ကမ္ဘာဦး
၂၁ ယေဟောဝါက ပြောခဲ့တဲ့အတိုင်း စာရာကို သတိရတယ်။ စာရာကို ကတိပေးထားတဲ့အတိုင်း ယေဟောဝါ လုပ်ဆောင်တယ်။+ ၂ ဒါကြောင့် စာရာမှာ ကိုယ်ဝန်ရှိလာပြီး+ အာဗြဟံ အိုမင်းချိန်၊ ဘုရားသခင် ကတိပေးထားတဲ့အချိန်မှာ သားတစ်ယောက် မွေးလာတယ်။+ ၃ အာဗြဟံက စာရာမွေးတဲ့ သားကို အိဇက်လို့ နာမည်ပေးတယ်။+ ၄ ဘုရားသခင်မှာထားတဲ့အတိုင်း အိဇက်ကို ရှစ်ရက်သားအရွယ်မှာ အရေဖျားဖြတ်ပေးတယ်။+ ၅ သားအိဇက်ကို မွေးတဲ့အချိန်မှာ အာဗြဟံ အသက် ၁၀၀ ရှိနေပြီ။ ၆ စာရာက “ငါ့ကို ဘုရားသခင် ရယ်မောစေပြီ။ ဒီသတင်းကြားတဲ့သူတိုင်း ငါနဲ့အတူ ရယ်မောကြလိမ့်မယ်။* ၇ ‘စာရာဟာ ကလေးကို နို့တိုက်ရလိမ့်မယ်’ ဆိုပြီး အာဗြဟံကို ဘယ်သူပြောခဲ့ဖူးမှာလဲ။ အခုတော့ သူအိုမင်းချိန်မှာ သူ့အတွက် သားတစ်ယောက် ငါမွေးပေးခဲ့ပြီ” လို့ပြောတယ်။
၈ ဒီလိုနဲ့ အိဇက်ကြီးပြင်းလာပြီး နို့ဖြတ်တဲ့နေ့မှာ အာဗြဟံက စားသောက်ပွဲကြီး လုပ်တယ်။ ၉ အာဗြဟံအတွက် အီဂျစ်သူ ဟာဂရမွေးပေးတဲ့ သားက+ အိဇက်ကို လှောင်ပြောင်နေတာ+ စာရာသတိပြုမိတယ်။ ၁၀ ဒါကြောင့် စာရာက “ဒီကျွန်မိန်းမနဲ့ သူ့သားကို မောင်းထုတ်ပါ။ သူ့သားဟာ ကျွန်မသား အိဇက်နဲ့အတူ အမွေမခံရဘူး” လို့အာဗြဟံကို ပြောတယ်။+ ၁၁ သားနဲ့ပတ်သက်ပြီး စာရာပြောတဲ့စကားကြောင့် အာဗြဟံ တော်တော်စိတ်မကောင်း ဖြစ်သွားတယ်။+ ၁၂ ဒါနဲ့ ဘုရားသခင်က “ကျွန်မိန်းမနဲ့ သူ့ကလေးအကြောင်း စာရာပြောတဲ့စကားကြောင့် စိတ်မကောင်းမဖြစ်နဲ့။ မင်းရဲ့မျိုးနွယ်လို့ အခေါ်ခံရမယ့်သူဟာ အိဇက်ကနေ ဆင်းသက်လာမှာဖြစ်လို့+ စာရာပြောတာကို နားထောင်လိုက်။ ၁၃ ကျွန်မိန်းမရဲ့သားက+ မင်းရဲ့သားပဲဆိုတော့ သူ့ဆီကနေလည်း လူမျိုးတစ်မျိုးကို ငါဆင်းသက်စေမှာပါ”+ လို့အာဗြဟံကို ပြောတယ်။
၁၄ ဒါကြောင့် အာဗြဟံက မနက်စောစောထ၊ ရေထည့်ထားတဲ့ သားရေဘူးနဲ့ စားစရာတွေကို ဟာဂရပခုံးပေါ် တင်ပေးပြီး သားလေးနဲ့အတူ ထွက်သွားခိုင်းတယ်။+ ဟာဂရလည်း ထွက်သွားပြီး ဗေရရှေဘ+ တောကန္တာရမှာ ခြေဦးတည့်ရာ သွားတော့တယ်။ ၁၅ ဒီလိုနဲ့ ဘူးထဲကရေ ကုန်သွားတော့ သားလေးကို ချုံပင်အောက်မှာ နေခိုင်းတယ်။ ၁၆ ဟာဂရက “သားလေးသေမှာကို ငါမကြည့်ရက်ဘူး” ဆိုပြီး ခပ်လှမ်းလှမ်းမှာ သွားထိုင်ရင်း ငိုနေလိုက်တော့တယ်။
၁၇ အဲဒီအခါ လူငယ်လေးရဲ့အသံကို ဘုရားသခင်ကြားတော့+ ဘုရားသခင်ရဲ့ ကောင်းကင်တမန်က ကောင်းကင်ကနေ ဟာဂရကို ခေါ်ပြီး+ “ဟာဂရ၊ ဘာလို့ငိုနေတာလဲ။ မစိုးရိမ်ပါနဲ့။ လူငယ်လေး ငိုနေတဲ့အသံကို ဘုရားသခင်ကြားပြီ။ ၁၈ ထပါ။ သားကိုဆွဲထူပြီး ဖက်ထားပါ။ သူ့ကို လူမျိုးကြီးဖြစ်စေမယ်”+ လို့ပြောတယ်။ ၁၉ ပြီးတော့ ဟာဂရရဲ့မျက်စိကို ဘုရားသခင် ဖွင့်လိုက်တဲ့အတွက် ရေတွင်းတစ်တွင်းကို တွေ့သွားတယ်။ ဒါနဲ့ သားရေဘူးထဲ ရေဖြည့်ပြီး သားကို တိုက်လိုက်တယ်။ ၂၀ ဘုရားသခင်က လူငယ်လေး ကြီးပြင်းလာချိန်တစ်လျှောက်လုံး လူငယ်လေးနဲ့အတူ ရှိတယ်။+ သူဟာ လေးသမား ဖြစ်လာပြီး၊ ၂၁ ပါရန်တောကန္တာရမှာ+ နေထိုင်တယ်။ မိခင်က သူ့ကို အီဂျစ်သူတစ်ယောက်နဲ့ ပေးစားလိုက်တယ်။
၂၂ အဲဒီအချိန်မှာ အဘိမလက်မင်းက ဗိုလ်ချုပ်ဖိကောလနဲ့အတူ အာဗြဟံဆီ ရောက်လာပြီး “မင်းဘာပဲလုပ်လုပ် မင်းနဲ့အတူ ဘုရားသခင်ရှိတယ်ဆိုတာ ငါတို့သိတယ်။+ ၂၃ ဒါကြောင့် ငါနဲ့ ငါ့ရဲ့သားစဉ်မြေးဆက်တွေကို မလှည့်စားဘူး၊ မင်းကို ငါခိုင်မြဲတဲ့မေတ္တာပြခဲ့သလို မင်းလည်း ငါနဲ့ ငါ့ရဲ့ ပြည်သူပြည်သားတွေကို ခိုင်မြဲတဲ့မေတ္တာပြပါ့မယ်လို့ ဘုရားသခင်ကို တိုင်တည်ပြီး သစ္စာဆိုပါ” လို့ပြောတယ်။+ ၂၄ အာဗြဟံလည်း “ကျွန်တော် သစ္စာဆိုပါတယ်” လို့ဖြေတယ်။
၂၅ ဒါပေမဲ့ အာဗြဟံက အဘိမလက်မင်းရဲ့ကျွန်တွေ မတရားသိမ်းယူထားတဲ့ ရေတွင်းနဲ့ပတ်သက်ပြီး ပြောပြလိုက်တယ်။+ ၂၆ အဘိမလက်မင်းက “ဒါ ဘယ်သူ့လက်ချက်မှန်း ငါမသိရပါလား။ မင်းကလည်း ငါ့ကို ဒီအကြောင်း မပြောပြဘဲကိုး။ ငါ အခုမှ သိရတာ” လို့ပြောတယ်။ ၂၇ အဲဒီနောက် အာဗြဟံက အဘိမလက်မင်းကို သိုးနွားတွေ ပေးပြီး သူတို့နှစ်ယောက် ကတိသစ္စာပြုကြတယ်။ ၂၈ အာဗြဟံက သိုးအုပ်ထဲကနေ သိုးမလေး ခုနစ်ကောင်ကို ခွဲထုတ်လိုက်တဲ့အခါ၊ ၂၉ အဘိမလက်မင်းက “ဘာလုပ်ဖို့လဲ” လို့မေးတယ်။ ၃၀ အာဗြဟံက “ဒီရေတွင်းကို ကျွန်တော်တူးခဲ့တယ်ဆိုတဲ့ သက်သေအဖြစ် ဒီသိုးမလေး ခုနစ်ကောင်ကို လက်ခံပါ” လို့ပြောပြီး၊ ၃၁ အဲဒီနေရာမှာ နှစ်ယောက်သား သစ္စာဆိုကြတယ်။ ဒါကြောင့် အဲဒီနေရာကို ဗေရရှေဘ*+ လို့ခေါ်တယ်။ ၃၂ ဗေရရှေဘအရပ်မှာ နှစ်ယောက်သား ကတိသစ္စာပြုပြီးနောက်+ အဘိမလက်မင်းက ဗိုလ်ချုပ်ဖိကောလနဲ့အတူ ဖိလိတိပြည်ကို+ ပြန်သွားတယ်။ ၃၃ အဲဒီနောက် အာဗြဟံက ဗေရရှေဘအရပ်မှာ မန်ကျည်းပင်* စိုက်တယ်၊ ထာဝရဘုရားသခင်+ ယေဟောဝါရဲ့ နာမည်ကိုခေါ်ပြီး ဆုတောင်းတယ်။+ ၃၄ ဖိလိတိပြည်မှာ အချိန်အတော်ကြာ သူ နေထိုင်တယ်။+