ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁/၀၆ စာ. ၂၄
  • ကလေးတစ်ဦး ကွယ်လွန်သည့်အခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကလေးတစ်ဦး ကွယ်လွန်သည့်အခါ
  • နိုးလော့!—၂၀၀၆
နိုးလော့!—၂၀၀၆
န ၁/၀၆ စာ. ၂၄

ကလေးတစ်ဦး ကွယ်လွန်သည့်အခါ

◼ ကလေးတစ်ဦးကွယ်လွန်သွားခြင်းက ကျန်ရစ်သူမိသားစု၊ အထူးသဖြင့် မိဘများအတွက် အလွန်ပြင်းထန်သော စိတ်ဒဏ်ရာဖြစ်စေသည်။ ကြောက်မက်ဖွယ်မတော်တဆမှုတစ်ခုတွင် မီးလောင်သေဆုံးခဲ့သော ၁၆ နှစ်အရွယ်သားတစ်ဦး၏ မိခင်က “ဘုရားသခင်ဟာ ကျွန်မတို့ကို သူတို့အစားသေဖို့ ခွင့်မပြုသလို သူတို့နဲ့အတူလည်း သေဆုံးခွင့်မပြုဘူး” ဟုဝမ်းနည်းကြေကွဲစွာ မြည်တမ်းခဲ့သည်။

သို့သော် သူသည် မျှော်လင့်ချက်မဲ့သူမဟုတ်ပါ။ အကြောင်းမှာ “သေခြင်းနဲ့ပတ်သက်တဲ့ အမှန်တရားအကြောင်း ဘုရားသခင် ကျွန်မတို့ကို ဖော်ပြထားတယ်။ အဲဒါက ကျွန်မနဲ့ ကျွန်မခင်ပွန်းကို စိတ်နာကြည်းပြီး စဉ်းစားဆင်ခြင်နိုင်စွမ်း ပျောက်ဆုံးသွားတဲ့အထိ မဖြစ်စေခဲ့ဘူး” ဟုရှင်းပြခဲ့သည်။ “ဘုရားသခင်ဟာ ကျွန်မတို့ရဲ့သားလေးကို သေဆုံးစေခဲ့တာ မဟုတ်ဘူး။ သေဆုံးသွားတဲ့သူတွေကို ပရဒိသုကမ္ဘာမြေကြီးပေါ် ပြန်ရှင်ပြန်ထမြောက်စေဖို့ ကိုယ်တော်ရည်ရွယ်ထားတယ်။ ကျွန်မတို့ရဲ့စိတ်အာရုံထဲမှာ သားလေး ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ သူ့ရဲ့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ အသက်ရှင်နေတာကို တွေးကြည့်နိုင်တယ်” ဟုသူဆိုခဲ့သည်။

သို့တိုင် ဘုရားသခင့်ကတိတော်ဖြစ်သော ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက် ရှိထားသူတို့ပင် နှစ်သိမ့်မှုလိုအပ်ပြီး ယင်းကို မိတ်ဆွေများစွာထံမှ ဤမိခင်သည် ကျေးဇူးတင်စွာ ရရှိခဲ့သည်။ သူဤသို့ပြောသည်– “ကျွန်မတို့ကိုလာပြောတဲ့ ကျမ်းစကားလေးတွေ၊ ပြသတဲ့ကြင်နာမှုတွေက သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ ဘရိုရှာထဲကအတိုင်းပဲ။ အဲဒီဘရိုရှာကိုဖတ်ဖို့ လူတိုင်းကို အားပေးပါတယ်။ ဒါမှ ကျွန်မတို့လိုလူတွေနဲ့ ကျွန်မတို့ဆက်ခံစားသွားရမယ့် ဝမ်းနည်းကြေကွဲမှုတွေကို သူတို့ ပိုကောင်းကောင်းနားလည်လာနိုင်မယ်။”

သင် သို့မဟုတ် သင်သိသူတစ်ဦးဦးသည် သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ ဘရိုရှာကိုဖတ်ပြီး နှစ်သိမ့်မှုရလိုပေမည်။ ပူးတွဲပါကူပွန်ကို ဖြည့်စွက်ပြီး ကူပွန်တွင်ဖော်ပြထားသောလိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ ပါသင့်လျော်ရာလိပ်စာသို့ စာတိုက်မှပို့ခြင်းဖြင့် ဘရိုရှာတစ်စောင်ကို သင်တောင်းခံနိုင်ပါသည်။

□ သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ ဘရိုရှာတစ်စောင်ကို မေတ္တာလက်ဆောင်ရလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ပြုလိုပါသဖြင့် ကျေးဇူးပြုပြီး ကျွန်ုပ်နှင့်ဆက်သွယ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ