တရားဟောရာ
၃၁ အဲဒီနောက် မောရှေက အစ္စရေးတွေကို မှာကြားတယ်– ၂ “အခု ကျွန်တော် အသက် ၁၂၀ ရှိပြီ။+ ‘ဒီဂျော်ဒန်မြစ်ကို မကူးရဘူး’ လို့ ယေဟောဝါ ပြောထားတဲ့အတွက် ကျွန်တော် ဆက်ဦးဆောင်လို့ မရတော့ဘူး။+ ၃ ယေဟောဝါဘုရားက ခင်ဗျားတို့ရှေ့ကနေ ဖြတ်ကူးပြီး အဲဒီလူမျိုးတွေကို သုတ်သင်ဖျက်ဆီးမယ်။ သူတို့ကို ခင်ဗျားတို့ မောင်းထုတ်ရလိမ့်မယ်။+ ယောရှုက ယေဟောဝါ ပြောတဲ့အတိုင်း ခင်ဗျားတို့ကို ဦးဆောင်ခေါ်သွားမယ်။+ ၄ ယေဟောဝါက အာမောရိဘုရင်တွေဖြစ်တဲ့ ရှိဟုန်၊+ ဩဂတ်နဲ့+ သူတို့ရဲ့တိုင်းပြည်ကို ဖျက်ဆီးခဲ့သလိုပဲ အဲဒီလူမျိုးတွေကိုလည်း ဖျက်ဆီးမယ်။+ ၅ သူတို့ကို ယေဟောဝါ ရှုံးနိမ့်စေမယ်။ ကျွန်တော် မှာကြားနေတဲ့ ပညတ်ချက်အတိုင်း သူတို့ကို လုပ်ရမယ်။+ ၆ ရဲစွမ်းသတ္တိရှိကြပါ။+ သူတို့ကို မကြောက်နဲ့။ မထိတ်လန့်နဲ့။+ ယေဟောဝါဘုရားက ခင်ဗျားတို့နဲ့အတူ ချီတက်မယ်။ ခင်ဗျားတို့ကို ပစ်ထားမှာ၊ စွန့်ခွာမှာ မဟုတ်ဘူး။”+
၇ အဲဒီနောက် ယောရှုကို ခေါ်ပြီး “ရဲစွမ်းသတ္တိရှိပါ။+ ဘိုးဘေးတွေကို ပေးမယ်လို့ ယေဟောဝါ ကတိပေးခဲ့တဲ့ပြည်ထဲ ဒီလူတွေကို ခေါ်ဆောင်သွားမယ့်သူဟာ ခင်ဗျားပဲ။ ခင်ဗျားက ဒီပြည်ကို သူတို့အတွက် အမွေပေးရမယ်။+ ၈ ယေဟောဝါက ရှေ့ကနေ ချီတက်မယ်။ ခင်ဗျားနဲ့အတူ အမြဲရှိနေမယ်။+ ခင်ဗျားကို ပစ်ထားမှာ၊ စွန့်ခွာမှာ မဟုတ်ဘူး။ ဒါကြောင့် မကြောက်ပါနဲ့”+ ဆိုပြီး အစ္စရေးအားလုံးရှေ့မှာ မှာတယ်။
၉ မောရှေက ဒီပညတ်တရားကို ရေးပြီး+ ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာကို ထမ်းတဲ့ လေဝိအနွယ် ပုရောဟိတ်တွေနဲ့ အစ္စရေးအကြီးအကဲတွေကို ပေးလိုက်တယ်။ ၁၀ ပြီးတော့ သူတို့ကိုမှာတယ်– “ခုနစ်နှစ်စေ့တိုင်း၊ လွတ်ငြိမ်းခွင့်ပေးရတဲ့နှစ်+ သတ်မှတ်ထားချိန်မှာ လုပ်တဲ့တဲနေပွဲတော်ရက်အတွင်းမှာ၊+ ၁၁ အစ္စရေးအားလုံး ယေဟောဝါဘုရား ရွေးချယ်တဲ့နေရာ၊ ရှေ့တော်ကို ရောက်လာတဲ့အခါ+ ဒီပညတ်တရားကို သူတို့အားလုံးကြားအောင် ခင်ဗျားတို့ ဖတ်ပြရမယ်။+ ၁၂ ယောက်ျား၊ မိန်းမ၊ ကလေး၊ ကိုယ့်မြို့တွေမှာနေတဲ့ တိုင်းတစ်ပါးသားအပါအဝင် လူအားလုံးကို စုဝေးပြီး+ နားထောင်ခိုင်းပါ။ ဒါမှ သူတို့နာယူပြီး ယေဟောဝါဘုရားကို ကြောက်ရွံ့တတ်လာမယ်၊ ဒီပညတ်ကျမ်းမှာပါတဲ့ စကားတွေကို ဂရုတစိုက်လိုက်နာနိုင်မယ်။ ၁၃ ဒီပညတ်တရားကို မသိသေးတဲ့ သားမြေးတွေကိုလည်း နားထောင်ပြီး နာယူခိုင်းပါ။+ ဒါမှ ဂျော်ဒန်မြစ်ကို ဖြတ်ကူးပြီး သိမ်းယူတော့မယ့် ပြည်မှာ အသက်ရှင်နေသရွေ့ ယေဟောဝါဘုရားကို ကြောက်ရွံ့တတ်လာမယ်။”+
၁၄ အဲဒီနောက် ယေဟောဝါက မောရှေကို “မင်း သေဆုံးမယ့်အချိန် နီးလာပြီ။+ ယောရှုကို ခေါ်ပြီး တွေ့ဆုံရာတဲတော်မှာ ရပ်နေပါ။ သူ့ကို ငါခေါင်းဆောင်ခန့်မယ်”+ လို့ပြောတယ်။ မောရှေလည်း ယောရှုနဲ့အတူ သွားပြီး တွေ့ဆုံရာတဲတော်မှာ ရပ်နေတယ်။ ၁၅ အဲဒီအခါ တဲတော်ပေါ်က မိုးတိမ်တိုင်မှာ ယေဟောဝါ ထင်ရှားလာတယ်။ မိုးတိမ်တိုင်က တဲတော်ဝမှာ တည်နေတယ်။+
၁၆ ယေဟောဝါက မောရှေကို ဆက်ပြောတယ်– “မကြာခင် မင်းသေဆုံးရတော့မယ်။ ဒီလူမျိုးက သူတို့ရောက်သွားမယ့် ပြည်မှာရှိတဲ့ တိုင်းတစ်ပါးဘုရားတွေကို ဝတ်ပြုကြလိမ့်မယ်။*+ ငါ့ကို စွန့်ပစ်ပြီး+ သူတို့နဲ့ဖွဲ့ခဲ့တဲ့ ပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မယ်။+ ၁၇ အဲဒီအခါ ငါလည်း အကြီးအကျယ် စိတ်ဆိုးပြီး+ သူတို့ လုံးလုံးပျက်စီးသွားတဲ့အထိ စွန့်ပစ်ပြီး+ မျက်နှာလွှဲထားမယ်။+ သူတို့က ဘေးဆိုးတွေ၊ ဆင်းရဲဒုက္ခတွေ အများကြီးကြုံရတဲ့အခါ+ ‘ငါတို့နဲ့အတူ ဘုရားသခင်မရှိလို့ ဒီဘေးဆိုးတွေ ကြုံရတာပဲ’+ ဆိုပြီး ပြောကြလိမ့်မယ်။ ၁၈ ဒါပေမဲ့ တခြားဘုရားတွေဆီ လမ်းလွဲသွားတဲ့ သူတို့ရဲ့ ဆိုးညစ်တဲ့လုပ်ရပ်တွေကြောင့် ငါ ဆက်ပြီးမျက်နှာလွှဲထားမယ်။+
၁၉ “အခု သီချင်းတစ်ပုဒ် ရေးပြီး+ အစ္စရေးတွေကို သင်ပေးပါ။+ ဒီသီချင်းဟာ အစ္စရေးလူမျိုးအတွက် ငါ့သတိပေးချက်တွေရဲ့ သက်သေ ဖြစ်ရလိမ့်မယ်။+ ဒီသီချင်းကို သူတို့ သင်ယူပါစေ။ ၂၀ ဘိုးဘေးတွေကို ကတိပေးခဲ့တဲ့+ နို့နဲ့ပျားရည်စီးတဲ့ ပြည်ထဲ+ ရောက်သွားတဲ့အခါ သူတို့ ဝဝလင်လင် စားသောက်ရပြီး ကောင်းစားလာမယ်။+ အဲဒီအခါ တခြားဘုရားတွေဆီ လမ်းလွဲသွားပြီး ဝတ်ပြုကြလိမ့်မယ်။ ငါ့ကို မထီလေးစား လုပ်ပြီး ငါ့ပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မယ်။+ ၂၁ ဘေးဆိုးတွေ၊ ဆင်းရဲဒုက္ခတွေ အများကြီး ကြုံရမယ်။+ ဒီသီချင်းဟာ သူတို့အတွက် သက်သေဖြစ်လာမယ်။ (ဒီသီချင်းကို သူတို့သားမြေးတွေ မမေ့လျော့ရဘူး။) ငါကတိပေးခဲ့တဲ့ပြည်ထဲ မခေါ်ဆောင်သွားခင်ကတည်းက သူတို့ ဘာတွေ ကြံစည်နေတယ်ဆိုတာ ငါသိပြီးသားပဲ။”+
၂၂ အဲဒီနေ့မှာ မောရှေက သီချင်းကိုရေးပြီး အစ္စရေးတွေကို သင်ပေးတယ်။
၂၃ ဘုရားသခင်က နုန်ရဲ့သား ယောရှုကို ခေါင်းဆောင်ခန့်ပြီး+ “ရဲစွမ်းသတ္တိရှိပါ။+ ငါကတိပေးထားတဲ့ ပြည်ထဲ အစ္စရေးတွေကို ခေါ်ဆောင်သွားသူဟာ မင်းပဲ။+ မင်းနဲ့အတူ ငါအမြဲရှိနေမယ်” လို့ပြောတယ်။
၂၄ မောရှေက ဒီပညတ်တရားမှာပါတဲ့ စကားအားလုံးကို ကျမ်းစောင်ထဲမှာ ချရေးပြီးသွားတဲ့အခါ၊+ ၂၅ ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာကို ထမ်းတဲ့ လေဝိအမျိုးသားတွေကို မှာကြားတယ်– ၂၆ “ဒီပညတ်ကျမ်းကို ယူပြီး+ ယေဟောဝါဘုရားရဲ့ ပဋိညာဉ်သေတ္တာဘေးမှာ ထားပါ။+ ဒီကျမ်းစောင်ဟာ ခင်ဗျားတို့ကို စစ်ကြောမယ့် သက်သေဖြစ်လိမ့်မယ်။ ၂၇ ခင်ဗျားတို့ ပုန်ကန်တတ်တာ၊+ ခေါင်းမာတာ*+ ကျွန်တော်သိတာပေါ့။ အခု ကျွန်တော် အသက်ရှင်နေတုန်း၊ ခင်ဗျားတို့နဲ့အတူ ရှိနေတုန်းမှာတောင် ယေဟောဝါကို ဒီလောက်ပုန်ကန်တယ်ဆိုရင် ကျွန်တော်သေပြီးရင် ဘယ်လောက်တောင် ပုန်ကန်လိုက်ကြမလဲ။ ၂၈ မျိုးနွယ်စုအကြီးအကဲနဲ့ လက်ထောက်ခေါင်းဆောင် အားလုံးကို စုဝေးခိုင်းလိုက်ပါ။ ကောင်းကင်နဲ့ မြေကြီးကို သက်သေထားပြီး သူတို့ကြားအောင် ကျွန်တော် ပြောပါရစေ။+ ၂၉ ကျွန်တော်သေဆုံးပြီးနောက်မှာ ခင်ဗျားတို့က မိုက်မိုက်မဲမဲ ပြုမူပြီး+ မှာထားတဲ့လမ်းစဉ်ကနေ လွဲသွားမယ်ဆိုတာ ကျွန်တော် ကောင်းကောင်း သိတယ်။ နောင်တစ်ချိန်ကျရင် ခင်ဗျားတို့က ယေဟောဝါရှေ့မှာ မကောင်းတာတွေ လုပ်ပြီး ကိုယ့်လက်နဲ့ ထုလုပ်တဲ့အရာတွေနဲ့ ဘုရားကို စိတ်ဆိုးအောင် လုပ်ကြမှာဖြစ်လို့ ဘေးဆိုးတွေ ကြုံရမှာ သေချာတယ်။”+
၃၀ အဲဒီနောက် မောရှေက အစ္စရေးတစ်မျိုးလုံးရှေ့မှာ ဒီသီချင်းကို အစအဆုံး ရွတ်ပြတယ်–+