ဧဖက်
၂ အဲဒီအပြင် ကျူးလွန်မှုတွေ၊ အပြစ်တွေကြောင့် လူသေတွေလို ဖြစ်ခဲ့တဲ့ ခင်ဗျားတို့ကို ဘုရားသခင် အသက်ရှင်စေတယ်။+ ၂ ခင်ဗျားတို့ဟာ တစ်ချိန်က ဒီလောကစနစ်ရဲ့ လမ်းစဉ်အတိုင်း၊+ လေလိုပျံ့နေတဲ့ စိတ်ဓာတ်ကို ထိန်းချုပ်ထားသူရဲ့+ အလိုဆန္ဒအတိုင်း လျှောက်လှမ်းခဲ့ကြတယ်။ အဲဒီစိတ်ဓာတ်ဟာ+ နာခံမှုမရှိသူတွေဆီမှာ ရှင်သန်လှုပ်ရှားနေတယ်။ ၃ ကျွန်တော်တို့အားလုံးလည်း သူတို့လိုပဲ တစ်ချိန်က အပြစ်ရှိတဲ့ အလိုဆန္ဒအတိုင်း ကျင့်ကြံပြုမူခဲ့ကြတယ်။+ ကိုယ့်အလိုဆန္ဒအတိုင်း၊ ကိုယ့်အထင်အတိုင်း လုပ်ခဲ့ကြတယ်။+ ကျွန်တော်တို့ဟာ မွေးလာကတည်းက တခြားသူတွေလို အမျက်တော်ခံရမယ့် သားသမီးတွေပဲ။+ ၄ ဒါပေမဲ့ ကရုဏာကြီးမားလှတဲ့ ဘုရားသခင်က+ ကျွန်တော်တို့ကို သိပ်ချစ်တဲ့အတွက်၊+ ၅ ပြစ်မှားမှုတွေကြောင့် လူသေတွေလို ကျွန်တော်တို့ ဖြစ်နေချိန်မှာတောင် ခရစ်တော်နဲ့အတူ အသက်ရှင်စေပြီ။+ မဟာကရုဏာတော်ကြောင့် ခင်ဗျားတို့ ကယ်တင်ခံရပြီ။ ၆ အဲဒီအပြင် ခရစ်တော်ယေရှုနဲ့ ကျွန်တော်တို့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်နေလို့ ဘုရားသခင်က ကျွန်တော်တို့ကို အသက်ရှင်စေပြီးနောက် ကောင်းကင်မှာ ခရစ်တော်နဲ့အတူ နေရာပေးတယ်။+ ၇ အဲဒီလိုလုပ်တာက ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်နေတဲ့ ကျွန်တော်တို့ကို နောင်လာမယ့် လောကစနစ်တွေ* ကျရင် မျက်နှာသာပေးပြီး မဟာကရုဏာတော်ကို ရက်ရက်ရောရော ပြနိုင်ဖို့ပဲ။
၈ အဲဒီမဟာကရုဏာတော်ကြောင့် ခင်ဗျားတို့ဟာ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရပြီ။+ ဒါဟာ ကိုယ်လုပ်လို့ ကိုယ်ရတဲ့အရာ မဟုတ်ဘူး။ ဘုရားသခင်ပေးတဲ့ ဆုလက်ဆောင်ပဲ။ ၉ ကိုယ်လုပ်လို့ ကိုယ်ရတဲ့အရာ မဟုတ်တဲ့အတွက်+ ဘယ်သူမှ ဝါကြွားစရာအကြောင်း မရှိဘူး။ ၁၀ ကျွန်တော်တို့ဟာ ဘုရားသခင့်လက်ရာပဲ။ ဘုရားသခင်က ခရစ်တော်ယေရှုရဲ့ တပည့်တွေဖြစ်တဲ့+ ကျွန်တော်တို့ကို ကောင်းမှုတွေလုပ်ဖို့ ဖန်ဆင်းခဲ့တယ်။+ ကျွန်တော်တို့လုပ်ရမယ့် အဲဒီကောင်းမှုတွေကို ကြိုတင်သတ်မှတ်ထားတယ်။
၁၁ ဒါကြောင့် တစ်ချိန်တုန်းက ခင်ဗျားတို့ဟာ လူမျိုးခြားတွေအဖြစ် မွေးဖွားလာမှန်း၊ ပကတိ “အရေဖျားဖြတ်ထားသူတွေ” က ခင်ဗျားတို့ကို “အရေဖျားမဖြတ်သူတွေ” လို့ခေါ် ခဲ့မှန်း အမှတ်ရကြပါ။ ၁၂ အဲဒီတုန်းက ခင်ဗျားတို့ဟာ ခရစ်တော်ကို မသိတဲ့သူတွေ၊ အစ္စရေးလူမျိုးနဲ့ ကင်းကွာသူတွေ၊ ကတိထားရာပဋိညာဉ်နဲ့ မသက်ဆိုင်သူတွေ၊+ လောကမှာ မျှော်လင့်ချက်မဲ့ပြီး ဘုရားသခင်ကို မသိတဲ့သူတွေ ဖြစ်ခဲ့တယ်။+ ၁၃ တစ်ချိန်တုန်းက ဘုရားသခင်နဲ့ ဝေးကွာနေတဲ့ ခင်ဗျားတို့ဟာ အခုတော့ ခရစ်တော်ယေရှုရဲ့ သွေးအားဖြင့် ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လာပြီး ဘုရားသခင်နဲ့ နီးလာကြပြီ။ ၁၄ ခရစ်တော်ဟာ ကျွန်တော်တို့ကို သင့်မြတ်စေတဲ့သူပါ။+ လူနှစ်စုကိုခြားထားတဲ့ တံတိုင်းကို ဖြိုဖျက်ပြီး+ တစ်စုတည်းဖြစ်အောင်+ သူ လုပ်ပေးခဲ့တယ်။ ၁၅ ခရစ်တော်က လူနှစ်စုကို လူစုသစ်တစ်စုတည်း* ဖြစ်ပြီး သင့်မြတ်လာအောင်၊ သူနဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်အောင်+ ခန္ဓာကိုယ်ကို ဆက်သခြင်းအားဖြင့် ရန်ငြိုးကို ပယ်ဖျက်လိုက်ပြီ။ အဲဒီရန်ငြိုးဟာ မိန့်မှာချက်တွေ၊ ပညတ်ချက်တွေပါဝင်တဲ့ မောရှေရဲ့ပညတ်တရားပဲ။ ၁၆ အဲဒီရန်ငြိုးကို+ ခရစ်တော်ကိုယ်တိုင် ပယ်ဖျက်လိုက်ပြီ။ ဒါကြောင့် ဒုက္ခသစ်တိုင်မှာ+ အသေခံခြင်းအားဖြင့် လူနှစ်စုကို ခန္ဓာကိုယ်တစ်ခုတည်း ဖြစ်စေပြီး ဘုရားသခင်နဲ့ ပြန်သင့်မြတ်စေပြီ။ ၁၇ ခရစ်တော်က ရောက်လာပြီး ဘုရားသခင်နဲ့ ဝေးကွာနေတဲ့ ခင်ဗျားတို့ကိုရော၊ ဘုရားသခင်နဲ့ နီးတဲ့သူတွေကိုပါ ငြိမ်သက်ခြင်းသတင်းကောင်း ဟောပြောခဲ့တယ်။ ၁၈ လူစုနှစ်စုဖြစ်တဲ့ ကျွန်တော်တို့ဟာ စွမ်းအားတော်တစ်မျိုးတည်းကို ရထားတဲ့အတွက် ခရစ်တော်ကတစ်ဆင့် အဖဘုရားဆီ အတားအဆီးမရှိ ဆုတောင်းနိုင်ကြပြီ။
၁၉ ဒါကြောင့် ခင်ဗျားတို့ဟာ သူစိမ်းတွေ၊ တိုင်းတစ်ပါးသားတွေ မဟုတ်တော့ဘူး။+ သန့်ရှင်းသူတွေလိုပဲ နိုင်ငံသားတွေ၊+ ဘုရားသခင်ရဲ့ မိသားစုဝင်တွေ ဖြစ်သွားပြီ။+ ၂၀ ခင်ဗျားတို့ကို တမန်တော်တွေ၊ ပရောဖက်တွေဖြစ်တဲ့+ အုတ်မြစ်ပေါ်မှာ တည်ဆောက်ထားတယ်။ ထောင့်ချုပ် အုတ်မြစ်ကျောက်ကတော့ ခရစ်တော်ယေရှုပဲ။+ ၂၁ ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပြီး လိုက်ဖက်စွာ ပေါင်းစည်းနေတဲ့ အဆောက်အအုံတစ်ခုလုံးဟာ+ ယေဟောဝါရဲ့* သန့်ရှင်းတဲ့ဗိမာန်တော် ဖြစ်လာတယ်။+ ၂၂ ခင်ဗျားတို့ဟာ ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်တဲ့အတွက် ဘုရားသခင်က စွမ်းအားတော်တည်ရှိတဲ့ စံမြန်းရာအိမ်တော်မှာ တခြားသူတွေနဲ့အတူ ခင်ဗျားတို့ကိုပါ တည်ဆောက်ထားတယ်။+