ဆာလံ
ဂီတမှူးသို့။ ကြိုးတပ်တူရိယာနဲ့ တွဲဖက်သီဆိုရန်။ မက်စကီး။* ဇိဖမြို့သားတွေက “ကျွန်တော်တို့ဆီမှာ ဒါဝိဒ်ပုန်းခိုနေတယ်” လို့ ရှောလုကို လာပြောချိန်မှာ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။+
တန်ခိုးတော်နဲ့ ခုခံကာကွယ်ပေးပါ။+
၂ အို ဘုရားသခင်၊ ကျွန်တော် ဆုတောင်းတာကို နားထောင်ပေးပါ။+
ကျွန်တော် ပြောတာကို အာရုံစိုက်ပေးပါ။
၃ သူစိမ်းတွေ ကျွန်တော့်ကိုတိုက်ဖို့ ထကြွနေတယ်။
ရက်စက်တဲ့သူတွေလည်း သတ်ဖို့ရှာကြံနေတယ်။+
ဘုရားသခင်ကို အရေးမလုပ်ကြဘူး။+ (စဲလာ)
၄ ကြည့်လိုက်ပါ။ ဘုရားသခင်ဟာ ငါ့ရဲ့ကူညီမစရှင်ပဲ။+
ငါ့ကိုထောက်မသူတွေနဲ့အတူ ယေဟောဝါ ရှိနေတယ်။
၅ ရန်သူတွေကို သူတို့ရဲ့ယုတ်မာမှုအတိုင်း ဘုရားပြန်ဆပ်ပေးမယ်။+
သစ္စာတော်နဲ့အညီ သူတို့ကို ဇာတ်သိမ်းပစ်ပါ။+
၆ ကိုယ်တော့်ဆီ ပူဇော်သက္ကာတွေ စိတ်ပါလက်ပါ ဆက်သပါ့မယ်။+
ယေဟောဝါဘုရား၊ နာမတော်ဟာ ကောင်းမြတ်တဲ့အတွက် ချီးမွမ်းပါ့မယ်။+
ရန်သူတွေကို အနိုင်ရတဲ့အကြည့်နဲ့ ငါကြည့်ရလိမ့်မယ်။+