ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၉ ၇/၈ စာ. ၂၄
  • ‘ဒါတွေက ကျွန်တော်တို့ကို အမြင်ကျယ်စေတယ်’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ဒါတွေက ကျွန်တော်တို့ကို အမြင်ကျယ်စေတယ်’
  • နိုးလော့!—၁၉၉၉
နိုးလော့!—၁၉၉၉
န၉၉ ၇/၈ စာ. ၂၄

‘ဒါတွေက ကျွန်တော်တို့ကို အမြင်ကျယ်စေတယ်’

ယခင်ဆိုဗီယက်ပြည်ထောင်စု၊ ကာဂျစ္စတန်ရှိ ကာရာကူးစီမံအုပ်ချုပ်မှုတက္ကသိုလ်မှ နိုင်ငံခြားဘာသာဌာန၏အကြီးအမှူးဖြစ်သူသည် ယေဟောဝါသက်သေများ၏ စာပေစာတမ်းများကို ချီးမွမ်းခဲ့သည်။ သူသည် ရုရှားရှိ ယေဟောဝါသက်သေများ၏ဌာနခွဲရုံးသို့ အောက်ပါစာကို ရေးသားပေးပို့ခဲ့သည်–

“အခုခေတ်ကာလရဲ့လူမှုရေးနဲ့ စီးပွားရေးမငြိမ်သက်ဖြစ်မှုအောက်မှာ ခင်ဗျားတို့ရဲ့စာအုပ်တွေနဲ့ ဘရိုရှာတွေသုံးပြီး အင်္ဂလိပ်၊ ဂျာမန်၊ ရုရှား၊ ကာဂျစ်နဲ့ တူရကီဘာသာစကားတွေကို ပို့ချပေးရတာ ကျွန်တော့်အတွက် အကြီးအကျယ်အထောက်အကူဖြစ်တယ်။ . . . ခင်ဗျားတို့ရဲ့ဘရိုရှာတွေဟာ လက်တွေ့ဘာသာပြန်နည်းကို လေ့လာနေကြတဲ့သူတွေအတွက် အရမ်းအကြိုက်တွေ့တဲ့အရာပါပဲ။ အသက်—ဤနေရာတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော၊ [လိပ်] မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက် [လိပ်] နဲ့ လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ်တွေကိုထုတ်ဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“ကျွန်တော်တို့ရဲ့ကျောင်းသားတွေထဲမှာ ယေဟောဝါသက်သေတော်တော်များများရှိတယ်။ သူတို့ဟာ နိုးလော့! ဆောင်းပါးတွေကို စိတ်ဝင်တစားဖတ်ကြတယ်၊ အဲ့ဒါတွေကိုအသုံးပြုပြီး အိမ်စာတွေကိုလုပ်ကြတယ်။”

စာရေးသူက နိုးလော့! ထဲမှအထူးရွေးထုတ်ချီးမွမ်းသည်မှာ– “စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတပေးတဲ့ဆောင်းပါးတွေကိုတင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ . . . ဒါတွေက ကျွန်တော်တို့ကိုမျှော်လင့်ချက်ရှိစေပြီး ကျွန်တော်တို့ကို အထွေထွေဗဟုသုတအမြင်ကျယ်စေတယ်။ . . . ကျွန်တော်တို့အားလုံး နိုးလော့! ထဲမှာပါတဲ့ ‘ကမ္ဘာ့ဖြစ်ရပ်အကဲခတ်’ အပိုင်းကိုဖတ်ရတာနှစ်သက်ကြတယ်။”

သင်သည် နိုးလော့! တစ်စောင်လက်ခံရလိုလျှင် သို့မဟုတ် သင်၏အိမ်တွင် သင်နှင့်အတူကျမ်းစာဆွေးနွေးရန် ယေဟောဝါသက်သေတစ်ဦးကိုလာစေလိုလျှင် ကင်းမျှော်စင်၊ ၉၄-ခ၊ အင်းလျားလမ်း၊ ရန်ကုန်မြို့၊ သို့မဟုတ် စာမျက်နှာ ၅ ပါသင့်လျော်ရာလိပ်စာသို့ ကျေးဇူးပြု၍ စာရေးဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ