ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၆/၀၇ စာ. ၂၄
  • “ခရစ်တော်၏နောက်သို့ လိုက်လော့!”’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ခရစ်တော်၏နောက်သို့ လိုက်လော့!”’
  • နိုးလော့!—၂၀၀၇
နိုးလော့!—၂၀၀၇
န ၆/၀၇ စာ. ၂၄

“ခရစ်တော်၏နောက်သို့ လိုက်လော့!”’

ယေဟောဝါသက်သေများ၏ ခရိုင်စည်းဝေးကြီး

သုံးရက်ကြာ စည်းဝေးကြီးများသည် အမေရိကန်နိုင်ငံ၌ မေလတွင် စတင်ကျင်းပခဲ့ပြီး ၂၀၀၈ ခုနှစ်အထိ ကမ္ဘာတစ်ဝန်းရှိ ရာနှင့်ချီသောမြို့ကြီးများ၌လည်း ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ နေရာဒေသအများစု၌ အစီအစဉ်ကို သောကြာနေ့ နံနက် ၉:၂၀ နာရီတွင် တေးသံသာဖြင့် အစပြုမည်ဖြစ်သည်။ စည်းဝေးကြီးရက်တိုင်းတွင် ယေရှုကို အဓိကအာရုံစိုက်သွားမည်။

သောကြာနေ့အစီအစဉ်၏ အဓိကအကြောင်းမှာ “ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့” ဖြစ်သည်။ (ဟေဗြဲ ၁၂:၂) အဖွင့်ဟောပြောချက်၏ခေါင်းစဉ်မှာ “‘ခရစ်တော်’ နောက်သို့ အဘယ်ကြောင့်လိုက်ရ ” ဟူ၍ဖြစ်သည်။ အပိုင်းသုံးပိုင်းပါသော အခန်းဆက်ဟောပြောချက်မှာ “မောရှေ၊ ဒါဝိဒ်၊ ရှောလမုန်ထက် သာ၍ကြီးမြတ်သောအရှင်အဖြစ် ယေရှုကို အသိအမှတ်ပြုခြင်း” ဖြစ်သည်။ နံနက်ပိုင်းအစီအစဉ်ကို “ယေဟောဝါ၏ရည်ရွယ်တော်မူချက်တွင် ယေရှု၏ ထူးခြားသောအခန်းကဏ္ဍ” ဟူသည့် အဓိကဟောပြောချက်ဖြင့် နိဂုံးချုပ်ထားပါသည်။

သောကြာနေ့မွန်းလွဲပိုင်း၏ ပထမဆုံးဟောပြောချက်မှာ “ ‘ငါတို့သည် မေရှိယကို တွေ့ ကြပြီ’ ” ဟူ၍ဖြစ်သည်။ နောက်ဆက်ဟောမည့် ဟောပြောချက်မှာ “ ‘ကိုယ်တော်၌ အသေအချာ ဝှက်ထားသော’ ဘဏ္ဍာများကို တွေ့ ရှိခြင်း” ဟူ၍ဖြစ်ပါသည်။ “ခရစ်တော်၏စိတ်သဘောကို ဆက်မွေးမြူလော့” ဟူသော တစ်နာရီကြာသည့် အပိုင်းငါးပိုင်းပါ အခန်းဆက်ဟောပြောချက်များတွင် “ ကိုယ်တော်သည် ‘သူတို့ကို သနားကြင်နာစွာ လက်ခံကြိုဆိုတော်မူ၏၊’ ” “ကိုယ်တော်သည် ‘အသေခံခြင်းတိုင်အောင်’ နာခံမှုတင်ပြ ” နှင့် “ကိုယ်တော်သည် ‘အဆုံးတိုင်အောင် ချစ်တော်မူ၏’ ” တို့ပါဝင်သည်။ အစီအစဉ်ကို “သူတို့သည် ‘သိုးသငယ်သွားလေရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏’ ” ဟူသောဟောပြောချက်ဖြင့် နိဂုံးချုပ်ထားပါသည်။

စနေနေ့အစီအစဉ်၏ အဓိကအကြောင်းမှာ “ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏” ဖြစ်သည်။ (ယောဟန် ၁၀:၂၇) “ဓမ္မအမှုတွင် ယေရှု၏ပုံသက်သေကို လိုက်လျှောက်လော့” ဟူသော တစ်နာရီကြာသည့် အခန်းဆက်ဟောပြောချက်တွင် ကျွန်ုပ်တို့၏ဓမ္မအမှုကို တိုးတက်စေသော လက်တွေ့ကျအကြံဉာဏ်များ ပါဝင်ပေလိမ့်မည်။ “ကိုယ်တော်သည် ‘ဖြောင့်မတ်ခြင်းတရားကိုချစ်၍ မတရားသောအမှုကိုမုန်းတော်မူ၏’—အသင်ကော” ဟူသောဟောပြောချက်နှင့် “ယေရှုပြုတော်မူခဲ့သကဲ့သို့ ‘မာရ်နတ်ကိုဆီးတားကြလော့’ ” ဟူသောဟောပြောချက်တို့ပြီးနောက် နံနက်ပိုင်းအစီအစဉ်ကို နှစ်ခြင်းဟောပြောချက်ဖြင့် နိဂုံးချုပ်ကာ နှစ်ခြင်းခံဖို့အရည်အချင်းပြည့်မီသူတို့သည် နှစ်ခြင်းခံကြပေမည်။

စနေနေ့မွန်းလွဲပိုင်းအစီအစဉ်ကို “. . . မလိုက်နှင့်” ဟူသောအခန်းဆက်ဖြင့် စတင်မည်ဖြစ်သည်။ ယင်းတွင်ပါဝင်သည့် အပိုင်းခြောက်ပိုင်းမှာ “လူများနောက်သို့၊” “ကိုယ့်စိတ်အလိုနှင့် ကိုယ့်မျက်စိအလိုသို့၊” “အချည်းနှီးဖြစ်သောအရာတို့နောက်သို့၊” “မိစ္ဆာဆရာတို့နောက်သို့၊” “ဒဏ္ဍာရီစကားများနောက်သို့” နှင့် “စာတန်နောက်သို့” တို့ဖြစ်ကြသည်။ နောက်ဟောပြောချက်များတွင် “ ‘ယေဟောဝါ၏သွန်သင်မှု’ ခံရခြင်းသည် သာလွန်မြင့်မြတ်” နှင့် “သိုးအုပ်ထဲသို့ပြန်လည်ရောက်ရှိလာစေရန် သူတို့ကို ကူညီကြလော့” တို့ပါဝင်သည်။ အဆိုပါနေ့ကို စည်းဝေးကြီး၏ပေါ်လွင်ချက်ဖြစ်သော “ငါ့နောက်သို့ လိုက်လော့” ဟူသည့်ဟောပြောချက်ဖြင့် နိဂုံးချုပ်ထားသည်။

တနင်္ဂနွေနေ့၏အဓိကအကြောင်းမှာ “ငါ့နောက်သို့ ဆက်၍လိုက်လော့” ဖြစ်သည်။ (ယောဟန် ၂၁:၁၉၊ ကဘ) “ခရစ်တော်နောက်လိုက်ခြင်းမှ ‘တောင်းပန်’ ကာ ပြန်နောက်ဆုတ်ခြင်းမပြုနှင့်” ဟူသော ဟောပြောချက်ပြီးနောက် “တောင်ပေါ်တရားတော်မှ အဖိုးတန်သင်ခန်းစာများ” ဟူသော အပိုင်းခြောက်ပိုင်းပါ အခန်းဆက်ဟောပြောချက်က “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့သည် မင်္ဂလာရှိကြ၏၊” “သင်၏ညီအစ်ကိုနှင့် သင့်မြတ်အောင် အရင်ပြုဦးလော့” နှင့် “သူတစ်ပါးအားပေးကြလော့။ ပေးလျှင် သူတစ်ပါးသည် သင်တို့အား ပေးကြလိမ့်မည်” အစရှိသည့် ယေရှု၏စကားများအပေါ် အာရုံစိုက်ပါလိမ့်မည်။ နံနက်ပိုင်းအစီအစဉ်ကို “မည်သူတို့သည် ခရစ်တော်၏ နောက်လိုက်စစ်များ ဖြစ်ကြသနည်း” ဟူသော လူထုဟောပြောချက်ဖြင့် နိဂုံးချုပ်ထားပါသည်။ မွန်းလွဲပိုင်း၏ အဓိကပေါ်လွင်ချက်မှာ ဘုရားသခင့်ပရောဖက်ဧလိရှဲ၏ လိုဘကြီးသောကျွန် ဂေဟာဇိနှင့်ပတ်သက်သည့် ကျမ်းစာမှတ်တမ်းကို အခြေခံထားသော ဝတ်စုံပြည့်ပြဇာတ်ဖြစ်ပါသည်။ စည်းဝေးကြီးကို “ကျွန်ုပ်တို့၏ မရှုံးနိမ့်နိုင်သောခေါင်းဆောင် ခရစ်တော်နောက် ဆက်၍လိုက်နေလော့!” ဟူသောဟောပြောချက်ဖြင့် နိဂုံးချုပ်ပါမည်။

တက်ရောက်ရန် ယခုကတည်းက အစီအစဉ်များဆွဲထားပါ။ သင်နှင့်အနီးဆုံးနေရာရှိ စည်းဝေးကြီးကျင်းပရာနေရာကိုသိရှိရန် ယေဟောဝါသက်သေများ၏ ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမ သို့မဟုတ် ဤမဂ္ဂဇင်းထုတ်ဝေသူများထံ စာရေးဆက်သွယ်ပါလေ။ ကျွန်ုပ်တို့၏ ပူးတွဲထုတ်ဝေသည့်မဂ္ဂဇင်းဖြစ်သော မတ်လ ၁ ရက်နေ့ထုတ် ကင်းမျှော်စင်တွင် စည်းဝေးကြီးကျင်းပရာနေရာအားလုံးကို ဖော်ပြထားပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ