“ကလေးများကဲ့သို့ သူတို့စိတ်လှုပ်ရှားခဲ့ကြ”
ယင်းသည် အသက် ၃၂ နှစ်၊ ကလေးသုံးယောက်ဖခင်ဖြစ်သည့် စယီရ်ဂျီးက သူ၏မိတ်ဆွေများကို အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲအားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော စာအုပ်ကိုပြသည့်အခါ သူတို့၏တုံ့ပြန်မှုကို ဖော်ပြခဲ့ပုံဖြစ်သည်။ စယီရ်ဂျီးသည် ရုရှားနိုင်ငံ တက်တာစတန်တွင်နေထိုင်သူဖြစ်ပြီး ဖြစ်ပျက်ခဲ့ပုံကို ဤသို့ဖော်ပြသည်–
“ကျွန်တော်တို့သည် ရုပ်ပုံများကိုစတင်ကြည့်ခဲ့ကြပြီး ပုံစာများကိုဖတ်ခဲ့ကြသည်။ ထို့နောက် စိတ်ဝင်တစားဆွေးနွေးခဲ့ကြသည်။ ကျွန်တော်၏သူငယ်ချင်းအားလုံးသည် ငယ်ရွယ်သည့် ဖခင်နှင့်မိခင်များဖြစ်ကြသည်၊ . . . ကျွန်တော်တို့အားလုံး အီစတာပွဲဝင်ရန်နှင့် နှစ်ခြင်းခံရန်အတွက် ချာ့ချ်တက်ကြသည်၊ ကျွန်ုပ်တို့၏ပါဝင်ပတ်သက်မှုသည် ထိုမျှသာဖြစ်သည်။
“အခြားတစ်ဖက်တွင်မူ ကျွန်ုပ်တို့သည် သင်တို့၏စာအုပ်၌ တကယ့်ကိုစိတ်ဝင်စားကြသည်! ရောင်စုံလှလှပပဒီဇိုင်းခြယ်ထားသော စာအုပ်၏အဖုံးက အာရုံကိုအလွယ်တကူဆွဲယူစေပါသည်။ သင်စတင်၍ဖတ်သည့်အခါ ရပ်ရန်ခက်ခဲလှသည်။ သင်သိရှိလာသည့်အကြောင်းအရာကို အိမ်နီးချင်းများအားမျှဝေလိုစိတ်ရှိလာသည်။ ထို့ပြင် အကြောင်းအရာများကို ဖတ်ရှုဆွေးနွေးပြီးနောက် သင်သည်ကျေနပ်ရောင့်ရဲမှု ခံစားရသည်။ နောက်ဆုံးတွင် ကျွန်ုပ်တို့သည် ပျော်ရွှင်ဖွယ်၊ အမြော်အမြင်ရှိရှိ၊ အကျိုးရှိစွာပြောဆိုနိုင်သည့်အကြောင်းကို ကျွန်တော်တို့တွေ့ရှိခဲ့ကြသည်။
“အမှန်ပင်၊ ကျွန်တော်တို့သည် ဝိညာဉ်ရေးခေါင်းပါးနေသည့်နေရာတွင် အသက်ရှင်နေရကြသည်။ လူတိုင်းသည် ငွေ၊ ပြဿနာများ၊ စိုးရိမ်မှုများနှင့် မသမာသည့်လျှို့ဝှက်ကြံစည်မှုများအကြောင်းကို ပြောနေကြသည်။ ၎င်းအရာများသည် နှလုံးကိုပျက်စီးစေသည့်အရာများသာဖြစ်သည်။ ထိုအကြောင်းများကို တွေးတောပြီးနောက် သင်သည် ချက်ချင်းအိပ်ပျော်နိုင်မည်မဟုတ်ဘဲ နံနက်တွင်လည်း လူ့ ပြဿနာသောင်းခြောက်ထောင်တွင် တစ်ဖန်နစ်မွန်းရန် အိပ်ရာမှနိုးထလိုမည်မဟုတ်ပေ။”
သင့်တွင်လည်း ထပ်တူခံစားချက်များရှိနိုင်ပြီး ငါးသန်းကျော်သောကျမ်းစာကျောင်းသားများနှင့်ဖွဲ့စည်းထားသည့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် ယေဟောဝါသက်သေများထုတ်ဝေသော ဤစိတ်ဝင်စားဖွယ်စာအုပ်ကိုရရှိခြင်းမှ ပျော်ရွှင်မှုရရှိနိုင်ပေမည်။ [အင်္ဂလိပ်ဘာသာဖြင့်သာရနိုင်သည်။] သင်ပိုမိုသိရှိလိုပါက သို့မဟုတ် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ပြုလုပ်လိုပါက ကင်းမျှော်စင်၊ ၉၄-ခ အင်းယားလမ်း၊ ရန်ကုန်မြို့ သို့မဟုတ် စာမျက်နှာ ၅ မှသင့်လျော်ရာလိပ်စာသို့ ကျေးဇူးပြု၍စာရေးပါ။