ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ရှမွေလ ၂၂
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

၁ ရှမွေလ မာတိကာ

      • အဒုလံလိုဏ်ဂူနဲ့ မိဇပါမြို့ကို ဒါဝိဒ်ရောက် (၁-၅)

      • နောဗမြို့က ပုရောဟိတ်တွေကို ရှောလုကွပ်မျက် (၆-၁၉)

      • အဗျာသာ လွတ်မြောက် (၂၀-၂၃)

၁ ရှမွေလ ၂၂:၁

ကျမ်းညွှန်းများ

  • +၁ရှ ၂၁:၁၀
  • +ယရ ၁၅:၂၀၊ ၃၅; ၂ရှ ၂၃:၁၃; ဆ ၃၄:၁၉; ၅၆:၁၃

၁ ရှမွေလ ၂၂:၃

ကျမ်းညွှန်းများ

  • +ရု ၄:၁၀၊ ၁၇; ၁ရှ ၁၄:၄၇

၁ ရှမွေလ ၂၂:၄

ကျမ်းညွှန်းများ

  • +၁ရှ ၂၂:၁

၁ ရှမွေလ ၂၂:၅

ကျမ်းညွှန်းများ

  • +၂ရှ ၂၄:၁၁၊ ၁၂; ၁ရ ၂၁:၉၊ ၁၀; ၂၉:၂၉; ၂ရ ၂၉:၂၅
  • +၁ရှ ၂၃:၃

၁ ရှမွေလ ၂၂:၆

အောက်ခြေမှတ်ချက်များ

  • *

    အရွက်သေးပြီး အဖြူရောင်၊ ပန်းရောင်ပွင့်တဲ့ အမြဲစိမ်းပင်တစ်မျိုး။

ကျမ်းညွှန်းများ

  • +၁ရှ ၁၀:၂၆

၁ ရှမွေလ ၂၂:၇

ကျမ်းညွှန်းများ

  • +ရု ၄:၂၂
  • +၁ရှ ၈:၁၁၊ ၁၂

၁ ရှမွေလ ၂၂:၈

ကျမ်းညွှန်းများ

  • +၁ရှ ၁၈:၃; ၂၀:၁၇

၁ ရှမွေလ ၂၂:၉

ကျမ်းညွှန်းများ

  • +၁ရှ ၂၁:၁၊ ၇; ဆ ၅၂:ထိပ်စီးစာသား
  • +၁ရှ ၁၄:၃; ၂၂:၂၀

၁ ရှမွေလ ၂၂:၁၀

ကျမ်းညွှန်းများ

  • +၁ရှ ၂၁:၆၊ ၉
  • +ဆ ၅၂:၂၊ ၃

၁ ရှမွေလ ၂၂:၁၄

ကျမ်းညွှန်းများ

  • +၁ရှ ၁၉:၄; ၂၀:၃၂; ၂၄:၁၁; ၂၆:၂၃
  • +၁ရှ ၁၇:၂၅; ၁၈:၂၇
  • +၁ရှ ၁၈:၅၊ ၁၃

၁ ရှမွေလ ၂၂:၁၅

ကျမ်းညွှန်းများ

  • +၁ရှ ၂၂:၁၀
  • +၁ရှ ၂၁:၁၊ ၂

၁ ရှမွေလ ၂၂:၁၆

ကျမ်းညွှန်းများ

  • +၁ရှ ၂:၂၇၊ ၃၂
  • +၁ရှ ၁၄:၄၄; ၂၀:၃၁

၁ ရှမွေလ ၂၂:၁၈

ကျမ်းညွှန်းများ

  • +က ၂၅:၃၀
  • +ဆ ၅၂:ထိပ်စီးစာသား
  • +၁ရှ ၂:၂၇၊ ၃၁

၁ ရှမွေလ ၂၂:၁၉

ကျမ်းညွှန်းများ

  • +၁ရှ ၂၁:၁; ၂၂:၉

၁ ရှမွေလ ၂၂:၂၀

ကျမ်းညွှန်းများ

  • +၁ရှ ၂၃:၆; ၃၀:၇; ၂ရှ ၂၀:၂၅; ၁ဘု ၂:၂၇

၁ ရှမွေလ ၂၂:၂၂

ကျမ်းညွှန်းများ

  • +၁ရှ ၂၁:၁၊ ၇

၁ ရှမွေလ ၂၂:၂၃

ကျမ်းညွှန်းများ

  • +၁ဘု ၂:၂၆

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

၁ ရှ. ၂၂:၁၁ရှ ၂၁:၁၀
၁ ရှ. ၂၂:၁ယရ ၁၅:၂၀၊ ၃၅; ၂ရှ ၂၃:၁၃; ဆ ၃၄:၁၉; ၅၆:၁၃
၁ ရှ. ၂၂:၃ရု ၄:၁၀၊ ၁၇; ၁ရှ ၁၄:၄၇
၁ ရှ. ၂၂:၄၁ရှ ၂၂:၁
၁ ရှ. ၂၂:၅၂ရှ ၂၄:၁၁၊ ၁၂; ၁ရ ၂၁:၉၊ ၁၀; ၂၉:၂၉; ၂ရ ၂၉:၂၅
၁ ရှ. ၂၂:၅၁ရှ ၂၃:၃
၁ ရှ. ၂၂:၆၁ရှ ၁၀:၂၆
၁ ရှ. ၂၂:၇ရု ၄:၂၂
၁ ရှ. ၂၂:၇၁ရှ ၈:၁၁၊ ၁၂
၁ ရှ. ၂၂:၈၁ရှ ၁၈:၃; ၂၀:၁၇
၁ ရှ. ၂၂:၉၁ရှ ၂၁:၁၊ ၇; ဆ ၅၂:ထိပ်စီးစာသား
၁ ရှ. ၂၂:၉၁ရှ ၁၄:၃; ၂၂:၂၀
၁ ရှ. ၂၂:၁၀၁ရှ ၂၁:၆၊ ၉
၁ ရှ. ၂၂:၁၀ဆ ၅၂:၂၊ ၃
၁ ရှ. ၂၂:၁၄၁ရှ ၁၉:၄; ၂၀:၃၂; ၂၄:၁၁; ၂၆:၂၃
၁ ရှ. ၂၂:၁၄၁ရှ ၁၇:၂၅; ၁၈:၂၇
၁ ရှ. ၂၂:၁၄၁ရှ ၁၈:၅၊ ၁၃
၁ ရှ. ၂၂:၁၅၁ရှ ၂၂:၁၀
၁ ရှ. ၂၂:၁၅၁ရှ ၂၁:၁၊ ၂
၁ ရှ. ၂၂:၁၆၁ရှ ၂:၂၇၊ ၃၂
၁ ရှ. ၂၂:၁၆၁ရှ ၁၄:၄၄; ၂၀:၃၁
၁ ရှ. ၂၂:၁၈က ၂၅:၃၀
၁ ရှ. ၂၂:၁၈ဆ ၅၂:ထိပ်စီးစာသား
၁ ရှ. ၂၂:၁၈၁ရှ ၂:၂၇၊ ၃၁
၁ ရှ. ၂၂:၁၉၁ရှ ၂၁:၁; ၂၂:၉
၁ ရှ. ၂၂:၂၀၁ရှ ၂၃:၆; ၃၀:၇; ၂ရှ ၂၀:၂၅; ၁ဘု ၂:၂၇
၁ ရှ. ၂၂:၂၂၁ရှ ၂၁:၁၊ ၇
၁ ရှ. ၂၂:၂၃၁ဘု ၂:၂၆
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၁ ရှမွေလ ၂၂:၁-၂၃

၁ ရှမွေလ

၂၂ ဒါဝိဒ်ဟာ ဂါသမင်း အာခိတ်ဆီကနေ ထွက်ပြေးပြီး+ အဒုလံလိုဏ်ဂူမှာ ရှောင်တိမ်းနေတယ်။+ ဒီသတင်းကို အစ်ကိုတွေ၊ အဖေ့ရဲ့ဆွေမျိုးတွေ ကြားတဲ့အခါ သူ့ဆီ ဆင်းလာကြတယ်။ ၂ ဒုက္ခရောက်နေသူ၊ အကြွေးတင်နေသူ၊ ဘဝကို နာကြည်းနေသူတွေလည်း လာပူးပေါင်းတဲ့အတွက် ဒါဝိဒ်ဟာ ခေါင်းဆောင် ဖြစ်လာတယ်။ သူနဲ့အတူ လူ ၄၀၀ လောက်ရှိတယ်။

၃ နောက်တော့ ဒါဝိဒ်က အဲဒီကနေ မောဘပြည်၊ မိဇပါမြို့ကို သွားတယ်။ မောဘဘုရင်ကို+ “ကျွန်တော့်အတွက် ဘုရားသခင် ဘယ်လိုလုပ်ပေးမယ်ဆိုတာ မသိရခင်အထိ ကျွန်တော့်မိဘတွေကို မင်းကြီးဆီမှာ နေထိုင်ခွင့်ပေးပါ” လို့တောင်းဆိုပြီး၊ ၄ မိဘတွေကို မောဘဘုရင်ဆီမှာ ထားခဲ့တယ်။ သူတို့က ခံတပ်မှာ ဒါဝိဒ်ပုန်းနေချိန် တစ်လျှောက်လုံး မောဘဘုရင်ဆီမှာ နေထိုင်ကြတယ်။+

၅ အချိန်အတော်ကြာတော့ ပရောဖက်ဂဒ်က+ “ခံတပ်မှာ ဆက်မနေနဲ့။ ယုဒနယ်မြေကို ထွက်သွားပါ”+ လို့အကြံပေးတော့ ဒါဝိဒ်လည်း ဟာရက်တောကို ထွက်သွားတယ်။

၆ ဒါဝိဒ်နဲ့ သူ့လူတွေကို တွေ့ပြီဆိုတဲ့သတင်း ရှောလုဆီ ရောက်လာတယ်။ အဲဒီအချိန်မှာ ရှောလုက ဂိဗာမြို့+ တောင်ကုန်းပေါ်က မန်ကျည်းပင်* အောက်မှာ လှံကိုင်ပြီး ထိုင်နေတယ်။ မင်းမှုထမ်းတွေလည်း အနားမှာ ခစားနေတယ်။ ၇ ရှောလုက ခစားနေတဲ့ မင်းမှုထမ်းတွေကို “ဗင်ယာမိန်အမျိုးသားတို့၊ နားထောင်ကြ။ ယေရှဲရဲ့သားက+ ငါ့လိုမျိုး လယ်မြေတွေ၊ စပျစ်ခြံတွေ ပေးနိုင်လို့လား။ သူက မင်းတို့ကို ထောင်တပ်မှူး၊ ရာတပ်မှူးဆိုပြီး ခန့်မယ်ထင်လို့လား။+ ၈ မင်းတို့အားလုံးက ငါ့ကိုပုန်ကန်ဖို့ ပူးပေါင်းကြံစည်ထားကြတာကိုး။ ငါ့သားအရင်းက ယေရှဲရဲ့သားနဲ့ ကတိသစ္စာပြုထားတဲ့အကြောင်း တစ်ယောက်မှ ငါ့ကို အသိမပေးဘူး။+ အခုလိုမျိုး လျှို့ဝှက်ကြံစည်ပြီး ပုန်ကန်ဖို့ ငါ့ကျွန်ကို ငါ့သားကိုယ်တိုင် သွေးထိုးပေးတဲ့အကြောင်း ဘယ်သူမှ အသိမပေးဘူး။ ငါ့ကို ကိုယ်ချင်းလည်း မစာကြဘူး” ဆိုပြီးပြောတယ်။

၉ အဲဒီအခါ ရှောလုရဲ့အမှုထမ်းတွေကို အုပ်ချုပ်တဲ့ ဧဒုံအမျိုးသားဒေါဂက+ “ယေရှဲရဲ့သားက အဟိတုပ်ရဲ့သား အဟိမလက်ရှိနေတဲ့ နောဗမြို့ကိုလာတာ ကျွန်တော် တွေ့တယ်။+ ၁၀ အဟိမလက်က ဒါဝိဒ်အတွက် ယေဟောဝါဘုရားဆီ မေးမြန်းပေးပြီး စားစရာတွေလည်း ပေးလိုက်တယ်။ ဖိလိတိလူ ဂေါလျတ်ရဲ့ဓားကိုတောင် ပေးလိုက်သေးတယ်”+ လို့ လျှောက်တင်တယ်။+ ၁၁ ဒါနဲ့ ရှောလုမင်းက နောဗမြို့မှာ ရှိနေတဲ့ အဟိမလက်နဲ့ သူ့အဖေအဟိတုပ်ရဲ့အမျိုး ပုရောဟိတ်အားလုံးကို ချက်ချင်း ခေါ်ခိုင်းလိုက်တဲ့အတွက် အားလုံးရောက်လာကြတယ်။

၁၂ ရှောလုက “အဟိတုပ်ရဲ့သား၊ ငါပြောတာ နားထောင်” လို့ပြောတော့ သူက “အရှင်မင်းကြီး၊ အမိန့်ရှိပါ” လို့ပြန်လျှောက်တယ်။ ၁၃ ရှောလုက “မင်းနဲ့ ယေရှဲရဲ့သားက ငါ့ကိုပုန်ကန်ဖို့ ဘာကြောင့် ပူးပေါင်းကြံစည်တာလဲ။ စားစရာတွေရော ဓားကိုပါ ပေးလိုက်တဲ့အပြင် သူ့အတွက် ဘုရားသခင်ဆီမှာ မေးမြန်းပေးလိုက်သေးတယ်ဆို။ အခု သူက ငါ့ကိုပုန်ကန်ဖို့ လျှို့ဝှက်ကြံစည်နေတာ” ဆိုပြီး ပြောတယ်။ ၁၄ အဲဒီအခါ အဟိမလက်က “မင်းကြီးရဲ့ အမှုထမ်းတွေထဲမှာ ဒါဝိဒ်လောက် ဘယ်သူ သစ္စာရှိလို့လဲ။+ သူဟာ မင်းကြီးရဲ့သမက်၊+ ကိုယ်ရံတော်တပ်မှူးပါ။ နန်းတော်မှာလည်း ဂုဏ်သရေရှိသူပါ။+ ၁၅ ကျွန်တော်က သူ့အတွက် ဘုရားသခင်ဆီမှာ မေးမြန်းပေးတာ ဒါ ဦးဆုံးအကြိမ်မှ မဟုတ်တာ။+ မင်းကြီးကို လျှို့ဝှက်ကြံစည်ဖို့ဆိုတာ စဉ်းတောင် မစဉ်းစားရဲပါဘူး။ ကျွန်တော်နဲ့ အဖေ့အမျိုးတွေကို အဲဒီလို မစွပ်စွဲပါနဲ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် ဘာမှမသိပါဘူး”+ ဆိုပြီး လျှောက်တင်တယ်။

၁၆ ဒါပေမဲ့ ရှောလုမင်းက “အဟိမလက်၊ မင်းရော မင်းအဖေရဲ့ အမျိုးတွေရော+ အားလုံး သေကိုသေရမယ်”+ လို့ပြောတယ်။ ၁၇ ပြီးတော့ အနားမှာရှိတဲ့ အစောင့်တပ်သားတွေကို “ယေဟောဝါဘုရားရဲ့ ပုရောဟိတ်တွေကို သတ်ကြစမ်း။ သူတို့ဟာ ဒါဝိဒ်နဲ့ ကြံရာပါတွေပဲ။ ဒါဝိဒ်ကို ဝရမ်းပြေးမှန်း သိလျက်နဲ့ ငါ့ဆီ သတင်းမပို့ကြဘူး” ဆိုပြီးအမိန့်ပေးတယ်။ ဒါပေမဲ့ မင်းမှုထမ်းတွေက ယေဟောဝါရဲ့ ပုရောဟိတ်တွေကို သူတို့လက်နဲ့ မသတ်ချင်ကြဘူး။ ၁၈ ဒါနဲ့ ရှောလုမင်းက ဧဒုံအမျိုးသား+ ဒေါဂကို+ “ပုရောဟိတ်တွေကို သတ်လိုက်စမ်း” ဆိုပြီး အမိန့်ပေးတယ်။ ဒေါဂလည်း ချက်ချင်းပဲ နောက်လှည့်ပြီး ပုရောဟိတ်တွေကို ကွပ်မျက်လိုက်တယ်။ ချည်ထည်သင်တိုင်းဝတ်သူ ၈၅ ယောက်ကို အဲဒီနေ့မှာ ကွပ်မျက်လိုက်တယ်။+ ၁၉ ပုရောဟိတ်မြို့ဖြစ်တဲ့ နောဗမြို့ကိုလည်း+ တိုက်ခိုက်ပြီး ယောက်ျား၊ မိန်းမ၊ နို့စို့နို့ညှာ၊ သိုး၊ နွား၊ မြည်းတွေပါမကျန် သတ်ပစ်တယ်။

၂၀ အဟိတုပ်ရဲ့မြေး၊ အဟိမလက်ရဲ့သား အဗျာသာကတော့+ လွတ်မြောက်ပြီး ဒါဝိဒ်ဆီ ထွက်ပြေးသွားတယ်။ ၂၁ အဗျာသာက “ယေဟောဝါဘုရားရဲ့ ပုရောဟိတ်တွေကို ရှောလုမင်း ကွပ်မျက်လိုက်ပြီ” လို့ပြောပြတဲ့အခါ၊ ၂၂ ဒါဝိဒ်က “ဧဒုံအမျိုးသားဒေါဂက အဲဒီမှာရှိနေတော့ ရှောလုမင်းကို ပြန်ပြောမှာပဲဆိုတာ အဲဒီနေ့ကတည်းက ငါရိပ်မိတယ်။+ မင်းအဖေရဲ့အမျိုးတွေ သေရတာ ငါ့မှာတာဝန်ရှိတယ်။ ၂၃ ဒီတော့ ငါ့ဆီမှာပဲ နေပါ။ မကြောက်နဲ့။ မင်းအသက်ကို ရန်ရှာသူဟာ ငါ့အသက်ကို ရန်ရှာတာပဲ။ မင်းကို ငါ ကာကွယ်ပေးမှာပါ”+ လို့ ကတိပေးတယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ