ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၃ ၄/၈ စာ. ၂၄
  • စာအုပ်အဟောင်းဆိုင် တစ်ဆိုင်တွင် တွေ့ရှိခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာအုပ်အဟောင်းဆိုင် တစ်ဆိုင်တွင် တွေ့ရှိခဲ့
  • နိုးလော့!—၂၀၀၃
နိုးလော့!—၂၀၀၃
န၀၃ ၄/၈ စာ. ၂၄

စာအုပ်အဟောင်းဆိုင် တစ်ဆိုင်တွင် တွေ့ရှိခဲ့

အိန္ဒိယနိုင်ငံ၊ ချီနိုင်းမြို့မှ တယ်မီလ်စကားပြောလူငယ်လေးတစ်ဦးသည် အထက်ပါနေရာတွင် ၁၉၉၉ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့ထုတ် နိုးလော့! တစ်စောင်ကို တွေ့ ရှိခဲ့သည်။ အဆိုပါမဂ္ဂဇင်းအပြင် သူရလိုက်သည့်အခြားမဂ္ဂဇင်းများကိုပါ ဆန်းစစ်လေ့လာပြီးနောက် ယင်းမဂ္ဂဇင်းများနှင့်ပတ်သက်ပြီး သူ၏ထင်မြင်ချက်ကို ယေဟောဝါသက်သေများ၏ အိန္ဒိယဌာနခွဲရုံးသို့ စာဖြင့် ရေးသားဖော်ပြခဲ့သည်။

သူက “နိုးလော့!မဂ္ဂဇင်းဟာ မှတ်သားစရာအချက်အလက်တွေပါပြီး အလွန်ကောင်းတဲ့ မဂ္ဂဇင်းတစ်စောင်ပါပဲ။ တင်ပြထားတဲ့ အကြောင်းအရာတွေက တကယ့်ကိုအကူအညီဖြစ်စေတယ်။ ချီးကျူးပါတယ်!” ဟူ၍ရေးသားခဲ့သည်။

ထို့နောက် အဆိုပါလူငယ်လေးက ဤသို့တောင်းဆိုမှုပြုလိုက်၏– “ကမ္ဘာတစ်ခွင် လှည့်လည်သွားနေတဲ့ ဒီဗဟုသုတပေးတဲ့ မဂ္ဂဇင်းဟာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်စာကြည့်တိုက်ဖြစ်နိုင်ပါစေလို့လည်း ကျွန်တော်ဆန္ဒပြုပါတယ်။ အခုထက်ထိ ရရှိထားတဲ့ မဂ္ဂဇင်းတွေကို ဖတ်ရှုပြီးတဲ့နောက် နောင်ထွက်လာဦးမယ့် မဂ္ဂဇင်းတွေကိုလည်း ရယူလိုပါတယ်။”

မဂ္ဂဇင်းတိုင်း၏ စာမျက်နှာ ၄ တွင် ရှင်းပြထားသည့်အတိုင်း နိုးလော့!သည် အကြောင်းအရာများစွာတို့နှင့်ပတ်သက်၍ ဉာဏ်အလင်းပေးသည်။ ထို့ပြင် ယင်း၏ရည်ရွယ်ချက်ကိုလည်း ဤသို့ဖော်ပြ၏– “အရေးအကြီးဆုံးမှာ ဤမဂ္ဂဇင်းသည် အစီအစဉ်စနစ်၏နေရာတွင် အစားဝင်တော့မည့် ငြိမ်းချမ်းလုံခြုံသည့် ကမ္ဘာသစ်နှင့်ပတ်သက်သော ဖန်ဆင်းရှင်၏ကတိတော်ကို ယုံကြည်စိတ်ချစေရန် ထောက်ကူပေးသည်။”

ကျွန်ုပ်တို့ထံမှ ဘုရားသခင်အဘယ်အရာတောင်းဆိုတော်မူသနည်းဟူသည့် စာမျက်နှာ ၃၂ မျက်နှာရှိဘရိုရှာသည် အဆိုပါဘုရားသခင့်ရည်ရွယ်ချက်ကို ပေါ်လွင်စေပြီး သမ္မာကျမ်းစာမှသတင်းအချက်အလက်ကို ဖော်ပြပေးကာ၊ ကိုယ်တော့်မျက်နှာသာတော်ရရှိရန် ကျွန်ုပ်တို့ပြုလုပ်ဖို့လိုအပ်သည့်အရာကို တင်ပြပေးသည်။ ပူးတွဲပါကူပွန်တွင်ဖော်ပြထားသည့် လိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ တွင်ပါသော သင့်လျော်ရာလိပ်စာတစ်ခုကိုဖြည့်စွက်ကာ စာတိုက်ဖြင့်ပေးပို့ခြင်းဖြင့် ဤဘရိုရှာကို ရယူနိုင်ပါသည်။

□ ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း ဘရိုရှာတစ်စောင်ကို ကျွန်ုပ်ထံပို့ပေးပါ။

□ အခမဲ့ အိမ်တွင်းကျမ်းစာသင်အံမှုနှင့် ပတ်သက်၍ ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ