ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၂/၀၆ စာ. ၂၄
  • “အမှန်ပင် ထူးခြားလှ၏!”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “အမှန်ပင် ထူးခြားလှ၏!”
  • နိုးလော့!—၂၀၀၆
နိုးလော့!—၂၀၀၆
န ၂/၀၆ စာ. ၂၄

“အမှန်ပင် ထူးခြားလှ၏!”

◼ ဘရာဇီးနိုင်ငံရှိ ပထဝီဝင်ကျောင်းဆရာတစ်ဦးသည် နိုးလော့! မဂ္ဂဇင်း၏ ပညာပေးမှုတန်ဖိုးကို စွဲမက်သွားခဲ့သည်။ သူဤသို့ရေးသားခဲ့သည်– “စာသင်ခန်းတွင် ဆရာများအသုံးပြုရန် ထုတ်ဝေသော စာအုပ်များစွာထက် ဤမဂ္ဂဇင်းက သင်ကြားမည့်အချက်အလက်များကို ပိုမိုရရှိစေသည်။ ကျွန်ုပ်၏ဘာသာရေးယုံကြည်ချက်များနှင့် ကွာခြားသော်ငြားလည်း နိုးလော့! တွင်တင်ပြသည့်မူများကို ကျွန်ုပ်အပြည့်အဝထောက်ခံသည်။”

သို့သော် နိုးလော့! မဂ္ဂဇင်းသည် ယေဟောဝါသက်သေများထုတ်ဝေသော စာပေများစွာအနက် တစ်ခုသာဖြစ်ကြောင်း ဤဆရာသဘောပေါက်လာခဲ့သည်။ သူဤသို့ရေးသားခဲ့သည်– “ဆဋ္ဌမတန်းကျောင်းသားတစ်ဦးက ‘ကောင်းမွန်သောပြည်ကို ကြည့်လော့’ ဘရိုရှာကို ကျွန်ုပ်အား ငှားပေးခဲ့သည်။ အထူးကောင်းမွန်သည့်အချက်အလက်ကြောင့် ကျွန်ုပ်အံ့သြခဲ့သည်။ အမှန်ပင်ထူးခြားလှ၏! မြင်ယောင်စေနိုင်ခြင်းကြောင့်နှင့် ကျမ်းစာဖြစ်ရပ်များ၏တည်နေရာတို့က အထူးသဖြင့် လူငယ်များအတွက် ကျမ်းစာလေ့လာမှုကို အဓိပ္ပာယ်ပိုရှိစေခဲ့သည်။”

ဤသို့ထပ်ရေးသည်– “သင်တို့၏စာပေများကို နေရာတကာ၌ တွေ့ရသည်၊ ဘတ်စကားပေါ်တွင်၊ ကျောင်းသားများလက်ထဲတွင်၊ ဘဏ်ရှိလူများတန်းစီသည့် နေရာတွင်ပင် တွေ့နိုင်သည်။ ကောင်းမွန်သောသတင်းအချက်အလက်များ ရရှိဖို့ခက်ခဲသော ဒေသများရှိ အများပြည်သူတို့ထံ ယင်းစာပေများရောက်သွားသည်ကို မြင်ရ၍ဝမ်းသာမိသည်။ သင်တို့၏အထူးကောင်းမွန်သောလုပ်ငန်းကို ချီးကျူးပါသည်။”

ကောင်းမွန်သောပြည်ကို ကြည့်လော့’ ဘရိုရှာကို ဘာသာစကား ၈၀ ခန့်ဖြင့် ရရှိနိုင်သည်။ ဤဘရိုရှာတွင် ကျမ်းစာခေတ်က နယ်မြေဒေသများ၊ အထူးသဖြင့် အချိန်ကာလအသီးသီးရှိ ကတိထားရာပြည်ကို ဖော်ပြသည့်ရောင်စုံမြေပုံများနှင့် ဓာတ်ပုံများပါရှိသည်။ ပူးတွဲပါကူပွန်ကိုဖြည့်ကာ ဖော်ပြထားသည့်လိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ တွင်ပါသော သင့်လျော်ရာလိပ်စာသို့ စာတိုက်မှပေးပို့ခြင်းဖြင့် ဤ ၃၆ မျက်နှာရှိဘရိုရှာကို မှာယူနိုင်ပါသည်။

□ ‘ကောင်းမွန်သောပြည်ကို ကြည့်လော့’ ဘရိုရှာတစ်စောင်ကို မေတ္တာလက်ဆောင်ရလိုပါသည်။

□မည်သည့်ဘာသာစကားနှင့်ရလိုကြောင်း ဖော်ပြပါ။

[Picture Credit Line on page 32]

Brochure covers: Pictorial Archive (Near Eastern History) Est.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ