ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၁၂/၈ စာ. ၂၀-၂၁
  • သေစေနိုင်သော မီးခိုးငွေ့ကို ဖယ်ရှား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သေစေနိုင်သော မီးခိုးငွေ့ကို ဖယ်ရှား
  • နိုးလော့!—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆေးလိပ်သောက်တာနဲ့ပတ်သက်ပြီး ငါ ဘာတွေသိထားသင့်သလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • ဆေးလိပ်သောက်တာ အပြစ်လား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဆန္ဒတွေကို ထိန်းချုပ်ပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
နိုးလော့!—၂၀၀၅
န၀၅ ၁၂/၈ စာ. ၂၀-၂၁

သေစေနိုင်သော မီးခိုးငွေ့ကို ဖယ်ရှား

ကိန်းဂဏန်းများက စိုးရိမ်စရာဖြစ်နေသည်– နေ့ စဉ်မိနစ်တိုင်း လူသုံးဦး မိမိတို့အိမ်တွင်း၌ သေဆုံးနေရကြသည်။ တရားခံကား ဇီဝစွန့်ပစ်ပစ္စည်းများ လောင်ကျွမ်းခြင်းကြောင့် ထွက်ပေါ်လာသော မီးခိုးငွေ့များတည်း။

ဇီဝစွန့်ပစ်ပစ္စည်းဟူသည် အဘယ်နည်း။ ယင်းသည် စွန့်ပစ်ပစ္စည်းများမှ ပြန်လည်အသုံးပြုနိုင်သော တိရစ္ဆာန်နောက်ချေးခြောက်များ၊ သစ်ဆွေး၊ သစ်ခက်များ၊ မြက်ပင်များ၊ သို့မဟုတ် ကောက်ပဲသီးနှံအကြွင်းအကျန်များ ဖြစ်နိုင်ပေသည်။ ကမ္ဘာ့လူဦးရေ၏သုံးပုံတစ်ပုံ၊ သန်းနှစ်ထောင်ကျော်သည် ချက်ပြုတ်ရန်၊ အနွေးဓာတ်ရရန် ဇီဝစွန့်ပစ်ပစ္စည်းများကို လောင်စာအဖြစ်အသုံးပြုကြကြောင်း နီပေါလ်နိုင်ငံ ခတ္တမန္ဒူပို့စ်သတင်းစာက ဖော်ပြသည်။ ယင်းသည် ဆင်းရဲသားများ အသုံးပြုနိုင်သော တစ်ခုတည်းသောလောင်စာဖြစ်သည်။

ဇီဝစွန့်ပစ်ပစ္စည်းလောင်စာများက သေစေနိုင်သောဓာတ်ငွေ့များကို ထုတ်လွှတ်ပေးခြင်းမှာ ဝမ်းနည်းစရာပင်။ သို့ဖြစ်၍ အဘယ်အရာလုပ်ဆောင်နိုင်သနည်း။ “အိမ်တွင်း လေထုညစ်ညမ်းမှုအတွက် ဖြေရှင်းနည်းမှာ ရိုးရိုးလေးဖြစ်သည်– မီးခိုးငွေ့များ အိမ်တွင်းသို့ ဝင်မလာစေခြင်း၊ သို့မဟုတ် ၎င်းတို့ကိုအိမ်ထဲမှ ဖယ်ရှားပစ်ခြင်း ဖြစ်သည်” ဟုနိုင်ငံများစွာမှ လူတို့၏လူနေမှုဘဝ တိုးတက်စေရန် ကူညီပေးနေသော အလတ်စားနည်းပညာဖွံ့ ဖြိုးရေးအဖွဲ့ (အိုင်တီဒီဂျီ) ကဖော်ပြသည်။

ပထမအကြံပြုချက်မှာ အိမ်ပြင်တွင်ချက်ပြုတ်ရန် ဖြစ်သည်။ သို့သော် အိမ်ပြင်တွင်ချက်ပြုတ်ရန် မဖြစ်နိုင်လျှင် သို့မဟုတ် မနှစ်သက်လျှင်ကော အသို့နည်း။ အိမ်တွင် လေဝင်လေထွက် ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်ပါဟု အိုင်တီဒီဂျီကအကြံပြုသည်။ ယင်းကို နည်းနှစ်နည်းဖြင့်ပြုလုပ်နိုင်သည်– ခေါင်မိုးနားအမြင့်နေရာတွင် အပေါက်များဖောက်ခြင်း (ဇကာတပ်ဆင်ထားလျှင် အကောင်ငယ်လေးများ ဝင်မည်မဟုတ်ပါ)၊ ပြတင်းပေါက်များထားရှိခြင်း ဖြင့်ဖြစ်သည် (ပြတင်းကာများက အနှောင့်အယှက်ကင်းစေပါမည်)။ ယင်းက လေဝင်လေထွက်ရှိစေကာ မီးခိုးများထွက်သွားစေပါမည်။ သို့ရာတွင် အနွေးဓာတ်အတွက် လောင်စာကို အသုံးပြုသောအခါ နံရံတွင်အပေါက်များရှိနေခြင်းသည် လက်တွေ့ကျမည်မဟုတ်သောကြောင့် အခြားရိုးရှင်းသောနည်းလမ်းက အကူအညီဖြစ်စေနိုင်သည်။

မီးခိုးအုပ်ဆောင်းများသည် မီးခိုးငွေ့များကို ဖယ်ရှားပစ်ရန်အတွက် အကောင်းဆုံးနှင့်အထိရောက်ဆုံး နည်းတစ်နည်းဖြစ်ကြောင်း အိုင်တီဒီဂျီကဆိုသည်။ မီးခိုးအုပ်ဆောင်းများကို သွပ်ပြားဖြင့်ဖြစ်စေ၊ အုတ်နှင့်ရွှံ့တို့ဖြင့်ပင်ဖြစ်စေ ဈေးပေါပေါဖြင့်ပြုလုပ်နိုင်သည်။ ဤအုပ်ဆောင်းကြီးများကို မီးတောက်များပေါ်တွင် အုပ်ထားပြီး မီးခိုးကို ခေါင်မိုးမှတစ်ဆင့် အိမ်ပြင်သို့ထုတ်ပေးမည့်ခေါင်းတိုင် ပါရှိသည်။ ခေါင်မိုးနားအမြင့်နေရာတွင် လေဝင်လေထွက် ကောင်းမွန်ပြီး မီးခိုးအုပ်ဆောင်းများကို အသုံးပြုသောအခါ အိမ်ထဲတွင် အန္တရာယ်ရှိသောညစ်ညမ်းပစ္စည်း ၈၀ ရာခိုင်နှုန်းနီးပါးခန့် လျော့နည်းသွားသည်ဟု ကျွမ်းကျင်သူများကဆိုသည်။ မီးခိုးအုပ်ဆောင်းများကို အသုံးပြုသူတို့က ပို၍ကျန်းမာလာပြီး ပိုသန့်ရှင်းလာကြကြောင်း၊ အလုပ်ပိုလုပ်နိုင်ပြီး သူတို့၏အိမ်များတွင် ပို၍ပျော်ရွှင်လာကြကြောင်း ပြောဆိုကြသည်၊ ယင်းကြောင့် ရိုးရှင်းသောအရာသည် အသက်တာကို ပိုမိုလှပစေနိုင်သည်မှာ ထင်ရှားပါသည်။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

မီးခိုးအုပ်ဆောင်း၊ ကျယ်ပြန့်သောတံစက်မြိတ်၊ ပြတင်းပေါက်များပါရှိသည့် ကင်ညာနိုင်ငံရှိ မီးဖိုချောင်တစ်ခု

[Credit Line]

Dr. Nigel Bruce/www.itdg.org

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ