ဆာလံ
ချီတက်သီချင်း။
၂ ကျွန်တွေက သခင့်လက်ကို မျှော်ကြည့်သလို၊
အစေခံမလေးက သခင်မရဲ့လက်ကို မျှော်ကြည့်သလို
ကျွန်တော်တို့ကလည်း မျက်နှာသာမရမချင်း+
ယေဟောဝါဘုရားကို မျှော်ကြည့်နေပါတယ်။+
၃ အို ယေဟောဝါ၊ မျက်နှာသာပေးလှည့်ပါ။ မျက်နှာသာပေးလှည့်ပါ။
ကျွန်တော်တို့ကို တအား အထင်သေးနေကြပြီ။+
၄ ကိုယ့်ကိုယ်ကိုယ် စိတ်ချလွန်းသူတွေ တအား လှောင်ပြောင်နေကြပြီ။
မောက်မာသူတွေ အထင်သေးနေကြပြီ။