ယောဘ
၃၇ “ဒါကြောင့် ကျွန်တော် နှလုံးတုန်ပြီး
ရင်တွေ တဒိတ်ဒိတ် ခုန်နေတယ်။
၂ ဘုရားရဲ့ မြည်ဟည်းသံ၊
နှုတ်တော်ကထွက်တဲ့ မိုးချုန်းသံကို အသေအချာ နားထောင်ကြပါ။
၃ ဘုရားက ကောင်းကင်တစ်ခွင်မှာ မိုးချုန်းစေပြီး
ကမ္ဘာမြေတစ်ခွင်ဆီ လျှပ်စီးကို စေလွှတ်တယ်။+
၄ လျှပ်စီးလက်ပြီးတဲ့နောက် အသံမြည်ဟည်းလာတယ်။
ဘုရားရဲ့မိုးခြိမ်းသံဟာ အားမာန် ပါတယ်။+
မိုးခြိမ်းသံနဲ့အတူ လျှပ်စီးကို လွှတ်လိုက်တယ်။
၅ ဘုရားသခင်က အံ့ဖွယ်ကောင်းတဲ့အသံနဲ့ မိုးခြိမ်းပြီး+
ကျွန်တော်တို့ ဉာဏ်မမီနိုင်တဲ့ ကြီးမြတ်တဲ့အရာတွေကို လုပ်ဆောင်တယ်။+
၇ ဘုရားက မိမိရဲ့လုပ်ဆောင်မှုကို သေမျိုးဖြစ်တဲ့လူတွေ သိလာစေဖို့
လူတွေရဲ့အလုပ်ကို ရပ်နားပစ်တယ်။
၈ သားရဲတိရစ္ဆာန်တွေက ဂူတွေထဲ ဝင်သွားပြီး
တွင်းထဲမှာ အောင်းနေတယ်။
၉ လေပြင်းဟာ သူ့အခန်းထဲကနေ တိုက်ခတ်လာတယ်။+
မြောက်လေဟာ အအေးဓာတ်ကို သယ်ဆောင်လာတယ်။+
၁၀ ဘုရားသခင်ရဲ့ ထွက်သက်ဝင်သက်ဟာ ရေကို ခဲစေတဲ့အတွက်+
ရေပြင်ကြီး အေးခဲသွားတယ်။+
၁၁ ဘုရားက မိုးတိမ်ကို ရေခိုးရေငွေ့တွေနဲ့ လေးလံစေတယ်။
တိမ်ထုထဲမှာ လျှပ်စီးကို လက်စေတယ်။+
၁၂ ဘုရားစေညွှန်ရာဆီ တိမ်တွေ လွင့်မျောနေတယ်။
မြေပြင်ပေါ်မှာ ဘာအမိန့်ပဲရပါစေ အဲဒီအတိုင်း လုပ်ဆောင်တယ်။+
၁၃ ဒဏ်ပေးဖို့ဖြစ်စေ၊+ မြေကို စိုစေဖို့ဖြစ်စေ၊
ခိုင်မြဲတဲ့မေတ္တာပြဖို့ဖြစ်စေ တိမ်တွေကို ဘုရားဖြစ်ပေါ်စေတယ်။+
၁၄ ယောဘ၊ နားထောင်ပါဦး။
ဘုရားသခင်ရဲ့ အံ့ဖွယ်အမှုတွေကို ခဏလောက် အသေအချာ စဉ်းစားကြည့်ပါဦး။+
၁၅ ဘုရားသခင်က တိမ်တွေကို ဘယ်လို ထိန်းချုပ်ထားတယ်၊
တိမ်ထဲကနေ လျှပ်စီးတွေကို ဘယ်လို လက်စေတယ်ဆိုတာ ခင်ဗျားသိသလား။
၁၆ မိုးတိမ်တွေ ဘယ်လို လွင့်မျောနေတယ်ဆိုတာကိုရော သိသလား။+
ဒါတွေဟာ အသိပညာနဲ့ ပြီးပြည့်စုံတဲ့အရှင်ရဲ့ အံ့ဖွယ်လုပ်ဆောင်မှုတွေပဲ။+
၁၇ ကမ္ဘာမြေဟာ တောင်လေကြောင့် ဆိတ်ငြိမ်သွားတဲ့အခါ
ခင်ဗျားရဲ့အဝတ်တွေ ဘာလို့ ပူနွေးလာတာလဲ။+
၁၈ ဘုရားက မိုးကောင်းကင်ကို သတ္တုကြေးမုံတမျှ ခိုင်ခံ့ပြန့်ကားအောင် လုပ်ထားသလို
ခင်ဗျား လုပ်နိုင်သလား။+
၁၉ ဘုရားကို ဘာပြန်လျှောက်တင်ရမယ်ဆိုတာ ပြောပါဦး။
ကျွန်တော်တို့က မှောင်မိုက်ထဲမှာ ရှိနေတော့ ပြန်မဖြေတတ်ဘူး။
၂၀ ကျွန်တော် အသိပေးစရာရှိတယ်ဆိုပြီး ဘုရားကို ပြောသင့်သလား။
ဒါမှမဟုတ် လူတစ်ယောက်က ဘုရားသိဖို့လိုတဲ့ အချက်တစ်ခုခုကို ထောက်ပြဖူးသလား။+
၂၁ မိုးကောင်းကင်မှာ အလင်းတောက်ပနေပေမဲ့
လူတွေ မမြင်နိုင်ဘူး။
လေတစ်ချက်ဝှေ့ပြီး တိမ်ကင်းစင်သွားမှပဲ မြင်ရတော့တယ်။
၂၂ မြောက်ဘက်ကနေ ရွှေရောင်နေခြည်တွေ ဖြာထွက်လာတယ်။
ဘုရားသခင်ရဲ့ ဘုန်းတန်ခိုးဟာ+ အံ့မခန်းပါပဲ။
၂၃ အနန္တတန်ခိုးရှင်အကြောင်း ကျွန်တော်တို့ အပြည့်အဝ နားမလည်နိုင်ဘူး။+
ဘုရားက တန်ခိုးကြီးတယ်။+
တရားမျှတမှုနဲ့+ ဖြောင့်မတ်မှုကို ဘယ်တော့မှ မချိုးဖောက်ဘူး။+
၂၄ ဒါကြောင့် ဘုရားကို ကြောက်ရွံ့ ရိုသေသင့်တယ်။+
ကိုယ့်ကိုယ်ကိုယ် ပညာရှိတယ်လို့ ထင်မှတ်သူတစ်ယောက်ကိုမှ ဘုရား မျက်နှာသာမပေးဘူး။”+