ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ကောရိန္သု ၁၁
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

၂ ကောရိန္သု မာတိကာ

      • ပေါလုနဲ့ ထူးချွန်တမန်တော်များ (၁-၁၅)

      • တမန်တော်အဖြစ် ပေါလု ကြုံရတဲ့ အခက်အခဲများ (၁၆-၃၃)

၂ ကောရိန္သု ၁၁:၂

ကျမ်းညွှန်းများ

  • +မာ ၂:၁၉; ဧ ၅:၂၃; ဗ ၂၁:၂၊ ၉

၂ ကောရိန္သု ၁၁:၃

ကျမ်းညွှန်းများ

  • +က ၃:၄၊ ၅; ယဟ ၈:၄၄
  • +၁တိ ၆:၃-၅; ဟီ ၁၃:၉; ၂ပေ ၃:၁၇

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    “ဘုရားသခင့်မေတ္တာ”၊ စာ. ၁၉၂

    ကင်းမျှော်စင်၊

    ၁၀/၁၅/၂၀၀၂၊ စာ. ၈

၂ ကောရိန္သု ၁၁:၄

ကျမ်းညွှန်းများ

  • +ဂ ၁:၇၊ ၈

၂ ကောရိန္သု ၁၁:၅

ကျမ်းညွှန်းများ

  • +၂က ၁၁:၂၃

၂ ကောရိန္သု ၁၁:၆

ကျမ်းညွှန်းများ

  • +၂က ၁၀:၁၀

၂ ကောရိန္သု ၁၁:၇

ကျမ်းညွှန်းများ

  • +တ ၁၈:၃; ၁က ၉:၁၈

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၁၄၈-၁၄၉

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၄/၂၀၁၉၊ စာ. ၄

၂ ကောရိန္သု ၁၁:၈

ကျမ်းညွှန်းများ

  • +ဖိ ၄:၁၀

၂ ကောရိန္သု ၁၁:၉

ကျမ်းညွှန်းများ

  • +ဖိ ၄:၁၅၊ ၁၆
  • +၁သ ၂:၉

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၁၅၀-၁၅၁

    ကင်းမျှော်စင်၊

    ၆/၁၅/၁၉၉၀၊ စာ. ၁၉

၂ ကောရိန္သု ၁၁:၁၀

ကျမ်းညွှန်းများ

  • +၁က ၉:၁၄၊ ၁၅

၂ ကောရိန္သု ၁၁:၁၂

ကျမ်းညွှန်းများ

  • +၁က ၉:၁၁၊ ၁၂

၂ ကောရိန္သု ၁၁:၁၃

ကျမ်းညွှန်းများ

  • +ရ ၁၆:၁၇၊ ၁၈; ၂ပေ ၂:၁

၂ ကောရိန္သု ၁၁:၁၄

ကျမ်းညွှန်းများ

  • +ဂ ၁:၈; ၂သ ၂:၉

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကျမ်းစာမေးခွန်းများရဲ့ အဖြေ၊ ဆောင်းပါး ၁၇၁

    ကင်းမျှော်စင်၊

    ၂/၁၅/၂၀၀၄၊ စာ. ၄

    ၃/၁/၂၀၀၂၊ စာ. ၁၁

၂ ကောရိန္သု ၁၁:၁၅

ကျမ်းညွှန်းများ

  • +မ ၁၆:၂၇; ဖိ ၃:၁၈၊ ၁၉; ၂တိ ၄:၁၄

၂ ကောရိန္သု ၁၁:၂၂

ကျမ်းညွှန်းများ

  • +တ ၂၂:၃
  • +ရ ၁၁:၁; ဖိ ၃:၄၊ ၅

၂ ကောရိန္သု ၁၁:၂၃

ကျမ်းညွှန်းများ

  • +ရ ၁၁:၁၃; ၁က ၁၅:၁၀
  • +တ ၁၆:၂၃၊ ၂၄
  • +တ ၉:၁၅၊ ၁၆; ၂က ၆:၄၊ ၅; ၁ပေ ၂:၂၀၊ ၂၁

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၁၀/၂၀၂၁၊ စာ. ၂၆

    ကင်းမျှော်စင်၊

    ၇/၁၅/၂၀၀၀၊ စာ. ၂၆-၂၇

၂ ကောရိန္သု ၁၁:၂၄

ကျမ်းညွှန်းများ

  • +တရ ၂၅:၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၇/၁၅/၂၀၀၀၊ စာ. ၂၆-၂၇

၂ ကောရိန္သု ၁၁:၂၅

ကျမ်းညွှန်းများ

  • +တ ၁၆:၂၂
  • +တ ၁၄:၁၉
  • +တ ၂၇:၄၁

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၇/၁၅/၂၀၀၀၊ စာ. ၂၆-၂၇

    ၆/၁၅/၁၉၉၀၊ စာ. ၁၁-၁၂၊ ၁၆-၁၇

၂ ကောရိန္သု ၁၁:၂၆

ကျမ်းညွှန်းများ

  • +တ ၂၀:၃; ၂၃:၁၀
  • +တ ၁၄:၅၊ ၆
  • +တ ၁၃:၅၀

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၇/၁၅/၂၀၀၀၊ စာ. ၂၆-၂၇

    ၉/၁/၁၉၉၂၊ စာ. ၁၀

    ၆/၁၅/၁၉၉၀၊ စာ. ၁၀၊ ၂၈

၂ ကောရိန္သု ၁၁:၂၇

ကျမ်းညွှန်းများ

  • +တ ၂၀:၃၁
  • +၁က ၄:၁၁
  • +၂က ၆:၄၊ ၅

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၇/၁၅/၂၀၀၀၊ စာ. ၂၆-၂၇

၂ ကောရိန္သု ၁၁:၂၈

ကျမ်းညွှန်းများ

  • +၂က ၂:၄; ကော ၂:၁

၂ ကောရိန္သု ၁၁:၃၃

ကျမ်းညွှန်းများ

  • +တ ၉:၂၄၊ ၂၅

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

၂ ကော. ၁၁:၂မာ ၂:၁၉; ဧ ၅:၂၃; ဗ ၂၁:၂၊ ၉
၂ ကော. ၁၁:၃က ၃:၄၊ ၅; ယဟ ၈:၄၄
၂ ကော. ၁၁:၃၁တိ ၆:၃-၅; ဟီ ၁၃:၉; ၂ပေ ၃:၁၇
၂ ကော. ၁၁:၄ဂ ၁:၇၊ ၈
၂ ကော. ၁၁:၅၂က ၁၁:၂၃
၂ ကော. ၁၁:၆၂က ၁၀:၁၀
၂ ကော. ၁၁:၇တ ၁၈:၃; ၁က ၉:၁၈
၂ ကော. ၁၁:၈ဖိ ၄:၁၀
၂ ကော. ၁၁:၉ဖိ ၄:၁၅၊ ၁၆
၂ ကော. ၁၁:၉၁သ ၂:၉
၂ ကော. ၁၁:၁၀၁က ၉:၁၄၊ ၁၅
၂ ကော. ၁၁:၁၂၁က ၉:၁၁၊ ၁၂
၂ ကော. ၁၁:၁၃ရ ၁၆:၁၇၊ ၁၈; ၂ပေ ၂:၁
၂ ကော. ၁၁:၁၄ဂ ၁:၈; ၂သ ၂:၉
၂ ကော. ၁၁:၁၅မ ၁၆:၂၇; ဖိ ၃:၁၈၊ ၁၉; ၂တိ ၄:၁၄
၂ ကော. ၁၁:၂၂တ ၂၂:၃
၂ ကော. ၁၁:၂၂ရ ၁၁:၁; ဖိ ၃:၄၊ ၅
၂ ကော. ၁၁:၂၃ရ ၁၁:၁၃; ၁က ၁၅:၁၀
၂ ကော. ၁၁:၂၃တ ၁၆:၂၃၊ ၂၄
၂ ကော. ၁၁:၂၃တ ၉:၁၅၊ ၁၆; ၂က ၆:၄၊ ၅; ၁ပေ ၂:၂၀၊ ၂၁
၂ ကော. ၁၁:၂၄တရ ၂၅:၃
၂ ကော. ၁၁:၂၅တ ၁၆:၂၂
၂ ကော. ၁၁:၂၅တ ၁၄:၁၉
၂ ကော. ၁၁:၂၅တ ၂၇:၄၁
၂ ကော. ၁၁:၂၆တ ၂၀:၃; ၂၃:၁၀
၂ ကော. ၁၁:၂၆တ ၁၄:၅၊ ၆
၂ ကော. ၁၁:၂၆တ ၁၃:၅၀
၂ ကော. ၁၁:၂၇တ ၂၀:၃၁
၂ ကော. ၁၁:၂၇၁က ၄:၁၁
၂ ကော. ၁၁:၂၇၂က ၆:၄၊ ၅
၂ ကော. ၁၁:၂၈၂က ၂:၄; ကော ၂:၁
၂ ကော. ၁၁:၃၃တ ၉:၂၄၊ ၂၅
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ကမ္ဘာသစ် ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ (bi7) ဖတ်ပါ
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
  • ၂၈
  • ၂၉
  • ၃၀
  • ၃၁
  • ၃၂
  • ၃၃
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၂ ကောရိန္သု ၁၁:၁-၃၃

၂ ကောရိန္သု

၁၁ ကျွန်တော် ဆင်ခြင်ဉာဏ်မဲ့တဲ့ပုံ ပေါက်နေရင်တောင် သည်းခံပေးကြပါ။ တကယ်လည်း ခင်ဗျားတို့ သည်းခံပါတယ်။ ၂ ခင်ဗျားတို့အတွက် ဘုရားသခင် စိုးရိမ်သလို ကျွန်တော်လည်း စိုးရိမ်လို့ပါ။ ဘာလို့လဲဆိုတော့  ခင်ဗျားတို့ကို  ခင်ပွန်းဖြစ်သူ ခရစ်တော်ဆီ အပျိုစင်အဖြစ် ဆက်သပြီး ထိမ်းမြားစေမယ်လို့ ကျွန်တော် ကတိပြုထားလို့ပဲ။+ ၃ မြွေက ဧဝကို ဉာဏ်နီဉာဏ်နက်သုံးပြီး လှည့်စားခဲ့သလို+  ခရစ်တော်ကိုပဲ  ပေးထိုက်တဲ့ ခင်ဗျားတို့ရဲ့ ရိုးသားဖြူစင်တဲ့စိတ်ကို တစ်ယောက်ယောက်က  ယိုယွင်းအောင် လုပ်လိုက်မှာ ကျွန်တော်စိုးရိမ်နေတယ်။+ ၄ တစ်ယောက်ယောက်က ခင်ဗျားတို့ဆီ ရောက်လာပြီး ကျွန်တော်တို့ဟောပြောတဲ့  ယေရှုအကြောင်းမဟုတ်ဘဲ  တခြားတစ်ယောက်အကြောင်း ဟောရင်၊ ခင်ဗျားတို့ ခံယူထားတဲ့ စိတ်ဓာတ်မျိုး မဟုတ်ဘဲ တခြားစိတ်ဓာတ်မျိုးကို လာသွတ်သွင်းပေးရင်၊ ခင်ဗျားတို့ လက်ခံထားတဲ့ သတင်းကောင်းမဟုတ်ဘဲ  တခြားသတင်းတရားကို ယူဆောင်လာရင်+ ခင်ဗျားတို့က အဲဒီလူကို အသာတကြည် သည်းခံထားကြမှာ။ ၅ ကျွန်တော်ဟာ ခင်ဗျားတို့ရဲ့ ထူးချွန်တမန်တော်ကြီးတွေထက်တော့ နည်းနည်းလေးမှ မညံ့ဘူးလို့ ထင်ပါတယ်။+ ၆ ကျွန်တော် အဟောအပြော ညံ့တယ်ဆိုရင်တောင်+ အသိပညာပိုင်းမှာ မညံ့ပါဘူး။ အဲဒီအသိပညာရှိထားမှန်းကိုလည်း ကဏ္ဍတိုင်းမှာ နည်းမျိုးစုံနဲ့ ကျွန်တော်တို့ ပြခဲ့တာပဲ။

၇ ခင်ဗျားတို့ကို ဂုဏ်တင်ဖို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချခဲ့တာ၊ သတင်းကောင်းကို အဖိုးအခမယူဘဲ ဝမ်းသာအားရ ဟောပြောခဲ့တာ ကျွန်တော့်ရဲ့အပြစ် ဖြစ်သွားသလား။+ ၈ ခင်ဗျားတို့ကို အစေခံဖို့ တခြားအသင်းတော်တွေဆီက အထောက်အပံ့ကို ယူမိတဲ့အတွက် သူတို့ကို ချို့ ငဲ့အောင်လုပ်သလို ဖြစ်သွားပြီ။+ ၉ ခင်ဗျားတို့နဲ့အတူ ရှိတုန်းက ကျွန်တော် တစ်ခုခု လိုအပ်ခဲ့ရင်တောင် ဘယ်သူ့ကိုမှ ဝန်မပိစေခဲ့ဘူး။ မက်ဆီဒိုးနီးယားပြည်ကလာတဲ့ ညီအစ်ကိုတွေက ကျွန်တော့်အတွက် လိုလေသေးမရှိ ကူညီပေးကြတယ်။+ ဒါကြောင့် ခင်ဗျားတို့အတွက် ဝန်မပိရလေအောင် အရာရာ ဂရုစိုက်ခဲ့တယ်။ နောင်လည်း အဲဒီလိုပဲ ဂရုစိုက်မှာပါ။+ ၁၀ ခရစ်တော်ရဲ့ နောက်လိုက်ဖြစ်နေသရွေ့ အခါယပြည်တစ်ခုလုံးမှာ ဒီအကြောင်းကို ဝင့်ကြွားစွာ ပြောနေမှာပဲ။+ ကျွန်တော့်ကို ဘာကမှ မတားဆီးနိုင်ဘူး။ ၁၁ ခင်ဗျားတို့ကို ဝန်မပိစေချင်တာ ဘာကြောင့်လဲ။ ခင်ဗျားတို့ကို မချစ်လို့လား။ ခင်ဗျားတို့ကို ချစ်လို့ဆိုတာ ဘုရားသခင် သိပါတယ်။

၁၂ တချို့က ကိုယ့်ကိုယ်ကိုယ် တမန်တော်တွေပါလို့  ကြွားပြောနေကြတယ်။ ဒါကြောင့် သူတို့ အဲဒီလိုကြွားစရာမရှိအောင် အခု ကျွန်တော်လုပ်နေတာတွေကို ဆက်ပြီးလုပ်သွားဦးမှာပဲ။+ ၁၃ အဲဒီလူတွေဟာ တမန်တော် အတုအယောင်တွေ၊  သူတစ်ပါးကို  လှည့်ဖြားသူတွေ၊  ခရစ်တော်ရဲ့  တမန်တော် ဖြစ်ယောင်ဆောင်သူတွေပဲ။+ ၁၄ ဒါဟာ အံ့သြစရာမဟုတ်ပါဘူး။ စာတန်တောင်မှ အလင်းရဲ့ ကောင်းကင်တမန် ဖြစ်ယောင်ဆောင်သေးတာပဲ။+ ၁၅ ဒါကြောင့် စာတန်ရဲ့ နောက်လိုက်တွေကလည်း မှန်ရာလုပ်တဲ့သူ ဖြစ်ယောင်ဆောင်တာ အံ့သြစရာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ရဲ့လုပ်ရပ်အတိုင်း ဇာတ်သိမ်းသွားကြလိမ့်မယ်။+

၁၆ ကျွန်တော် ထပ်ပြောဦးမယ်။ ဆင်ခြင်ဉာဏ်မဲ့တဲ့သူလို့ မထင်ကြပါနဲ့။ အဲဒီလို  ထင်နေရင်လည်း  ဆင်ခြင်ဉာဏ်မဲ့တဲ့သူလို့ သဘောထားပြီး ဆက်သည်းခံပေးကြပါ။ ဒါမှလည်း ကျွန်တော် နည်းနည်းပါးပါး ကြွားလို့ရတော့မှာပေါ့။ ၁၇ ကျွန်တော် ဒီလိုပြောနေတာဟာ သခင့်ရဲ့ ပုံနမူနာကို လိုက်နေတာတော့ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချလွန်းပြီး ဆင်ခြင်ဉာဏ်မဲ့တဲ့သူလို  ကြွားပြောနေတာပါ။ ၁၈ လူအတော်များများက လောကနဲ့ဆိုင်တဲ့ အရာတွေအတွက် ဝါကြွားတတ်သလို ကျွန်တော်လည်း ဝါကြွားမယ်ဗျာ။ ၁၉ ခင်ဗျားတို့ဟာ “ဆင်ခြင်ဉာဏ်ကြီးသူတွေ” ဆိုတော့ ဆင်ခြင်ဉာဏ်မဲ့သူတွေကို ကြည်ကြည်ဖြူဖြူ သည်းခံပေးလိုက်ပေါ့။ ၂၀ ကိုယ့်ကို ကျွန်ခံခိုင်းတဲ့သူတွေ၊ ကိုယ့်ဥစ္စာပစ္စည်းကို ဝါးမျိုတဲ့သူတွေ၊ မတရား သိမ်းယူတဲ့သူတွေ၊ ကိုယ့်ခေါင်းပေါ် တက်ထိုင်တဲ့သူတွေ၊ ကိုယ့်ကို ပါးရိုက်တဲ့သူတွေကိုတောင် ခင်ဗျားတို့ သည်းခံထားတာပဲ။

၂၁ တကယ်တော့ အခုလိုပြောရတာ ရှက်စရာပါ။ ကျွန်တော်တို့က ပျော့ညံ့တဲ့ပုံ ပေါက်နေတာကိုး။

ကျွန်တော် မဆင်မခြင် ပြောလိုက်ဦးမယ်။ တခြားသူတွေ ပြတ်ပြတ်သားသား လုပ်တယ်ဆိုရင် ကျွန်တော်လည်း ပြတ်ပြတ်သားသား လုပ်မယ်။ ၂၂ သူတို့ဟာ ဟီဘရူးတွေလား။ ကျွန်တော်လည်း ဟီဘရူးပဲ။+ သူတို့ဟာ အစ္စရေးတွေလား၊ ကျွန်တော်လည်း အစ္စရေးပဲ။ သူတို့ဟာ အာဗြဟံရဲ့ မျိုးနွယ်လား၊ ကျွန်တော်လည်း အာဗြဟံရဲ့ မျိုးနွယ်ပဲ။+ ၂၃ သူတို့ဟာ ခရစ်တော်ရဲ့ အမှုတော်ဆောင်တွေလား။ ဒါဆိုရင် ရူးရူးမိုက်မိုက် ပြောလိုက်ဦးမယ်။ ကျွန်တော်က သူတို့ထက် ပိုသာတယ်။ သူတို့ထက် အလုပ်ကြိုးစားတယ်။+ သူတို့ထက် ကြိမ်ဖန်များစွာ ထောင်ကျခဲ့တယ်။+ အကြိမ်ကြိမ် အရိုက်ခံခဲ့ရတယ်။ သေဘေးလည်း အကြိမ်ကြိမ် ကြုံခဲ့ရတယ်။+ ၂၄ ဂျူးတွေရဲ့လက်ချက်နဲ့ ကြိမ်ဒဏ် ၃၉ ချက်ကို ၅ ကြိမ် အရိုက်ခံခဲ့ရတယ်။+ ၂၅ တုတ်နဲ့ရိုက်တာ ၃ ကြိမ်၊+ ကျောက်ခဲနဲ့ပေါက်တာ ၁ ကြိမ်၊+ သင်္ဘောပျက်တာ ၃ ကြိမ် ကြုံခဲ့ရတယ်။+ တစ်နေ့လုံး တစ်ညလုံး ပင်လယ်ထဲမှာ မျောခဲ့ရတယ်။ ၂၆ အကြိမ်ကြိမ် ခရီးသွားခဲ့ရတယ်။ မြစ်ရေလျှံတဲ့ဘေး၊ ဓားပြဘေး၊ ကိုယ့်လူမျိုးတွေပေးတဲ့ဘေး၊+ လူမျိုးခြားတွေပေးတဲ့ဘေး၊+ မြို့မှာကြုံတဲ့ဘေး၊+ တောမှာကြုံတဲ့ဘေး၊ ပင်လယ်မှာ ကြုံတဲ့ဘေး၊ ညီအစ်ကို ဖြစ်ယောင်ဆောင်သူတွေ ပေးတဲ့ဘေး ကြုံခဲ့ရတယ်။ ၂၇ ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရတယ်၊ ညပေါင်းများစွာ အိပ်ရေးပျက်ခဲ့ရတယ်၊+ ဆာလောင်ငတ်မွတ်ခဲ့ရတယ်၊+ အစာရေစာ ပြတ်လပ်ခဲ့ရတယ်၊+ အအေးဒဏ်ခံခဲ့ရတယ်၊ ဝတ်စရာမရှိ ဖြစ်ခဲ့ရတယ်။

၂၈ အဲဒီဒုက္ခတွေ ကြုံရတဲ့အပြင် အသင်းတော်တွေအတွက်လည်း နေ့တိုင်းလိုလို  စိတ်ပူနေရသေးတယ်။+ ၂၉ တစ်ယောက်ယောက် အားနည်းရင် ကျွန်တော်လည်း အားနည်းတာပဲ။ တစ်ယောက်ယောက် ယုံကြည်ခြင်းကနေ လမ်းလွဲသွားရင် ကျွန်တော်လည်း စိတ်ဆိုးတာပဲ။

၃၀ ဝါကြွားရမယ်ဆိုရင် ကျွန်တော့်အားနည်းချက်တွေနဲ့  ပတ်သက်ပြီး ဝါကြွားဦးမယ်။ ၃၁ သခင်ယေရှုရဲ့အဖ ဘုရားသခင်၊ ထာဝစဉ် ချီးမွမ်းခံထိုက်တဲ့အရှင်က ကျွန်တော် မလိမ်မှန်း သိပါတယ်။ ၃၂ ဒမတ်စကတ်မြို့မှာ ကျွန်တော်ရှိနေတုန်း အရေတမင်းကြီးရဲ့ လက်အောက်ခံဘုရင်ခံက ကျွန်တော့်ကို ဖမ်းဆီးဖို့ မြို့တံခါးမှာ အစောင့်တွေ ချထားတယ်။ ၃၃ ဒါပေမဲ့ ညီအစ်ကိုတွေက ကျွန်တော့်ကို တောင်းထဲထည့်ပြီး မြို့ရိုးပြတင်းပေါက်ကနေ လျှောချပေးလိုက်တဲ့အတွက်+ သူ့လက်ကနေ လွတ်မြောက်ခဲ့တယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ