ဆာလံ
ဂီတမှူးသို့။ ကောရရဲ့ သားမြေးတွေ စပ်ဆိုတဲ့သီချင်း။+
၄၉ လူအပေါင်းတို့၊ နားထောင်ကြ။
ကမ္ဘာသူကမ္ဘာသား အပေါင်းတို့၊ အာရုံစိုက်ကြ။
၃ ဉာဏ်ပညာအကြောင်း
ငါပြောမယ်။
သိနားလည်မှုအကြောင်း
တွေးတောမယ်။+
၄ စကားပုံတွေကို ငါအာရုံစိုက်မယ်။
စကားထာတွေကို စောင်းတီးပြီး ရှင်းပြမယ်။
၅ အလဲထိုးချင်တဲ့ လူယုတ်မာတွေ ဝိုင်းရံထားလို့
ဒုက္ခရောက်တဲ့အခါ ငါ ဘာလို့ကြောက်ရမှာလဲ။+
၆ ကိုယ့်ရဲ့စည်းစိမ်ကို ကိုးစားတဲ့သူတွေ၊+
ကိုယ့်ဥစ္စာဓနကို ကြွားနေတဲ့သူတွေ ရှိတယ်။+
၇ ဒါပေမဲ့ သူတို့တစ်ယောက်မှ
ကိုယ့်ညီအစ်ကိုကို မရွေးနိုင်ဘူး။
ညီအစ်ကိုအတွက် ရွေးဖိုးကို
ဘုရားသခင်ဆီ မပေးနိုင်ဘူး။+
၈ (အသက်အတွက် ရွေးဖိုးဟာ
တန်ဖိုးကြီးလွန်းလို့
သူတို့ ဘယ်တော့မှ တတ်နိုင်မှာ မဟုတ်ဘူး။)
၉ အဲဒီလိုသာ ရွေးနိုင်မယ်ဆိုရင် သင်္ချိုင်းတွင်းကို သူတို့မြင်တွေ့ရမှာ မဟုတ်ဘဲ ထာဝစဉ် အသက်ရှင်မှာပေါ့။+
ကိုယ့်စည်းစိမ်ကို သူများအတွက် ထားရစ်ခဲ့ရတာ သူတို့သိတာပဲ။+
၁၁ သူတို့က ကိုယ့်အိမ်ကို ထာဝစဉ်တည်စေချင်တယ်။
ကိုယ့်တဲကို လူမျိုးအဆက်ဆက် တည်စေချင်တယ်။
အိမ်ရာမြေတွေကိုလည်း ကိုယ့်နာမည်နဲ့ သမုတ်ထားကြတယ်။
၁၂ ဂုဏ်မြင့်သူဖြစ်နေရင်တောင် လူဟာ အမြဲအသက်ရှင်နေမှာ မဟုတ်ဘူး။+
တိရစ္ဆာန်တွေနဲ့မခြား သေရတာပဲ။+
၁၃ လူမိုက်တွေနဲ့ သူတို့ရဲ့ အဓိပ္ပာယ်မဲ့ စကားတွေကို သဘောကျပြီး
သူတို့နောက်ကို လိုက်တဲ့သူတွေရဲ့ လမ်းဆုံးကတော့၊+ (စဲလာ)
၁၄ အသတ်ခံရမယ့် သိုးတွေလို သင်္ချိုင်းကို သွားရလိမ့်မယ်။
သေမင်းဟာ သူတို့ရဲ့သိုးထိန်းပဲ။
မိုးသောက်တဲ့အခါ သူတို့ကို
ရိုးဖြောင့်သူတွေ အနိုင်ရလိမ့်မယ်။+
သူတို့ အစအနပါမကျန်
ပျောက်ကွယ်သွားလိမ့်မယ်။+
၁၆ လူတစ်ယောက် စည်းစိမ်ကြွယ်ဝလာလို့
သူ့အိမ် ပိုခမ်းနားလာလို့ မကြောက်ပါနဲ့။
၁၇ သူသေသွားရင် ဘာမှယူမသွားနိုင်ဘူး။+
သူ့ဂုဏ်အရှိန်အဝါလည်း အတူလိုက်မသွားနိုင်ဘူး။+
၁၈ (လူတစ်ယောက် ကြီးပွားလာရင် လူတွေ ချီးမွမ်းတတ်တယ်။)+
သူက အသက်ရှင်နေတုန်းမို့လို့ ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်နေတာ။+
၁၉ နောက်ဆုံးတော့ ဘိုးဘေးတွေလို သေဆုံးရတာပဲ။
အလင်းကို သူတို့ မြင်တွေ့ရတော့မှာ မဟုတ်ဘူး။
တိရစ္ဆာန်တွေနဲ့မခြား သေရတာပဲ။