ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ကောရိန္သု ၁၃
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

၂ ကောရိန္သု မာတိကာ

      • နောက်ဆုံးသတိပေးချက်နဲ့ တိုက်တွန်းချက် (၁-၁၄)

        • “ယုံကြည်ခြင်း ခိုင်မြဲနေမနေ အမြဲဆန်းစစ်ပါ” (၅)

        • ပြုပြင်ပြောင်းလဲပါ၊ တစ်စိတ်တစ်သဘောတည်း ဖြစ်ပါ (၁၁)

၂ ကောရိန္သု ၁၃:၁

ကျမ်းညွှန်းများ

  • +တရ ၁၉:၁၅; မ ၁၈:၁၆

၂ ကောရိန္သု ၁၃:၄

ကျမ်းညွှန်းများ

  • +ရ ၆:၄; ၁ပေ ၃:၁၈
  • +၁က ၆:၁၄
  • +၂တိ ၂:၁၁၊ ၁၂

၂ ကောရိန္သု ၁၃:၅

ကျမ်းညွှန်းများ

  • +၁က ၁၁:၂၈; ဂ ၆:၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၃/၂၀၂၄၊ စာ. ၁၂-၁၃

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၁/၂၀၂၃၊ စာ. ၉-၁၀

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၁/၂၀၁၈၊ စာ. ၁၃

    ကင်းမျှော်စင်၊

    ၇/၁၅/၂၀၁၄၊ စာ. ၆-၈

    ၃/၁၅/၂၀၁၄၊ စာ. ၁၀-၁၁

    ၇/၁၅/၂၀၀၈၊ စာ. ၂၈

    ၇/၁၅/၂၀၀၅၊ စာ. ၂၁

    ၂/၁၅/၂၀၀၅၊ စာ. ၁၃

    ၉/၁၅/၂၀၀၂၊ စာ. ၁၈

    ၁/၁၅/၁၉၉၈၊ စာ. ၁၄

၂ ကောရိန္သု ၁၃:၈

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၆/၁/၁၉၉၇၊ စာ. ၉

၂ ကောရိန္သု ၁၃:၁၀

ကျမ်းညွှန်းများ

  • +၁က ၄:၂၁

၂ ကောရိန္သု ၁၃:၁၁

ကျမ်းညွှန်းများ

  • +၂က ၁:၃၊ ၄
  • +ဖိ ၂:၂
  • +၁သ ၅:၁၃; ယာ ၃:၁၇; ၁ပေ ၃:၁၁; ၂ပေ ၃:၁၄
  • +၁က ၁၄:၃၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၁၁/၂၀၂၀၊ စာ. ၁၈-၂၃

    ကင်းမျှော်စင်၊

    ၉/၁/၂၀၀၈၊ စာ. ၅

    ၆/၁/၁၉၉၆၊ စာ. ၂၅

    ၃/၁/၁၉၉၁၊ စာ. ၂၀

၂ ကောရိန္သု ၁၃:၁၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ၊ ၅/၂၀၁၉၊ စာ. ၆

၂ ကောရိန္သု ၁၃:၁၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    သုံးပါးပေါင်းတစ်ဆူ၊ စာ. ၂၃

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

၂ ကော. ၁၃:၁တရ ၁၉:၁၅; မ ၁၈:၁၆
၂ ကော. ၁၃:၄ရ ၆:၄; ၁ပေ ၃:၁၈
၂ ကော. ၁၃:၄၁က ၆:၁၄
၂ ကော. ၁၃:၄၂တိ ၂:၁၁၊ ၁၂
၂ ကော. ၁၃:၅၁က ၁၁:၂၈; ဂ ၆:၄
၂ ကော. ၁၃:၁၀၁က ၄:၂၁
၂ ကော. ၁၃:၁၁၂က ၁:၃၊ ၄
၂ ကော. ၁၃:၁၁ဖိ ၂:၂
၂ ကော. ၁၃:၁၁၁သ ၅:၁၃; ယာ ၃:၁၇; ၁ပေ ၃:၁၁; ၂ပေ ၃:၁၄
၂ ကော. ၁၃:၁၁၁က ၁၄:၃၃
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ကမ္ဘာသစ် ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ (bi7) ဖတ်ပါ
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၂ ကောရိန္သု ၁၃:၁-၁၄

၂ ကောရိန္သု

၁၃ ခင်ဗျားတို့ဆီ လာဖို့ ကျွန်တော် စိတ်ကူးထားတာ  အခုဆို ၃ ကြိမ်ရှိပြီ။ “ဘယ်ကိစ္စမဆို သက်သေနှစ်ယောက် ဒါမှမဟုတ် သုံးယောက်ရဲ့ ထွက်ဆိုချက်ရှိမှ အတည်ဖြစ်ရမယ်။”+ ၂ လူကိုယ်တိုင်ကတော့ ခင်ဗျားတို့ဆီ မရောက်နိုင်သေးပေမဲ့ ဒုတိယအကြိမ် ရောက်နေတယ်လို့ သဘောထားပြီး ကျွန်တော်ပြောတာတွေကို လက်ခံကြပါ။ ကျွန်တော်ရောက်လာတဲ့အခါ သက်ညှာမှာ  မဟုတ်ဘူးဆိုတဲ့အကြောင်း အပြစ်ကျူးလွန်ခဲ့သူတွေကိုရော ကျန်တဲ့လူတွေအားလုံးကိုပါ ကြိုတင် သတိပေးလိုက်ပါတယ်။ ၃ ကျွန်တော်ကတစ်ဆင့်  ခရစ်တော်မိန့်မှာတာ  ဟုတ်မဟုတ် ခင်ဗျားတို့ သက်သေရချင်တယ်ဆိုလို့ အဲဒီလို သတိပေးလိုက်ရတာပါ။ ခရစ်တော်က ခင်ဗျားတို့ကို အားနည်းတဲ့ပုံမျိုးနဲ့ မဆက်ဆံဘူး၊ အစွမ်းခွန်အားနဲ့ ဆက်ဆံတယ်။ ၄ ခရစ်တော်ဟာ အားနည်းလို့ သစ်တိုင်ပေါ် ကွပ်မျက်ခံခဲ့ရပေမဲ့ ဘုရားသခင်ရဲ့တန်ခိုးကြောင့် အသက်ပြန်ရှင်လာပြီ။+ ခရစ်တော်အားနည်းခဲ့ဖူးသလို ကျွန်တော်တို့လည်း အားနည်းနေပေမဲ့ ခင်ဗျားတို့အပေါ် သက်ရောက်နေတဲ့ ဘုရားသခင်ရဲ့ တန်ခိုးကြောင့်+ ခရစ်တော်နဲ့အတူ အသက်ရှင်ကြလိမ့်မယ်။+

၅ ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်း ခိုင်မြဲနေမနေ အမြဲဆန်းစစ်ပါ။ ဘယ်လိုလူစားမျိုး ဖြစ်နေတယ်ဆိုတာကို အမြဲစစ်ဆေးပါ။+ ခင်ဗျားတို့ဟာ ယေရှုခရစ်နဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်နေမှန်း သဘောမပေါက်ကြဘူးလား။ ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း  မဖြစ်ရင်တော့ ဘုရားသခင်ရဲ့ နှစ်သက်မှု ရမှာမဟုတ်ဘူး။ ၆ ကျွန်တော်တို့ဟာ  ဘုရားသခင်ရဲ့ နှစ်သက်မှုကို ရထားမှန်း ခင်ဗျားတို့ သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

၇ ခင်ဗျားတို့ အမှားတစ်ခုမှ မလုပ်မိအောင် ဘုရားသခင်ဆီ ကျွန်တော်တို့ ဆုတောင်းပါတယ်။ ကျွန်တော်တို့ဟာ လူတွေရဲ့ နှစ်သက်မှုရသူတွေဖြစ်မှန်း ပေါ်လွင်ချင်လို့ မဟုတ်ပါဘူး။ လူတွေရဲ့နှစ်သက်မှု မရရင်တောင် ခင်ဗျားတို့ကို မွန်မြတ်တဲ့အရာတွေ လုပ်စေချင်လို့ပါ။ ၈ အမှန်တရားနဲ့ ဆန့်ကျင်တဲ့အရာ ဘာတစ်ခုကိုမှ ကျွန်တော်တို့ မလုပ်နိုင်ကြဘူး။ အမှန်တရားနဲ့ ညီညွတ်တာတွေကိုပဲ လုပ်ဆောင်နိုင်တယ်။ ၉ ကျွန်တော်တို့ အားနည်းနေပေမဲ့ ခင်ဗျားတို့ အစွမ်းခွန်အားနဲ့  ပြည့်နေတဲ့အခါ တကယ်ဝမ်းသာပါတယ်။ ခင်ဗျားတို့ လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်ကြပါစေလို့ ကျွန်တော်တို့ ဆုတောင်းတယ်။ ၁၀ လူကိုယ်တိုင် မရောက်နိုင်သေးလို့ ဒီစာကို ရေးလိုက်တယ်။ ကျွန်တော် ရောက်လာတဲ့အခါ သခင်ပေးအပ်ထားတဲ့ အခွင့်အာဏာကို ပြင်းပြင်းထန်ထန် မသုံးမိစေဖို့ပေါ့။+ အဲဒီအခွင့်အာဏာဟာ ခင်ဗျားတို့ကို ဖြိုဖျက်ဖို့ မဟုတ်ဘူး၊ တည်ဆောက်ပေးဖို့ပါ။

၁၁ ညီအစ်ကိုတို့၊ နောက်ဆုံး မှာကြားချင်တာက အမြဲရွှင်လန်းကြပါ။ လိုအပ်သလို ပြုပြင်ပြောင်းလဲကြပါ။ နှစ်သိမ့်မှုကို ခံယူကြပါ။+ တစ်စိတ်တစ်သဘောတည်း ဖြစ်ကြပါ။+ သင့်သင့်မြတ်မြတ် နေကြပါ။+ မေတ္တာနဲ့ ငြိမ်သက်ခြင်းရဲ့အရှင် ဘုရားသခင်က+ ခင်ဗျားတို့နဲ့အတူ ရှိလိမ့်မယ်။ ၁၂ အချင်းချင်း သန့်ရှင်းတဲ့အနမ်းနဲ့ နှုတ်ဆက်ကြပါ။ ၁၃ သန့်ရှင်းသူအားလုံးက ခင်ဗျားတို့ကို နှုတ်ဆက်လိုက်တယ်။

၁၄ သခင်ယေရှုခရစ်ရဲ့ မဟာကရုဏာ၊ ဘုရားသခင်ရဲ့မေတ္တာ၊ သန့်ရှင်းသော စွမ်းအားတော်အားဖြင့် အားလုံးရရှိတဲ့ အကျိုးကျေးဇူးတွေကို ခင်ဗျားတို့ ခံစားရပါစေ။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ