမ်တစ်အိမ်မှာ ကူးစက်ပြန့်ပွားနာ*  ဖြစ်တဲ့အခါ၊+ ၃၅ အိမ်ပိုင်ရှင်က ပုရောဟိတ်ဆီ လာပြီး  ‘ကျွန်တော့်အိမ်နံရံမှာ  အကွက်တွေ  ပေါ်နေတယ်’  လို့ပြောရမယ်။ ၃၆ ပုရောဟိတ်က အိမ်ထဲကပစ္စည်းတွေကို အရင် ရှင်းထုတ်ခိုင်းရမယ်။ ပြီးမှ အိမ်ကို လာစစ်ဆေးကြည့်ရမယ်။ မရှင်းထုတ်ထားရင် အိမ်ထဲကပစ္စည်းရှိသမျှ မသန့်ရှင်းဘူးလို့ အတည်ပြုမိနိုင်တယ်။ ၃၇ ပုရောဟိတ်က  စစ်ဆေးတဲ့အခါ အိမ်နံရံက စိမ်းဝါရောင် ဒါမှမဟုတ် နီစပ်စပ်အကွက်တွေကြောင့် ညစ်ညမ်းနေမယ်၊ အကွက်က နံရံထဲထိ စွဲနေမယ်ဆိုရင်၊ ၃၈ အိမ်ပြင်ထွက်ပြီး အိမ်ကို ခုနစ်ရက် ပိတ်ထားရမယ်။+

၃၉ “ခုနစ်ရက်မြောက်နေ့မှာ ပုရောဟိတ်က ပြန်လာကြည့်ရမယ်။ အိမ်နံရံမှာ ညစ်ညမ်းတဲ့အကွက် ပြန့်ပွားနေမယ်ဆိုရင်၊ ၄၀ ညစ်ညမ်းနေတဲ့ ကျောက်တုံးတွေကို  ထုတ်ပစ်ပြီး  မြို့ပြင်က မသန့်ရှင်းတဲ့ နေရာမှာ သွားပစ်ခိုင်းရမယ်။ ၄၁ အိမ်အတွင်းနံရံက အင်္ဂတေကိုလည်း အသေအချာ ခြစ်ထုတ်ခိုင်းရမယ်။ ခြစ်ထုတ်လိုက်တဲ့ အင်္ဂတေတွေကို မြို့ပြင်က မသန့်ရှင်းတဲ့ နေရာမှာ သွားပစ်ရမယ်။ ၄၂ ထုတ်ပစ်လိုက်တဲ့ ကျောက်တုံးတွေနေရာမှာ တခြားကျောက်တုံးတွေနဲ့ အစားထိုးရမယ်။ အင်္ဂတေအသစ်ကိုင်ရမယ်။

၄၃ “အဲဒီအိမ်က  ကျောက်တုံးတွေကို  ထုတ်ပစ်၊  အင်္ဂတေကိုခြစ်ထုတ်၊ အင်္ဂတေအသစ် ကိုင်ပြီးနောက်လည်း ညစ်ညမ်းတဲ့အကွက် ပြန်ပေါ်လာတယ်ဆိုရင်၊ ၄၄ ပုရောဟိတ်က အိမ်ထဲဝင်ပြီး စစ်ဆေးကြည့်ရမယ်။ ညစ်ညမ်းတဲ့အကွက်တွေ ပြန့်ပွားနေပြီဆိုရင် ကူးစက်ပြန့်ပွားနာပဲ။+ အဲဒီအိမ် မသန့်ရှင်းဘူး။ ၄၅ အိမ်ကို ဖြိုချခိုင်းပြီး ကျောက်တုံး၊ သစ်သား၊ အင်္ဂတေ အားလုံးကို မြို့ပြင်က မသန့်ရှင်းတဲ့ နေရာဆီ သယ်သွားခိုင်းရမယ်။+ ၄၆ အိမ်ကိုပိတ်ထားချိန်အတွင်း+ အိမ်ထဲဝင်တဲ့သူတိုင်း ညဦးပိုင်းအထိ မသန့်ရှင်းဘူး။+ ၄၇ အိမ်ထဲမှာ အိပ်တဲ့သူ၊ စားတဲ့သူတိုင်း ကိုယ့်အဝတ်တွေကို လျှော်ရမယ်။

၄၈ “ပုရောဟိတ်က လာကြည့်တဲ့အခါ အိမ်က အင်္ဂတေအသစ် ကိုင်ပြီးနောက် ညစ်ညမ်းတဲ့အကွက်တွေ မပြန့်ပွားဘူးဆိုရင်တော့ သန့်ရှင်းတယ်လို့ အတည်ပြုပေးရမယ်။  ညစ်ညမ်းတဲ့ အကွက်တွေ ပျောက်သွားပြီဖြစ်လို့ပဲ။ ၄၉ အိမ်ကို သန့်ရှင်းသွားအောင် လုပ်ပေးဖို့ ငှက်နှစ်ကောင်၊ သစ်ကတိုးသား၊ ကြက်သွေးရောင်ချည်၊ ဟုဿုပ်ခက်ကို ယူရမယ်။+ ၅၀ ပြီးတော့ စမ်းရေထည့်ထားတဲ့ မြေအိုးထဲမှာ ငှက်တစ်ကောင်ကို သတ်ရမယ်။ ၅၁ သစ်ကတိုးသား၊ ဟုဿုပ်ခက်၊ ကြက်သွေးရောင်ချည်နဲ့ ငှက်အရှင်ကို မြေအိုးထဲကငှက်သွေးထဲ နှစ်ရမယ်။ အိမ်ကို အဲဒီသွေးနဲ့ ခုနစ်ခါဖျန်းရမယ်။+ ၅၂ ငှက်သွေး၊ စမ်းရေ၊ ငှက်အရှင်၊ သစ်ကတိုးသား၊ ဟုဿုပ်ခက်၊ ကြက်သွေးရောင်ချည်ကို သုံးပြီး အဲဒီအိမ်ကို သန့်ရှင်းသွားအောင် လုပ်ပေးရမယ်။ ၅၃ ငှက်အရှင်ကိုတော့ မြို့ပြင်မှာ လွှတ်လိုက်ပြီး အိမ်အတွက် အပြစ်ဖြေပေးရမယ်။ ဒါဆိုရင် အိမ်က သန့်ရှင်းသွားပြီ။

၅၄ “ဒါတွေဟာ အနာကြီးရောဂါ အမျိုးမျိုးနဲ့ဆိုင်တဲ့ ပညတ်ပဲ။ ဦးရေပြား ဒါမှမဟုတ် မေးစေ့မှာအနာပေါက်ရင်၊+ ၅၅ အဝတ်နဲ့အိမ်မှာ ကူးစက်ပြန့်ပွားနာဖြစ်ရင်၊+ ၅၆ အဖုအပိမ့်၊ ဝဲနာ၊ အနာကွက်တွေ ပေါက်ရင်  ဒီပညတ်အတိုင်း လိုက်နာရမယ်။+ ၅၇ ဘယ်လိုအခြေအနေမှာ  သန့်ရှင်းတယ်၊ ဘယ်လိုအခြေအနေမှာ မသန့်ရှင်းဘူးဆိုတာ ဆုံးဖြတ်ပေးရမယ်။+ ဒါဟာ အနာကြီးရောဂါဖြစ်ရင် လိုက်နာရမယ့် ပညတ်ပဲ။”+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ