ဆာလံ
၁၃၆ ယေဟောဝါကို ကျေးဇူးတင်ကြ။
ဘုရားသခင်ဟာ ကောင်းမြတ်တယ်။+
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။+
၂ ဘုရားတို့ရဲ့ဘုရားကို ကျေးဇူးတင်ကြ။+
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။
၃ သခင်တို့ရဲ့သခင်ကို ကျေးဇူးတင်ကြ။
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။
၄ ဘုရားသခင် တစ်ပါးတည်းသာ အံ့ဖွယ်ကောင်းတဲ့အရာတွေ လုပ်ဆောင်တယ်။+
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။+
၅ မိုးကောင်းကင်ကို လက်ရာမြောက်အောင် ဖန်ဆင်းတယ်။+
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။
၆ ကမ္ဘာမြေကို ရေပြင်ရဲ့အထက်မှာ ဖြန့်ခင်းတယ်။+
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။
၇ အလင်းအိမ်ကြီးတွေကို ဖန်ဆင်းတယ်။+
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။
၈ နေ့ကိုစိုးမိုးဖို့ နေမင်းကို ဖန်ဆင်းတယ်။+
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။
၉ ညကိုစိုးမိုးဖို့ လမင်းနဲ့ ကြယ်စင်တွေကို ဖန်ဆင်းတယ်။+
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။
၁၀ အီဂျစ်ရဲ့သားဦးတွေကို ကွပ်မျက်တယ်။+
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။
၁၁ အစ္စရေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်တယ်။+
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။
၁၂ အားကြီးတဲ့လက်၊+ တန်ခိုးကြီးတဲ့လက်ရုံးနဲ့ သူတို့ကို ခေါ်ထုတ်တယ်။
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။
၁၃ ပင်လယ်နီကို နှစ်ခြမ်းခွဲတယ်။+
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။
၁၄ အစ္စရေးတွေကို ပင်လယ်အလယ်မှာ ဖြတ်သွားစေတယ်။+
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။
၁၅ ဖာရောနဲ့ သူ့စစ်တပ်ကို ပင်လယ်နီထဲ ခါချပစ်တယ်။+
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။
၁၆ လူမျိုးတော်ကို တောကန္တာရမှာ ဦးဆောင်တယ်။+
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။
၁၇ ကြီးမြတ်တဲ့ဘုရင်တွေကို နှိမ်နင်းတယ်။+
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။
၁၈ ခွန်အားကြီးဘုရင်တွေကို ကွပ်မျက်တယ်။
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။
၁၉ အာမောရိဘုရင် ရှိဟုန်ကို+ ကွပ်မျက်တယ်။
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။
၂၀ ဗာရှန်ဘုရင် သြဂတ်ကို+ ကွပ်မျက်တယ်။
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။
၂၁ သူတို့ရဲ့တိုင်းပြည်ကို လူမျိုးတော်အတွက် အမွေအဖြစ်ပေးတယ်။+
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။
၂၂ သူတို့ရဲ့တိုင်းပြည်ကို မိမိကျွန်အစ္စရေးအတွက် အမွေအဖြစ် ပေးတယ်။
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။
၂၃ ဘုရားက ငါတို့ နိမ့်ကျသွားတဲ့အခါ ငါတို့ကိုသတိရတယ်။+
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။+
၂၄ ရန်သူတွေလက်ကနေ ငါတို့ကို အကြိမ်ကြိမ် ကယ်တင်တယ်။+
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။
၂၅ သက်ရှိသတ္တဝါအားလုံးကို အစာရေစာ ပေးသနားတယ်။+
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။
၂၆ ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ကြ။
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။