ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေဇကျေလ ၁၃
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

ယေဇကျေလ မာတိကာ

      • ပရောဖက်တွေနဲ့ပတ်သက်တဲ့ စီရင်ချက် (၁-၁၆)

        • ထုံးဖြူသုတ်တဲ့နံရံ ပြိုကျ (၁၀-၁၂)

      • ပရောဖက်မတွေနဲ့ပတ်သက်တဲ့ စီရင်ချက် (၁၇-၂၃)

ယေဇကျေလ ၁၃:၂

ကျမ်းညွှန်းများ

  • +မိ ၃:၅; ဇေ ၃:၄
  • +ယေ ၁၄:၁၄; ၂၃:၁၆

ယေဇကျေလ ၁၃:၃

ကျမ်းညွှန်းများ

  • +ယေ ၂၃:၃၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၀/၁/၁၉၉၉၊ စာ. ၁၃

    ၅/၁/၁၉၉၇၊ စာ. ၈

ယေဇကျေလ ၁၃:၅

ကျမ်းညွှန်းများ

  • +ယဇ ၂၂:၃၀
  • +ရှာ ၂:၁၂; ယလ ၁:၁၅

ယေဇကျေလ ၁၃:၆

ကျမ်းညွှန်းများ

  • +ယေ ၂၉:၃၁၊ ၃၂

ယေဇကျေလ ၁၃:၈

ကျမ်းညွှန်းများ

  • +ယဇ ၂၂:၂၈

ယေဇကျေလ ၁၃:၉

ကျမ်းညွှန်းများ

  • +ယေ ၁၄:၁၄; ၂၈:၁၅၊ ၁၆; ၂၉:၈၊ ၉
  • +ယဇ ၆:၁၃; ၁၁:၁၀

ယေဇကျေလ ၁၃:၁၀

အောက်ခြေမှတ်ချက်များ

  • *

    မခိုင်တဲ့နံရံကို ခိုင်သယောင်ထင်ရအောင် ထုံးဖြူသုတ်တာဖြစ်။

ကျမ်းညွှန်းများ

  • +ယေ ၆:၁၃၊ ၁၄
  • +ရှာ ၃၀:၁၀; ယဇ ၂၂:၂၈

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၀/၁/၁၉၉၉၊ စာ. ၁၃

ယေဇကျေလ ၁၃:၁၁

ကျမ်းညွှန်းများ

  • +ရှာ ၂၇:၈

ယေဇကျေလ ၁၃:၁၂

ကျမ်းညွှန်းများ

  • +ယေ ၃၇:၁၉

ယေဇကျေလ ၁၃:၁၅

ကျမ်းညွှန်းများ

  • +ရှာ ၃၀:၁၂၊ ၁၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၅/၁/၁၉၉၇၊ စာ. ၈

ယေဇကျေလ ၁၃:၁၆

ကျမ်းညွှန်းများ

  • +ယေ ၆:၁၃၊ ၁၄; ၂၈:၁-၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၅/၁/၁၉၉၇၊ စာ. ၈

ယေဇကျေလ ၁၃:၁၈

အောက်ခြေမှတ်ချက်များ

  • *

    တံတောင်ဆစ် ဒါမှမဟုတ် လက်ကောက်ဝတ်မှာချည်တဲ့ မှော်လက်ပတ်ကြိုး။

ယေဇကျေလ ၁၃:၁၉

ကျမ်းညွှန်းများ

  • +မိ ၃:၁၁
  • +ယေ ၂၃:၁၄

ယေဇကျေလ ၁၃:၂၁

ကျမ်းညွှန်းများ

  • +ယဇ ၆:၁၃

ယေဇကျေလ ၁၃:၂၂

ကျမ်းညွှန်းများ

  • +ယေ ၂၇:၁၄
  • +ယေ ၂၃:၁၄
  • +ယေ ၂၃:၁၆၊ ၁၇

ယေဇကျေလ ၁၃:၂၃

ကျမ်းညွှန်းများ

  • +တရ ၁၈:၁၀၊ ၁၄; ယေ ၂၇:၉; မိ ၃:၆

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

ယေဇ. ၁၃:၂မိ ၃:၅; ဇေ ၃:၄
ယေဇ. ၁၃:၂ယေ ၁၄:၁၄; ၂၃:၁၆
ယေဇ. ၁၃:၃ယေ ၂၃:၃၂
ယေဇ. ၁၃:၅ယဇ ၂၂:၃၀
ယေဇ. ၁၃:၅ရှာ ၂:၁၂; ယလ ၁:၁၅
ယေဇ. ၁၃:၆ယေ ၂၉:၃၁၊ ၃၂
ယေဇ. ၁၃:၈ယဇ ၂၂:၂၈
ယေဇ. ၁၃:၉ယေ ၁၄:၁၄; ၂၈:၁၅၊ ၁၆; ၂၉:၈၊ ၉
ယေဇ. ၁၃:၉ယဇ ၆:၁၃; ၁၁:၁၀
ယေဇ. ၁၃:၁၀ယေ ၆:၁၃၊ ၁၄
ယေဇ. ၁၃:၁၀ရှာ ၃၀:၁၀; ယဇ ၂၂:၂၈
ယေဇ. ၁၃:၁၁ရှာ ၂၇:၈
ယေဇ. ၁၃:၁၂ယေ ၃၇:၁၉
ယေဇ. ၁၃:၁၅ရှာ ၃၀:၁၂၊ ၁၃
ယေဇ. ၁၃:၁၆ယေ ၆:၁၃၊ ၁၄; ၂၈:၁-၄
ယေဇ. ၁၃:၁၉မိ ၃:၁၁
ယေဇ. ၁၃:၁၉ယေ ၂၃:၁၄
ယေဇ. ၁၃:၂၁ယဇ ၆:၁၃
ယေဇ. ၁၃:၂၂ယေ ၂၇:၁၄
ယေဇ. ၁၃:၂၂ယေ ၂၃:၁၄
ယေဇ. ၁၃:၂၂ယေ ၂၃:၁၆၊ ၁၇
ယေဇ. ၁၃:၂၃တရ ၁၈:၁၀၊ ၁၄; ယေ ၂၇:၉; မိ ၃:၆
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ယေဇကျေလ ၁၃:၁-၂၃

ယေဇကျေလ

၁၃ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “အို လူသား၊ အစ္စရေးပရောဖက်တွေနဲ့ပတ်သက်ပြီး ပရောဖက်ပြုပါ။+ လုပ်ကြံဖန်တီးပြီး ပရောဖက်ပြုနေသူတွေကို ပြောလိုက်–+ ‘ယေဟောဝါရဲ့စကားကို နားထောင်ကြ။ ၃ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “ဘာစိတ်အာရုံမှ မမြင်ဘဲနဲ့ ကိုယ့်သဘောအတိုင်း ဟောနေတဲ့ မိုက်မဲတဲ့ပရောဖက်တွေ အဖြစ်ဆိုးကြုံရမယ်။+ ၄ အို အစ္စရေး၊ မင်းရဲ့ ပရောဖက်တွေဟာ အပျက်အယွင်းပုံတွေကြားက မြေခွေးတွေနဲ့ တူတယ်။ ၅ သူတို့က ကျောက်မြို့ရိုး အပြိုအပျက်တွေဆီ သွားပြီး အဲဒါတွေကို အစ္စရေးအမျိုးအတွက် ပြန်တည်ဆောက်ပေးမှာ မဟုတ်ဘူး။+ ဒါကြောင့် ယေဟောဝါရဲ့နေ့မှာ အစ္စရေးတွေ တိုက်ပွဲကျသွားလိမ့်မယ်။”+ ၆ “သူတို့က မဟုတ်မမှန်တဲ့ စိတ်အာရုံတွေမြင်ပြီး အလိမ်အညာတွေ ဟောတယ်။ ယေဟောဝါ မစေလွှတ်ဘဲနဲ့ ‘ယေဟောဝါမိန့်မှာတယ်’ လို့ပြောပြီး ပြောတဲ့အတိုင်း ဖြစ်လာဖို့ စောင့်နေတယ်။+ ၇ မင်းတို့မြင်တာဟာ မဟုတ်မမှန်တဲ့ စိတ်အာရုံပဲ။ ငါဘာမှမပြောဘဲနဲ့ ‘ယေဟောဝါမိန့်မှာတယ်’ ဆိုပြီး ဟောတာဟာ လိမ်ညာတာပဲ။”’

၈ “‘ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “‘မင်းတို့ မဟုတ်မမှန်တာတွေ ပြောတဲ့အတွက်၊ မင်းတို့ရဲ့ စိတ်အာရုံတွေဟာ အလိမ်အညာတွေဖြစ်တဲ့အတွက် မင်းတို့ကို ငါတိုက်ခိုက်မယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတဲ့စကားပဲ။”+ ၉ မဟုတ်မမှန်တဲ့ စိတ်အာရုံတွေ မြင်ပြီး အလိမ်အညာတွေ ဟောတဲ့ ပရောဖက်တွေကို ငါ့လက်ရုံးနဲ့ တိုက်ခိုက်မယ်။+ သူတို့ဟာ ငါယုံရတဲ့သူတွေထဲမှာ မပါဘူး။ အစ္စရေးအမျိုးရဲ့စာရင်းထဲမှာ ရေးမှတ်ခံရမှာ မဟုတ်ဘူး။ အစ္စရေးပြည်ကို ပြန်လာရမှာ မဟုတ်ဘူး။ ငါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပဲဆိုတာ သိရလိမ့်မယ်။+ ၁၀ ငြိမ်သက်ခြင်း မရှိဘဲနဲ့ “ငြိမ်သက်ခြင်း ရှိတယ်” ဆိုပြီး ငါ့လူတွေကို လမ်းလွဲအောင် လုပ်တဲ့အတွက် သူတို့ အဲဒီလိုကြုံရလိမ့်မယ်။+ သူတို့က ကျိုးပဲ့လွယ်တဲ့နံရံနဲ့ ကာပြီး ထုံးဖြူသုတ်ကြတယ်။’*+

၁၁ “အဲဒီနံရံ ပြိုကျသွားမယ်လို့ ထုံးဖြူသုတ်တဲ့သူတွေကို ပြောလိုက်ပါ။ မိုးတွေ သဲကြီးမဲကြီးရွာပြီး မိုးသီးတွေ ကျလိမ့်မယ်။ လေပြင်းမုန်တိုင်းကြောင့် နံရံပြိုကျသွားလိမ့်မယ်။+ ၁၂ နံရံပြိုကျသွားတဲ့အခါ ‘မင်းတို့သုတ်ထားတဲ့ ထုံးဖြူတွေ ဘယ်ရောက်ကုန်ပြီလဲ’ လို့ လူတွေမေးကြလိမ့်မယ်။+

၁၃ “ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ငါက ဒေါသနဲ့ လေပြင်းမုန်တိုင်း တိုက်စေမယ်။ စိတ်ဆိုးဆိုးနဲ့ မိုးတွေ သဲကြီးမဲကြီး ရွာစေမယ်။ ဖျက်ဆီးခြင်းဒေါသနဲ့ မိုးသီးတွေ ကျစေမယ်။ ၁၄ မင်းတို့ ထုံးဖြူသုတ်ထားတဲ့ မြို့ရိုးကို မြေပေါ် ပြားပြားဝပ်အောင် ငါဖြိုချမယ်။ အုတ်မြစ်တွေကို လှန်ပစ်မယ်။ မြို့ပြိုကျသွားတဲ့အခါ မင်းတို့လည်း မြို့ထဲမှာ သေဆုံးသွားလိမ့်မယ်။ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့ သိရကြလိမ့်မယ်။’

၁၅ “‘ငါက မြို့ရိုးအပေါ်၊ မြို့ရိုးကို ထုံးဖြူသုတ်သူတွေအပေါ် ဒေါသကို အကုန်အစင် ဖွင့်ချမယ်။ “မြို့ရိုး မရှိတော့ဘူး။ မြို့ရိုးကို ထုံးဖြူသုတ်သူတွေလည်း မရှိတော့ဘူး။+ ၁၆ ငြိမ်သက်ခြင်း မရှိဘဲနဲ့ ငြိမ်သက်ခြင်းနဲ့ဆိုင်တဲ့ စိတ်အာရုံကို မြင်ပြီး ဂျေရုဆလင်မြို့အကြောင်း ပရောဖက်ပြုတဲ့ အစ္စရေးပရောဖက်တွေ မရှိတော့ဘူး”+ လို့ ငါပြောမယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။

၁၇ “လူသား၊ လုပ်ကြံဖန်တီးပြီး ပရောဖက်ပြုတဲ့ မင်းရဲ့လူမျိုးသမီးပျိုတွေကို ဆန့်ကျင်ပါ။ သူတို့ကိုဆန့်ကျင်ပြီး ပရောဖက်ပြုပါ။ ၁၈ သူတို့ကို ပြောလိုက်– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “လူ့အသက်ကို ထောင်ဖမ်းဖို့ လက်ပတ်ကြိုး* ချုပ်တဲ့ မိန်းမတွေ၊ ခေါင်းခြုံ ဇာပဝါ အရွယ်အစားမျိုးစုံလုပ်တဲ့ မိန်းမတွေဟာ အဖြစ်ဆိုးကြုံရလိမ့်မယ်။ မင်းတို့က ငါ့လူတွေရဲ့ အသက်ကို ထောင်ဖမ်းပြီး ကိုယ်တိုင်ကျတော့ အသက်ဆက်ရှင်ဖို့ ကြိုးစားနေတာလား။ ၁၉ မုယောဆန် လက်တစ်ဆုပ်၊ မုန့်တစ်ဖဲ့စာရဖို့ ငါ့လူတွေအလယ်မှာ ငါ့ကို ကဲ့ရဲ့ရှုတ်ချမလို့လား။+ မုသာစကား နားထောင်တဲ့ ငါ့လူတွေကို မုသာစကားပြောပြီး မသေသင့်သူတွေ သေအောင်၊ သေသင့်သူတွေ အသက်ဆက်ရှင်အောင် လုပ်မလို့လား။”’+

၂၀ “ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘မိန်းမတို့၊ လူတွေကို ငှက်လို ထောင်ဖမ်းဖို့ မင်းတို့သုံးနေတဲ့ လက်ပတ်ကြိုးတွေကို ငါဖျက်ဆီးမယ်၊ မင်းတို့ရဲ့လက်ကနေ ဆွဲဖြုတ်မယ်။ ငှက်လို မင်းတို့ ထောင်ဖမ်းနေတဲ့သူတွေကို ငါလွှတ်ပေးမယ်။ ၂၁ မင်းတို့ရဲ့ဇာပဝါတွေကို ဆွဲဆုတ်ပြီး ငါ့လူတွေကို မင်းတို့လက်ကနေ ကယ်မယ်။ သူတို့ကို ထောင်ဖမ်းလို့ ရတော့မှာ မဟုတ်ဘူး။ ငါဟာ ယေဟောဝါဖြစ်မှန်း မင်းတို့ သိရကြလိမ့်မယ်။+ ၂၂ ငါက ဖြောင့်မတ်သူကို စိတ်ညစ်အောင် မလုပ်ပေမဲ့ မင်းတို့ကတော့ မုသာစကားတွေနဲ့ စိတ်ပျက်အောင်လုပ်တယ်။+ လူဆိုးကို မင်းတို့ အားပေးအားမြှောက် လုပ်နေတော့+ သူက မကောင်းတဲ့လမ်းစဉ်ကို စွန့်ပြီး အသက်ဆက်ရှင်ဖို့ မကြိုးစားတော့ဘူး။+ ၂၃ ဒါကြောင့် မိန်းမတို့၊ မဟုတ်မမှန်တဲ့ စိတ်အာရုံတွေ မင်းတို့မြင်တော့မှာ မဟုတ်ဘူး။ နတ်ဆိုးပညာနဲ့ ဟောနိုင်တော့မှာ မဟုတ်ဘူး။+ ငါ့လူတွေကို မင်းတို့လက်ထဲကနေ ငါကယ်မယ်။ ငါဟာ ယေဟောဝါပဲဆိုတာ သိရကြလိမ့်မယ်။’”

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ