ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ရှမွေလ ၁၉
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

၁ ရှမွေလ မာတိကာ

      • ရှောလု ဒါဝိဒ်ကို မုန်းတီးနေဆဲ (၁-၁၃)

      • ရှောလုရန်ကနေ ဒါဝိဒ် လွတ်မြောက် (၁၄-၂၄)

၁ ရှမွေလ ၁၉:၁

ကျမ်းညွှန်းများ

  • +၁ရှ ၁၈:၉; ပ ၂၇:၄

၁ ရှမွေလ ၁၉:၂

ကျမ်းညွှန်းများ

  • +၁ရှ ၁၈:၁; ပ ၁၈:၂၄

၁ ရှမွေလ ၁၉:၃

ကျမ်းညွှန်းများ

  • +၁ရှ ၂၀:၉၊ ၁၃; ပ ၁၇:၁၇

၁ ရှမွေလ ၁၉:၄

ကျမ်းညွှန်းများ

  • +၁ရှ ၂၂:၁၄

၁ ရှမွေလ ၁၉:၅

ကျမ်းညွှန်းများ

  • +၁ရှ ၁၇:၄၉
  • +၁ရှ ၂၀:၃၂

၁ ရှမွေလ ၁၉:၇

ကျမ်းညွှန်းများ

  • +၁ရှ ၁၆:၂၁; ၁၈:၂၊ ၁၃

၁ ရှမွေလ ၁၉:၉

ကျမ်းညွှန်းများ

  • +၁ရှ ၁၆:၁၄
  • +၁ရှ ၁၈:၁၀၊ ၁၁

၁ ရှမွေလ ၁၉:၁၁

ကျမ်းညွှန်းများ

  • +ဆ ၅၉:ထိပ်စီးစာသား

၁ ရှမွေလ ၁၉:၁၃

အောက်ခြေမှတ်ချက်များ

  • *

    ခက်ဆစ်ကိုကြည့်။

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၆/၁/၂၀၀၄၊ စာ. ၂၉

၁ ရှမွေလ ၁၉:၁၅

ကျမ်းညွှန်းများ

  • +၁ရှ ၁၈:၉

၁ ရှမွေလ ၁၉:၁၇

ကျမ်းညွှန်းများ

  • +၁ရှ ၁၈:၂၉

၁ ရှမွေလ ၁၉:၁၈

ကျမ်းညွှန်းများ

  • +၁ရှ ၇:၁၅၊ ၁၇
  • +၁ရှ ၂၀:၁

၁ ရှမွေလ ၁၉:၂၂

ကျမ်းညွှန်းများ

  • +၁ရှ ၁၉:၁၈

၁ ရှမွေလ ၁၉:၂၄

အောက်ခြေမှတ်ချက်များ

  • *

    မူရင်း၊ “အဝတ်မဝတ်ဘဲ။”

ကျမ်းညွှန်းများ

  • +၁ရှ ၁၀:၁၁

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

၁ ရှ. ၁၉:၁၁ရှ ၁၈:၉; ပ ၂၇:၄
၁ ရှ. ၁၉:၂၁ရှ ၁၈:၁; ပ ၁၈:၂၄
၁ ရှ. ၁၉:၃၁ရှ ၂၀:၉၊ ၁၃; ပ ၁၇:၁၇
၁ ရှ. ၁၉:၄၁ရှ ၂၂:၁၄
၁ ရှ. ၁၉:၅၁ရှ ၁၇:၄၉
၁ ရှ. ၁၉:၅၁ရှ ၂၀:၃၂
၁ ရှ. ၁၉:၇၁ရှ ၁၆:၂၁; ၁၈:၂၊ ၁၃
၁ ရှ. ၁၉:၉၁ရှ ၁၆:၁၄
၁ ရှ. ၁၉:၉၁ရှ ၁၈:၁၀၊ ၁၁
၁ ရှ. ၁၉:၁၁ဆ ၅၉:ထိပ်စီးစာသား
၁ ရှ. ၁၉:၁၅၁ရှ ၁၈:၉
၁ ရှ. ၁၉:၁၇၁ရှ ၁၈:၂၉
၁ ရှ. ၁၉:၁၈၁ရှ ၇:၁၅၊ ၁၇
၁ ရှ. ၁၉:၁၈၁ရှ ၂၀:၁
၁ ရှ. ၁၉:၂၂၁ရှ ၁၉:၁၈
၁ ရှ. ၁၉:၂၄၁ရှ ၁၀:၁၁
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၁ ရှမွေလ ၁၉:၁-၂၄

၁ ရှမွေလ

၁၉ နောက်တော့ ရှောလုက ဒါဝိဒ်ကို သတ်မယ့်အကြောင်း သားယောနသန်နဲ့ မင်းမှုထမ်းတွေကို ပြောပြတယ်။+ ၂ ရှောလုရဲ့သား ယောနသန်က ဒါဝိဒ်ကို သိပ်ချစ်တယ်။+ ဒါကြောင့် “ခမည်းတော်ရှောလုက မင်းကို သတ်ချင်နေတယ်။ ဒီတော့ မနက်ကျရင် သတိနဲ့နေပြီး တစ်နေရာမှာ ပုန်းနေလိုက်။ ၃ မင်းပုန်းနေတဲ့ တောထဲကို ငါထွက်လာမယ်။ ခမည်းတော်အနား ရပ်ပြီး မင်းအကြောင်း လျှောက်တင်ကြည့်မယ်။ တစ်ခုခုထူးရင် မင်းကို အသိပေးမယ်ဆိုတာ  စိတ်ချပါ”+ လို့ မှာတယ်။

၄ ယောနသန်က ခမည်းတော်ရှောလုကို ဒါဝိဒ်ရဲ့ ကောင်းကြောင်းတွေ ပြောပြီး+ “အရှင်မင်းကြီး၊ မင်းကြီးရဲ့အမှုထမ်းဒါဝိဒ်ကို မပြစ်မှားပါနဲ့။ သူက မင်းကြီးကို မပြစ်မှားတဲ့အပြင် မင်းကြီးရဲ့ကောင်းကျိုးအတွက် အများကြီး လုပ်ဆောင်ခဲ့ပါတယ်။ ၅ သူ့အသက်ကို ရင်းပြီး ဖိလိတိလူကို သတ်ခဲ့လို့+ ယေဟောဝါဘုရားက အစ္စရေးတွေကို အကြီးအကျယ် အောင်ပွဲခံစေခဲ့တာပဲ။ ဒါကို မင်းကြီးမြင်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့တယ် မဟုတ်လား။ ဒါတောင် သူ့ကို ဘာကြောင့် အကြောင်းမဲ့ သတ်ချင်ရတာလဲ။ အပြစ်မဲ့သူကို ဘာကြောင့် ပြစ်မှားချင်ရတာလဲ”+ လို့ လျှောက်တင်တယ်။ ၆ ရှောလုလည်း ယောနသန် လျှောက်တင်တာကို နားထောင်ပြီး “ဒါဝိဒ်ကို မသတ်တော့ပါဘူးလို့ အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး ငါပြောတယ်” ဆိုပြီး ကတိပေးတယ်။ ၇ ဒါကြောင့် ယောနသန်က ဒါဝိဒ်ကိုခေါ်၊ အကြောင်းစုံပြောပြပြီး ရှောလုဆီ ခေါ်လာတယ်။ ဒါဝိဒ်က အရင်လိုပဲ ရှောလုဆီမှာ ဆက်ပြီးခစားတယ်။+

၈ နောက်တစ်ခါ စစ်ဖြစ်တော့ ဒါဝိဒ်က ဖိလိတိလူတွေဆီ ချီတက်သွားပြီး အကြီးအကျယ် တိုက်ခိုက်တဲ့အတွက် သူတို့ ထွက်ပြေးကုန်တယ်။

၉ တစ်နေ့မှာ ရှောလုက လှံကိုင်ပြီး နန်းတော်ထဲမှာ ထိုင်နေတုန်း သူ့ရဲ့မကောင်းတဲ့စိတ်ထား နှောင့်ယှက်လာတဲ့အခါ ယေဟောဝါ ခွင့်ပြုလိုက်တယ်။+ ဒါဝိဒ်ကတော့ စောင်းတီးနေတယ်။+ ၁၀ ရှောလုက ဒါဝိဒ်ကို နံရံမှာကပ်သွားအောင် လှံနဲ့ပစ်ပေါက်လိုက်တယ်။ ဒါဝိဒ်ရှောင်တိမ်းလိုက်တဲ့အတွက် လှံက နံရံမှာ စိုက်သွားတယ်။ အဲဒီညမှာ ဒါဝိဒ် ထွက်ပြေးလွတ်မြောက်သွားတယ်။ ၁၁ ရှောလုက တမန်တွေ လွှတ်ပြီး ဒါဝိဒ်ရဲ့အိမ်ကို စောင့်ကြည့်ဖို့၊ မနက်ကျရင် သတ်ပစ်ဖို့ မှာလိုက်တယ်။+ ဒါဝိဒ်ရဲ့ဇနီး မိခါလက “ဒီည ရှင် အသက်လွတ်အောင် မပြေးရင်တော့ မနက်ဖြန် သေရလိမ့်မယ်” လို့ပြောပြီး၊ ၁၂ ချက်ချင်းပဲ ပြတင်းပေါက်ကနေ လျှောချပေးလိုက်တဲ့အတွက် ဒါဝိဒ် ထွက်ပြေးလွတ်မြောက်သွားတယ်။ ၁၃ အဲဒီနောက် မိခါလက တေရပ်ရုပ်တုကို* ယူပြီး ခုတင်ပေါ် တင်ထားတယ်။ ဦးခေါင်းပိုင်းကို ဆိတ်မွေးထည်နဲ့အုပ်ပြီး ကိုယ်ထည်ပိုင်းကိုတော့ အဝတ်နဲ့ ဖုံးထားလိုက်တယ်။

၁၄ ဒါဝိဒ်ကိုဖမ်းဖို့ ရှောလုလွှတ်လိုက်တဲ့ တမန်တွေ ရောက်လာတဲ့အခါ မိခါလက “သူ နေမကောင်းဘူး” လို့ပြောတယ်။ ၁၅ ရှောလုက တမန်တွေ ထပ်လွှတ်ပြီး “ဒါဝိဒ်ကို ခုတင်နဲ့တစ်ပါတည်း ခေါ်လာခဲ့။ ငါသတ်ပစ်မယ်”+ လို့မှာတယ်။ ၁၆ တမန်တွေ ဝင်လာတော့ ခုတင်ပေါ်မှာ တေရပ်ရုပ်တုကိုပဲ တွေ့ရတယ်။ ရုပ်တုရဲ့ ဦးခေါင်းပိုင်းကို ဆိတ်မွေးထည်နဲ့ အုပ်ထားတယ်။ ၁၇ ရှောလုက “ငါ့ကို ဘာကြောင့် ဒီလိုလှည့်စားရတာလဲ။ နင်လွှတ်ပေးလိုက်လို့ ငါ့ရန်သူ လွတ်သွားပြီ”+ လို့ပြောတဲ့အခါ မိခါလက “‘ငါ့ကိုလွှတ်ပေး။ မလွှတ်ပေးရင် သတ်ပစ်မယ်’ လို့ သူခြိမ်းခြောက်လို့ပါ” ဆိုပြီး ဖြေတယ်။

၁၈ ဒါဝိဒ်ကတော့ ထွက်ပြေးလွတ်မြောက်သွားပြီး ရှမွေလရှိတဲ့ ရာမမြို့ကို ရောက်လာတယ်။+ သူ့ကို ရှောလုဘာလုပ်ခဲ့တယ်ဆိုတာ ရှမွေလကို အကြောင်းစုံ ပြောပြလိုက်တယ်။ အဲဒီနောက် ရှမွေလနဲ့အတူ ထွက်သွားပြီး  နာယုတ်ရွာမှာ  နေကြတယ်။+ ၁၉ နောက်တော့ “ရာမမြို့၊ နာယုတ်ရွာမှာ ဒါဝိဒ်ရှိနေတယ်” ဆိုတဲ့သတင်း ရှောလုဆီ ရောက်လာတယ်။ ၂၀ ရှောလုလည်း ချက်ချင်းပဲ ဒါဝိဒ်ကိုဖမ်းဖို့ တမန်တွေ လွှတ်လိုက်တယ်။ တမန်တွေက သက်ကြီးပရောဖက်တွေ ပရောဖက်ပြုနေတာ၊ သူတို့ကို ရှမွေလ ဦးဆောင်နေတာကို မြင်တယ်။ အဲဒီအခါ တမန်တွေအပေါ် ဘုရားသခင်ရဲ့ စွမ်းအားတော် သက်ရောက်လာပြီး သူတို့လည်း ပရောဖက်တွေလို ပြုမူကြတော့တယ်။

၂၁ ရှောလုက အဲဒီသတင်းကို ရတဲ့အခါ ချက်ချင်းပဲ တမန်တွေ ထပ်လွှတ်လိုက်တယ်။ သူတို့လည်း ပရောဖက်တွေလို ပြုမူကြတယ်။ ဒါနဲ့ ရှောလုက တမန်တွေကို တတိယအကြိမ် လွှတ်ပြန်တယ်။ သူတို့လည်း ပရောဖက်တွေလို ပြုမူကြတယ်။ ၂၂ နောက်ဆုံးတော့ သူကိုယ်တိုင် ရာမမြို့ကို လိုက်သွားတယ်။ စေခုရွာမှာရှိတဲ့ ရေလှောင်ကန်ကြီးနား ရောက်တဲ့အခါ “ရှမွေလနဲ့ ဒါဝိဒ် ဘယ်မှာလဲ” ဆိုပြီးမေးတော့ “ရာမမြို့၊ နာယုတ်ရွာမှာ+ ရှိပါတယ်” လို့ဖြေကြတယ်။ ၂၃ ရှောလုက အဲဒီကနေ ရာမမြို့၊ နာယုတ်ရွာကို ဆက်သွားတဲ့အခါ သူ့အပေါ်ကိုလည်း ဘုရားသခင်ရဲ့ စွမ်းအားတော် သက်ရောက်လာတဲ့အတွက် ရာမမြို့၊ နာယုတ်ရွာကို ရောက်တဲ့အထိ တစ်လမ်းလုံး ပရောဖက်လို ပြုမူတော့တယ်။ ၂၄ ရှောလုက အဝတ်တွေ ချွတ်ပြီး ရှမွေလရှေ့မှာ ပရောဖက်လို ပြုမူတယ်။ အဲဒီတစ်နေ့လုံး၊ တစ်ညလုံး အတွင်းအင်္ကျီနဲ့ပဲ* လှဲနေတယ်။ ဒါကြောင့် “ရှောလုလည်း ပရောဖက်ပဲလား”+ ဆိုတဲ့ ဆိုရိုးစကား ပေါ်လာတယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ