ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၁၂ စာ. ၅
  • အကူအညီယူပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကူအညီယူပါ
  • နိုးလော့!—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆရာနဲ့ အဆင်ပြေအောင် ဘာလုပ်ရမလဲ
    လူငယ်များအမေး
  • ဆရာနဲ့အဆင်ပြေအောင် ငါဘယ်လိုလုပ်ရမလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • ဆရာနဲ့အဆင်ပြေအောင် ဘယ်လိုပေါင်းရမလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • ဆရာဆရာမ—ကျွန်ုပ်တို့ အဘယ်ကြောင့်လိုအပ်ရ
    နိုးလော့!—၂၀၀၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၂
န ၁၀/၁၂ စာ. ၅
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

အကူအညီယူပါ

ကျောင်းမှာကော လူကြီးဘဝမှာပါ သင့်ကို အကြံပေးတဲ့၊ အကူအညီပေးတဲ့သူတွေ ရှိဖို့လိုတယ်။

ကျောင်းစာလိုက်နိုင်ဖို့ ဘယ်သူတွေက ကူညီပေးနိုင်သလဲ။

မိသားစု။

ဘရာဇီးနိုင်ငံက အသက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ မိန်းမငယ်လေး ဘရွန်နာက “အိမ်စာလုပ်နေရင်း နားမလည်တဲ့အခါ အဖေက အကြောင်းအရာကို ရှင်းပြတယ်။ စဉ်းစားဖို့အတွက် မေးခွန်းတွေ မေးတယ်။ အဖြေကိုတော့ ကျွန်မဘာသာ ရှာခိုင်းတယ်။”a

အကြံပြုချက်– သင့်အတွက် ခက်နေတဲ့ ကျောင်းစာကို မိဘတွေ ဘယ်လောက်သိသလဲဆိုတာ မေးကြည့်ပါ။ ကောင်းကောင်းသိတယ်ဆိုရင် သင့်ကို ကူညီပေးနိုင်သူက မိဘတွေ ဖြစ်နိုင်ပါတယ်။

ဆရာ/ဆရာမ။

ကျောင်းသားတစ်ယောက် တကယ်သိချင် တတ်ချင်တဲ့စိတ်ရှိတယ်ဆိုရင် ဆရာ/ဆရာမအများစုက ကူညီပေးချင်ကြပါတယ်။

အကြံပြုချက်– “ဒီသင်ခန်းစာက ကျွန်တော့်အတွက် ခက်နေတယ်။ ကျွန်တော် ကောင်းကောင်း နားလည်ချင်တယ်။ ကျေးဇူးပြု၍ ကူညီပေးနိုင်မလား” လို့ သင့် ဆရာ/ဆရာမကို မေးကြည့်ပါ။

စာပြပေးနိုင်သူ။

သင့်မိသားစုနဲ့ ရင်းနှီးသူ၊ ယုံကြည်ရသူ တစ်ယောက်ယောက်က သင့်ကို ကူညီပေးနိုင်ပါတယ်။ အဲဒီကနေ အကျိုးနှစ်ခု ရရှိတယ်– ပထမ၊ သင် လိုအပ်နေတဲ့ အကူအညီ ရမယ်။ ဒုတိယ၊ အကူအညီ လိုအပ်တဲ့အခါ ကူညီပေးနိုင်သူကို အားကိုးရမယ်ဆိုတာကို သိစေတယ်။ ဒါက သင် အရွယ်ရောက်တဲ့အခါမှာလည်း အထောက်အကူပြုတယ်။ အောင်မြင်မှု အများစုက တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်ဆောင်မှုကြောင့်မဟုတ်ဘဲ အဖွဲ့လိုက်လုပ်ဆောင်လို့ ဖြစ်တယ်။—သု. ၁၅:၂၂။

အကြံပြုချက်– သင့်ကို ဘယ်သူ စာပြပေးနိုင်သလဲဆိုတာ မိဘတွေကို မေးကြည့်ပါ။

အဓိကအချက်– အကူအညီ တောင်းခံတာက အမှားမဟုတ်ပါ။

အခုပဲ စလုပ်ဆောင်ကြည့်ပါ။ အကူအညီ တောင်းခံနိုင်တဲ့ သင် စံထားရသူ နှစ်ယောက် သုံးယောက်ကို ချရေးပါ။ သူတို့တွေထဲက ဘယ်သူက သင့်ကျောင်းစာကို ပြပေးနိုင်သလဲ။

a သင့်အစ်ကို၊ အစ်မတွေလည်း သင့်ကို အကူအညီ ပေးနိုင်ပါတယ်။

“ကျွန်မ အကြိုက်ဆုံးဆရာ”

“ကျွန်မအကြိုက်ဆုံးဆရာက တကယ်စည်းကမ်းကြီးသူဖြစ်ပေမဲ့ လူတိုင်းက သူ့ကို လေးစားကြတယ်။ ဆရာက တက်တက်ကြွကြွရှိသူ ဖြစ်တယ်။ စာသင်တဲ့အခါ လက်ဟန်အမူအယာတွေ သုံးတယ်၊ စာသင်ခန်း တစ်ဖက်ကနေတစ်ဖက် လမ်းလျှောက်ပြီး စာသင်တယ်။ ကျောင်းစာ ဆွေးနွေးတဲ့အခါ ကျောင်းသားတိုင်းကို ပါဝင်စေတယ်။ အချက်တစ်ချက်ကို နားမလည်ဘူးဆိုရင် နားလည်တဲ့အထိ စိတ်ရှည်ရှည်နဲ့ ရှင်းပြတယ်။ နားမလည်ရင် မေးပါဆိုပြီး ဆရာ ခဏခဏပြောတတ်တယ်။ မေးခွန်းတွေက ကျွန်မတို့ နားလည်မလည်ကိုပဲ သိစေတာ မဟုတ်ဘူး၊ သူ့ကိုလည်း ဆရာကောင်းတစ်ဦး ဖြစ်လာစေတယ်လို့ ပြောတယ်။ ဆရာက ကျောင်းသားတိုင်းကို ဂရုစိုက်တယ်။ ကျောင်းသား အတော်များများက ဆရာ့ရဲ့အတန်းမှာ တစ်နှစ်ပဲ တက်ပြီးရုံနဲ့ ဆရာသင်တဲ့ ဘာသာရပ်နဲ့ဆိုင်တဲ့ စာရင်းကိုင်အလုပ်ကို ရွေးချယ်ကြတယ်။—အယ်လီနာ၊ ဩစတြေးလျ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ