ယောဘ
၉ ယောဘလည်း ပြန်ပြောတယ်–
၂ “ခင်ဗျားတို့ပြောတာ မှန်တယ်ဆိုတာ ကျုပ်သိပါတယ်။
ဒါပေမဲ့ ဘုရားနဲ့သာ အမှုဖြစ်ရင် သေမျိုးဖြစ်တဲ့လူက ဘယ်လိုလုပ်ပြီး မှန်နိုင်မှာလဲ။+
၄ ဘုရားက ဉာဏ်ပညာရှိပြီး တန်ခိုးကြီးတယ်။+
ဘုရားကို အာခံတာတောင် ဘာမှ မထိခိုက်တဲ့သူဆိုတာ ရှိလို့လား။+
၅ ဘုရားသခင်က ဘယ်သူမှ မသိလိုက်ဘဲ တောင်တွေကို ရွှေ့ပစ်တယ်။
တောင်တွေကို ဒေါသနဲ့ မှောက်လှန်ပစ်တယ်။
၇ အလင်းမပေးနဲ့လို့ နေကို မှာထားတယ်။
ကြယ်တွေရဲ့ အလင်းရောင်ကိုလည်း ပိတ်ထားတယ်။+
၈ မိုးကောင်းကင်ကို ပြန့်ကားစေတယ်။+
လှိုင်းလုံးကြီးတွေပေါ် နင်းလျှောက်သွားတယ်။+
၁၀ ကြီးမြတ်တဲ့အရာတွေ၊ စိစစ်လို့ မကုန်နိုင်တဲ့အရာတွေ၊+
ရေတွက်လို့ မကုန်နိုင်တဲ့ အံ့ဖွယ်ရာတွေကို လုပ်ဆောင်တယ်။+
၁၁ အနားကနေ ဘုရားဖြတ်သွားပေမဲ့ ကျုပ် မမြင်လိုက်ဘူး။
ဖြတ်ကျော်သွားပေမဲ့ ကျုပ် မသိလိုက်ဘူး။
၁၂ ဘုရားက တစ်ခုခုကို ဆတ်ခနဲယူလိုက်တဲ့အခါ ဘယ်သူ ဆီးတားနိုင်မလဲ။
‘ဒါဘာလုပ်တာလဲ’ လို့ ဘယ်သူ ပြောနိုင်မလဲ။+
၁၃ ဘုရားက ဒေါသကိုထိန်းမှာ မဟုတ်ဘူး။+
ရာခပ်ကို*+ ကူညီသူတွေတောင် ဦးညွှတ်ရလိမ့်မယ်။
၁၄ ဒါကြောင့် ဘုရားနဲ့ ငြင်းခုံပြောဆိုရတော့မယ်ဆိုရင်
စကားလုံးတွေကို ကျုပ် အသေအချာ ရွေးရတော့မှာပေါ့။
၁၅ ဒီတော့ ကိုယ်မှန်နေရင်တောင် ဘာမှ ပြန်မပြောတော့ဘူး။+
ကရုဏာပြပါလို့ တရားသူကြီးကို* အသနားခံရုံပဲ ရှိတော့တယ်။
၁၆ ကျုပ်ခေါ်ရင် ဘုရား ထူးမှာလား။
ကျုပ်ပြောတာကို နားထောင်မယ် မထင်ပါဘူး။
၁၇ ကျုပ်ကို မုန်တိုင်းနဲ့ ခြေမွှခဲ့ပြီပဲ။
အကြောင်းမရှိဘဲ ဒဏ်ရာတွေအများကြီး ပေးခဲ့ပြီပဲ။+
၁၈ အသက်ရှူခွင့်လေးတောင် မပေးဘဲ
ခါးသီးမှုတွေနဲ့ ပြည့်နှက်စေခဲ့ပြီပဲ။
၁၉ တန်ခိုးနဲ့ပတ်သက်လာရင် ဘုရားဟာ တန်ခိုးအကြီးဆုံးပဲ။+
တရားမျှတမှုနဲ့ပတ်သက်လာရင် ‘ဘယ်သူက ငါ့ကိုဆင့်ခေါ်ပြီး ဖြေရှင်းချက် ပေးခိုင်းမလဲ’ လို့ ဘုရားပြောတယ်။
၂၀ ကျုပ်မှန်နေရင်တောင် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်တော့မယ်။
ကျုပ် သမာဓိစောင့်သိနေရင်တောင် အပြစ်ရှိသူလို့ ဘုရား သတ်မှတ်မှာပဲ။
၂၁ သမာဓိစောင့်သိနေပေမဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတော့ဘူး။
ဒီလိုဘဝမျိုးကို မလိုချင်ပါဘူး။
၂၂ ပြောရမယ်ဆိုရင် အတူတူပါပဲ။
ဒါကြောင့် ‘အပြစ်မဲ့သူကိုရော လူဆိုးကိုပါ ဘုရားဖျက်ဆီးတယ်’ လို့ ကျုပ်ပြောနေတာပေါ့။
၂၃ ရုတ်တရက် ရေကြီးလို့ လူတွေ သေကျေပျက်စီးပြီး
အပြစ်မဲ့သူလည်း သေဆုံးသွားတဲ့အခါ ဘုရား ပြုံးရယ်နေလိမ့်မယ်။
၂၄ မြေကြီးကို လူဆိုးလက်ထဲ အပ်ပြီး+
အမှန်တရားကို မမြင်နိုင်အောင် တရားသူကြီးတွေရဲ့ မျက်လုံးကို ဖုံးကွယ်ပစ်တယ်။
ဒါတွေကို ဘုရားမှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။
၂၅ ကျုပ်ရဲ့နေ့ရက်တွေဟာ ခြေမြန်တော်တွေထက်တောင် ပိုမြန်တယ်။+
ဘာကောင်းကျိုးမှ မရလိုက်ဘဲ တစ်ရက်ပြီးတစ်ရက် ကုန်သွားတယ်။
၂၆ နေ့ရက်တွေဟာ ကျူရိုးလှေလို၊
သားကောင်ကို ထိုးသုတ်တဲ့ လင်းယုန်လို မြန်လိုက်တာ။
၂၇ ‘ဝေဒနာတွေကို မေ့ထားပြီး
ပြုံးပြုံးလေးပဲ နေတော့မယ်’ လို့ပြောပေမဲ့၊
ကျုပ်ကို အပြစ်ရှိသူလို့ ကိုယ်တော်ယူမှတ်မယ်ဆိုတာ သိနေပါတယ်။
၃၁ ကိုယ်တော်က တွင်းထဲ ပြန်နှစ်လိမ့်မယ်။
ကိုယ့်အဝတ်ကတောင် ကိုယ့်ကိုရွံရှာလိမ့်မယ်။
၃၃ ဘုရားနဲ့ကျုပ် စပ်ကြားမှာ ဆုံးဖြတ်ပေးမယ့်သူ၊
တရားသူကြီး လုပ်ပေးမယ့်သူ တစ်ယောက်မှ မရှိဘူး။
၃၅ ကြောက်စရာအကြောင်း မရှိတော့တဲ့အတွက်
မကြောက်ရွံ့ဘဲ ဘုရားကို ပြောတော့မယ်။