ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ဘုရင်များ ၁၁
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

၂ ဘုရင်များ မာတိကာ

      • အာသလိ ထီးနန်းသိမ်းပိုက် (၁-၃)

      • ယောရှကို တိတ်တဆိတ် မင်းမြှောက် (၄-၁၂)

      • အာသလိ အသတ်ခံရ (၁၃-၁၆)

      • ယောယဒ ပြုပြင်ပြောင်းလဲမှု လုပ် (၁၇-၂၁)

၂ ဘုရင်များ ၁၁:၁

ကျမ်းညွှန်းများ

  • +၂ဘု ၈:၂၆; ၁၁:၂၀; ၂ရ ၂၁:၅၊ ၆; ၂၄:၇
  • +၂ဘု ၉:၂၇
  • +၂ရ ၂၁:၄; ၂၂:၁၀-၁၂

၂ ဘုရင်များ ၁၁:၂

ကျမ်းညွှန်းများ

  • +၂ဘု ၁၂:၁

၂ ဘုရင်များ ၁၁:၄

ကျမ်းညွှန်းများ

  • +၁ဘု ၁၄:၂၇
  • +၂ရ ၂၃:၁-၃

၂ ဘုရင်များ ၁၁:၅

ကျမ်းညွှန်းများ

  • +၁ဘု ၇:၁; ၂ရ ၂၃:၄-၇

၂ ဘုရင်များ ၁၁:၉

ကျမ်းညွှန်းများ

  • +၂ဘု ၁၁:၄
  • +၂ရ ၂၃:၈-၁၁

၂ ဘုရင်များ ၁၁:၁၁

ကျမ်းညွှန်းများ

  • +၁ဘု ၁၄:၂၇
  • +၁ဘု ၈:၂၂; ၂ရ ၄:၁

၂ ဘုရင်များ ၁၁:၁၂

ကျမ်းညွှန်းများ

  • +၂ဘု ၁၁:၂
  • +ထွ ၂၅:၂၁; ၃၁:၁၈
  • +၁ဘု ၁:၃၉၊ ၄၀

၂ ဘုရင်များ ၁၁:၁၃

ကျမ်းညွှန်းများ

  • +၂ရ ၂၃:၁၂-၁၅

၂ ဘုရင်များ ၁၁:၁၄

ကျမ်းညွှန်းများ

  • +၂ဘု ၂၃:၃
  • +၂ရ ၅:၁၂

၂ ဘုရင်များ ၁၁:၁၅

ကျမ်းညွှန်းများ

  • +၂ဘု ၁၁:၄; ၂ရ ၂၃:၉

၂ ဘုရင်များ ၁၁:၁၆

ကျမ်းညွှန်းများ

  • +၁ဘု ၇:၁

၂ ဘုရင်များ ၁၁:၁၇

ကျမ်းညွှန်းများ

  • +၁ရှ ၁၀:၂၅; ၂ရှ ၅:၃
  • +၂ရ ၂၃:၁၆၊ ၁၇

၂ ဘုရင်များ ၁၁:၁၈

ကျမ်းညွှန်းများ

  • +တရ ၁၂:၃
  • +တရ ၇:၂၅
  • +တရ ၁၃:၅
  • +၂ရ ၂၃:၁၈-၂၁

၂ ဘုရင်များ ၁၁:၁၉

ကျမ်းညွှန်းများ

  • +၂ဘု ၁၁:၄၊ ၁၅
  • +၁ဘု ၁၄:၂၇
  • +၂ရှ ၇:၈၊ ၁၆

၂ ဘုရင်များ ၁၁:၂၁

ကျမ်းညွှန်းများ

  • +၂ဘု ၁၁:၂
  • +၂ရ ၂၄:၁

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

၂ ဘု. ၁၁:၁၂ဘု ၈:၂၆; ၁၁:၂၀; ၂ရ ၂၁:၅၊ ၆; ၂၄:၇
၂ ဘု. ၁၁:၁၂ဘု ၉:၂၇
၂ ဘု. ၁၁:၁၂ရ ၂၁:၄; ၂၂:၁၀-၁၂
၂ ဘု. ၁၁:၂၂ဘု ၁၂:၁
၂ ဘု. ၁၁:၄၁ဘု ၁၄:၂၇
၂ ဘု. ၁၁:၄၂ရ ၂၃:၁-၃
၂ ဘု. ၁၁:၅၁ဘု ၇:၁; ၂ရ ၂၃:၄-၇
၂ ဘု. ၁၁:၉၂ဘု ၁၁:၄
၂ ဘု. ၁၁:၉၂ရ ၂၃:၈-၁၁
၂ ဘု. ၁၁:၁၁၁ဘု ၁၄:၂၇
၂ ဘု. ၁၁:၁၁၁ဘု ၈:၂၂; ၂ရ ၄:၁
၂ ဘု. ၁၁:၁၂၂ဘု ၁၁:၂
၂ ဘု. ၁၁:၁၂ထွ ၂၅:၂၁; ၃၁:၁၈
၂ ဘု. ၁၁:၁၂၁ဘု ၁:၃၉၊ ၄၀
၂ ဘု. ၁၁:၁၃၂ရ ၂၃:၁၂-၁၅
၂ ဘု. ၁၁:၁၄၂ဘု ၂၃:၃
၂ ဘု. ၁၁:၁၄၂ရ ၅:၁၂
၂ ဘု. ၁၁:၁၅၂ဘု ၁၁:၄; ၂ရ ၂၃:၉
၂ ဘု. ၁၁:၁၆၁ဘု ၇:၁
၂ ဘု. ၁၁:၁၇၁ရှ ၁၀:၂၅; ၂ရှ ၅:၃
၂ ဘု. ၁၁:၁၇၂ရ ၂၃:၁၆၊ ၁၇
၂ ဘု. ၁၁:၁၈တရ ၁၂:၃
၂ ဘု. ၁၁:၁၈တရ ၇:၂၅
၂ ဘု. ၁၁:၁၈တရ ၁၃:၅
၂ ဘု. ၁၁:၁၈၂ရ ၂၃:၁၈-၂၁
၂ ဘု. ၁၁:၁၉၂ဘု ၁၁:၄၊ ၁၅
၂ ဘု. ၁၁:၁၉၁ဘု ၁၄:၂၇
၂ ဘု. ၁၁:၁၉၂ရှ ၇:၈၊ ၁၆
၂ ဘု. ၁၁:၂၁၂ဘု ၁၁:၂
၂ ဘု. ၁၁:၂၁၂ရ ၂၄:၁
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၂ ဘုရင်များ ၁၁:၁-၂၁

၂ ဘုရင်များ

၁၁ မယ်တော်အာသလိက+ သားတော်အာခဇိမင်း သေဆုံးမှန်းသိတာနဲ့+ တော်ဝင်မျိုးဆက် အားလုံးကို သုတ်သင်ပစ်တယ်။+ ၂ ဒါပေမဲ့ ယဟောရံရဲ့ သမီးတော်၊ အာခဇိရဲ့နှမ ယောရှေဘက အာခဇိရဲ့သား ယောရှကို+ ကွပ်မျက်ခံရမယ့် သားတော်တွေထဲကနေ ခိုးယူပြီး အထိန်းတော်နဲ့အတူ အတွင်းအိပ်ခန်းမှာ  ဝှက်ထားလိုက်တယ်။ အာသလိ မသိအောင် ဝှက်ထားတဲ့အတွက် ယောရှ အသတ်မခံလိုက်ရဘူး။ ၃ တိုင်းပြည်ကို အာသလိ အုပ်စိုးချိန်အတွင်း  ယောရှက အထိန်းတော်နဲ့အတူ  ယေဟောဝါရဲ့အိမ်တော်မှာ ခြောက်နှစ်လုံး ပုန်းနေတယ်။

၄ ခုနစ်နှစ်မြောက်မှာ ယောယဒက ခေရိကိုယ်ရံတော်တစ်ရာနဲ့ နန်းတော်စောင့်+ တစ်ရာရဲ့ တပ်မှူးတွေကို သူရှိနေတဲ့ ယေဟောဝါရဲ့ အိမ်တော်ဆီ လာခိုင်းတယ်။ ယေဟောဝါရဲ့ အိမ်တော်မှာ သူတို့နဲ့ ကတိကဝတ်ပြုပြီး သစ္စာဆိုခိုင်းတယ်။ အဲဒီနောက် ဘုရင့်သားတော်ကို ထုတ်ပြလိုက်တယ်။+ ၅ ပြီးတော့ “ခင်ဗျားတို့ လုပ်ရမှာက– လူသုံးစု ခွဲလိုက်ပါ။ တစ်စုက ဥပုသ်နေ့မှာ နန်းတော်ကို အသေအချာ စောင့်ကြပ်ဖို့ တာဝန်ယူရမယ်။+ ၆ နောက်တစ်စုက အုတ်မြစ်တံခါးမှာ စောင့်ရမယ်။ နောက်ဆုံးတစ်စုက နန်းတော်စောင့်တွေရဲ့နောက်က တံခါးမှာ စောင့်ရမယ်။ အိမ်တော်ကိုလည်း အလှည့်ကျ စောင့်ကြပ်ရမယ်။ ၇ ဥပုသ်နေ့မှာ တာဝန်မကျတဲ့ အုပ်စုနှစ်စုက ဘုရင်ကိုကာကွယ်ဖို့ ယေဟောဝါရဲ့ အိမ်တော်ကို အသေအချာစောင့်ကြပ်ရတဲ့ တာဝန်ယူရမယ်။ ၈ ယောက်တိုင်း လက်နက်ကိုယ်စီကိုင်ပြီး ဘုရင်ကို ခြံရံစောင့်ကြပ်ရမယ်။ အစောင့်အကြပ်တွေကြား ဝင်လာသူမှန်သမျှ သေဒဏ်ပဲ။ ဘုရင်သွားလေရာရာ ခင်ဗျားတို့လိုက်ရမယ်” ဆိုပြီး ညွှန်ကြားတယ်။

၉ ကိုယ်ရံတော်တစ်ရာရဲ့ တပ်မှူးတွေလည်း+ ပုရောဟိတ်ယောယဒ ညွှန်ကြားတဲ့အတိုင်း တစ်သဝေမတိမ်း လိုက်နာကြတယ်။ တပ်မှူးတွေက ဥပုသ်နေ့မှာ တာဝန်ကျတဲ့သူတွေကိုရော တာဝန်မကျတဲ့သူတွေကိုပါ ခေါ်ထားတယ်။ သူတို့အားလုံး ပုရောဟိတ်ယောယဒဆီ လာကြတယ်။+ ၁၀ အဲဒီအခါ ပုရောဟိတ်က တပ်မှူးတွေကို ယေဟောဝါရဲ့ အိမ်တော်မှာရှိတဲ့ ဒါဝိဒ်မင်းရဲ့လှံတွေ၊ ဒိုင်းဝိုင်းတွေ ပေးလိုက်တယ်။ ၁၁ နန်းတော်စောင့်တွေက+ လက်နက်ကိုယ်စီကိုင်၊ ဘုရင်ကိုခြံရံပြီး ပူဇော်ရာပလ္လင်အနား၊+ အိမ်တော်အနား၊ အိမ်တော်ရဲ့ညာဘက်ကနေ  ဘယ်ဘက်အထိ စောင့်ကြပ်ကြတယ်။ ၁၂ အဲဒီနောက် ယောယဒက ဘုရင့်သားတော် ယောရှကို ခေါ်ထုတ်လာတယ်။+ ခေါင်းပေါ် သရဖူဆောင်းပေးပြီး ပညတ်ကျမ်းလိပ်ကို+ တင်တယ်။ ယောရှကို မင်းမြှောက်ပြီး  ဘိသိက်ပေးလိုက်တယ်။ “မင်းကြီး အသက်တော် ရှည်ပါစေ” ဆိုပြီး လက်ခုပ်တီးရင်း ကြွေးကြော်ကြတယ်။+

၁၃ အာသလိက အုတ်အုတ်ကျက်ကျက် ဖြစ်နေတဲ့အသံကို ကြားတာနဲ့ လူတွေစုဝေးနေတဲ့ ယေဟောဝါရဲ့အိမ်တော်ကို  ရောက်လာတယ်။+ ၁၄ ထုံးစံရှိတဲ့အတိုင်းတိုင်နားမှာ ဘုရင်ရပ်နေတာကို  သူတွေ့လိုက်ရတယ်။+ တပ်မှူးတွေနဲ့ ခရာမှုတ်သူတွေက+ ဘုရင့်အနားမှာ ရှိနေပြီး ပြည်သူပြည်သားတွေလည်း ဝမ်းသာအားရ ခရာမှုတ်နေကြတယ်။ ဒါနဲ့ အာသလိက ကိုယ့်အဝတ်ကိုဆွဲဆုတ်ပြီး “ဒါ ပုန်ကန်မှုပဲ။ ပုန်ကန်နေကြတာပဲ” လို့အော်တော့တယ်။ ၁၅ ပုရောဟိတ်ယောယဒက တပ်သားတွေကို ကြီးကြပ်ရတဲ့ ရာတပ်မှူးတွေကို+  “အစောင့်အကြပ်တွေကြားကနေ သူ့ကို ခေါ်ထုတ်သွားကြ။ သူ့နောက်ကို လိုက်တဲ့သူရှိရင်လည်း ဓားနဲ့ကွပ်မျက်ကြ” လို့အမိန့်ပေးတယ်။ ယောယဒက “သူ့ကို ယေဟောဝါဘုရားရဲ့ အိမ်တော်ထဲမှာ မသတ်ကြနဲ့” ဆိုပြီး မှာထားတဲ့အတွက်၊ ၁၆ သူ့ကို ဖမ်းချုပ်လိုက်ပြီး နန်းတော်ထဲ မြင်းတွေဝင်တဲ့နေရာ+ ရောက်တဲ့အခါ ကွပ်မျက်ကြတယ်။

၁၇ အဲဒီနောက် ယောယဒက ဘုရင်နဲ့လူတွေကို ယေဟောဝါရဲ့လူမျိုး အမြဲဖြစ်နေစေဖို့ ယေဟောဝါနဲ့ ကတိသစ္စာပြုခိုင်းတယ်။+ ဘုရင်နဲ့ လူတွေကိုလည်း  ကတိသစ္စာပြုခိုင်းတယ်။+ ၁၈ နောက်တော့ ပြည်သူပြည်သား အားလုံးက ဗာလဘုရားကျောင်းကိုလာပြီး ယဇ်ပလ္လင်တွေကို ဖြိုချတယ်။+ ဗာလရုပ်တုတွေကို ချိုးဖဲ့ဖျက်ဆီးပြီး+ ဗာလပုရောဟိတ် မဿန်ကို ယဇ်ပလ္လင်တွေရှေ့မှာ ကွပ်မျက်လိုက်တယ်။+

ပြီးတော့ ပုရောဟိတ်က ယေဟောဝါရဲ့ အိမ်တော်ကိုစောင့်ကြပ်ဖို့ ကြီးကြပ်မှူးတွေ ခန့်အပ်တယ်။+ ၁၉ ဒါ့အပြင် ရာတပ်မှူးတွေ၊+ ခေရိကိုယ်ရံတော်တပ်ဖွဲ့၊  နန်းတော်စောင့်တွေ၊+ ပြည်သူပြည်သားတွေကို ခေါ်ပြီး ဘုရင်ကို ယေဟောဝါရဲ့ အိမ်တော်ကနေ နန်းတော်ဆီ ခေါ်ထုတ်ချိန်မှာ ခြံရံစောင့်ကြပ်စေတယ်။ နန်းတော်စောင့်တွေရဲ့  တံခါးလမ်းအတိုင်း ခေါ်ဆောင်လာပြီးတဲ့နောက် ဘုရင်လည်း ရာဇပလ္လင်ပေါ်မှာ နန်းထိုင်တယ်။+ ၂၀ အာသလိကို နန်းတော်မှာ ဓားနဲ့ကွပ်မျက်လိုက်ပြီဖြစ်လို့ ပြည်သူပြည်သားအားလုံး ပျော်ရွှင်မြူးထူးပြီး တစ်မြို့လုံး ငြိမ်သက်အေးချမ်းနေတယ်။

၂၁ ယောရှ+  နန်းတက်ချိန်မှာ အသက် ၇ နှစ်ပဲ ရှိသေးတယ်။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ