ဆာလံ
ဂီတမှူးသို့။ ရှေမိနိတ်သံ* နဲ့တီးခတ်ရန်။ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။
၁၂ ယေဟောဝါဘုရား၊ ကျွန်တော့်ကို ကယ်ပါဦး။ သစ္စာစောင့်သိသူ တစ်ယောက်မှ မရှိတော့ဘူး။
လူတွေထဲမှာ သစ္စာရှိသူတွေကို ရှာမတွေ့နိုင်တော့ဘူး။
၂ လူတွေ အချင်းချင်း လိမ်ညာပြောကြတယ်။
နှုတ်ခမ်းနဲ့ မြှောက်ပင့်ပြီး လှည့်စားတတ်တဲ့စိတ်နဲ့ ပြောကြတယ်။+
၄ “ငါတို့က စကားနဲ့ အနိုင်ယူမယ်။
ကိုယ်ကြိုက်သလို ကိုယ်ပြောမယ်။
ငါတို့ကို ဘယ်သူမှ ဆရာ လာမလုပ်နဲ့” လို့ သူတို့ပြောတယ်။+
၅ ဒါကြောင့် ယေဟောဝါက “ဒုက္ခရောက်သူတွေ ဖိနှိပ်ခံရပြီး
ဆင်းရဲသားတွေ ညည်းတွားနေရတဲ့အတွက်+
ငါထပြီး အရေးယူလုပ်ဆောင်မယ်။
သူတို့ကို အထင်သေးသူတွေရဲ့ လက်ကနေ ငါကယ်တင်မယ်” လို့ပြောတယ်။
၆ ယေဟောဝါရဲ့ နှုတ်ထွက်စကားတွေဟာ စင်ကြယ်တယ်။+
မြေမီးဖိုထဲမှာ ခုနစ်ကြိမ် သန့်စင်ထားတဲ့ ငွေနဲ့တူတယ်။
၇ အို ယေဟောဝါ၊ သူတို့ကို ကိုယ်တော် စောင့်ရှောက်လိမ့်မယ်။+
သူတို့အားလုံးကို ဒီလူမျိုးဆက်ရဲ့ရန်ကနေ ထာဝစဉ် ကာကွယ်ပေးလိမ့်မယ်။