၁၁၃ ယေဟောဝါကို ချီးမွမ်းကြ။
ယေဟောဝါရဲ့ကျွန်တို့၊ ဘုရားကို ချီးမွမ်းကြ။
ယေဟောဝါရဲ့ နာမည်ကို ချီးမွမ်းကြ။
၂ ယေဟောဝါရဲ့ နာမည်ကို
အခုကစပြီး ထာဝစဉ် ချီးမွမ်းကြပါစေ။+
၃ ယေဟောဝါရဲ့ နာမည်ကို
နေထွက်ရာအရပ်ကနေ နေဝင်ရာအရပ်အထိ ချီးမွမ်းကြပါစေ။+
၄ ယေဟောဝါဟာ လူမျိုးအားလုံးထက် မြင့်မြတ်တယ်။+
ကောင်းကင်ထက် ဘုန်းတန်ခိုးကြီးမားတယ်။+
၅ အထက်အရပ်မှာ စံမြန်းတဲ့
ငါတို့ရဲ့ဘုရား ယေဟောဝါနဲ့ ဘယ်သူတူသလဲ။+
၆ ဘုရားက ကိုယ်ကိုကိုင်းညွတ်ပြီး ကောင်းကင်နဲ့ ကမ္ဘာမြေကို ငုံ့ကြည့်တယ်။+
၇ နိမ့်ကျသူကို မြေမှုန့်ထဲကနေ ထူမတယ်။
နွမ်းပါးသူကို ပြာပုံ ထဲကနေ ချီမတယ်။+
၈ သူတို့ကို ဂုဏ်အသရေရှိသူတွေနဲ့အတူ၊
လူမျိုးတော်ထဲက ဂုဏ်အသရေရှိသူတွေနဲ့အတူ ထိုင်စေတယ်။
၉ မြုံနေတဲ့မိန်းမကို ကိုယ့်အိမ်မှာ သားသမီးတွေနဲ့
ပျော်ရွှင်ရတဲ့အခွင့် ပေးသနားတယ်။+
ယေဟောဝါကို ချီးမွမ်းကြ။