ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၁/၁၂ စာ. ၄
  • ၁ အကူအညီ ရှာယူပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၁ အကူအညီ ရှာယူပါ
  • နိုးလော့!—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြင်ဖော်မဲ့မိဘများ၊ စိန်ခေါ်ချက် ပေါင်းစုံ
    နိုးလော့!—၂၀၀၃
  • မိဘတို့၊ သားသမီးတွေ ယေဟောဝါကို ချစ်လာဖို့ ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • မိမစုံဖမစုံမိသားစုများလည်း အောင်မြင်နိုင်ပါသည်!
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ကြင်ဖော်မဲ့ မိဘတွေကို စာနာ ထောက်ထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၂
န ၁၁/၁၂ စာ. ၄

၁ အကူအညီ ရှာယူပါ

ယုံကြည်စိတ်ချရတဲ့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေထံက အကူအညီ ရှာယူပါ

“ကျွန်မရဲ့ အသင်းတော်မှာ တကယ့်ကို ခင်ဖို့ကောင်းတဲ့ မိတ်ဆွေတွေ ရှိတယ်။ သူတို့က မေတ္တာပြည့်ဝပြီး ထောက်မပေးကြတယ်။ တကယ့်မိသားစုလိုပါပဲ။”—ဆယ်ကျော်သက် ကလေးနှစ်ယောက်မိခင် လီဇန်။

အခက်အခဲ။

“ကျွန်မအတွက် အကြီးမားဆုံး အခက်အခဲကတော့ အမြဲ မောပန်းနေတာ၊ အချိန်မလောက်တာ ဖြစ်တယ်” လို့ သားနှစ်ယောက်ရှိတဲ့ အယ်လီနာက ပြောတယ်။ သူ့အခြေအနေက ကြင်ဖော်မဲ့မိခင်တွေ ကြုံနေကျ အခြေအနေပါ။ ဒါကြောင့်လည်း ကြင်ဖော်မဲ့ မိဘများစွာက အားနာစရာမလိုပဲ အကူအညီတောင်းနိုင်မယ့်သူတွေကို သိအောင် လုပ်ထားကြတယ်။

အကြံပြုချက်။

ယုံကြည်စိတ်ချရတဲ့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေဆီက အကူအညီ ရှာယူပါ။ ကလေးကို ထိန်းပေး၊ ကြိုပို့ပေး၊ အိမ်ကို ပြုပြင်ထိန်းသိမ်းပေး ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ အားပေးတာတွေအတွက် အကူအညီ တောင်းနိုင်မယ့်သူတွေကို စာရင်းလုပ်ထားနိုင်တယ်။ ဒီစာရင်းကို လက်ရှိ အခြေအနေနဲ့အညီဖြစ်အောင် အမြဲစစ်ဆေးပါ။ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကနေ ဘာအကူအညီရနိုင်မလဲဆိုတာ စုံစမ်းကြည့်ပါ။

ယေဟောဝါသက်သေတစ်ယောက်ဖြစ်တဲ့ ရီနာတာက ခရစ်ယာန်ချင်းတွေဆီကနေ အကူအညီအများကြီး ရခဲ့တယ်။ သူ ဒီလိုပြောတယ်– “ကျွန်မကို ကူညီဖို့ သူတို့ အမြဲအသင့်ရှိကြတယ်။ ကျွန်မရဲ့ ကိုးနှစ်အရွယ်သမီးနှစ်ယောက်နဲ့ ကျွန်မ တစ်ချိန်တည်း ဖျားတုန်းက ကျွန်မ မချက်ပြုတ်နိုင်တော့ဘူး။ အဲဒီအကြောင်း အသင်းတော်က ကြားတာနဲ့ တစ်နေ့ကိုတစ်ယောက် အစားအစာ လာပို့ကြတယ်။” ဒီလိုကြင်နာမှုက ၁ ယောဟန် ၃:၁၈ မှာပါတဲ့ ဒီစကားတွေကို သတိရစေပါတယ်– “သားသမီးတို့၊ နှုတ်လျှာအားဖြင့်သာ မချစ်ဘဲ စိတ်ရောကိုယ်ပါ အမှန်ချစ်ကြစို့။”

အုပ်ထိန်းခွင့်မရတဲ့ မိဘက အကူအညီပေးနိုင်မလား။ ဖခင်ဖြစ်လေ့ရှိတဲ့ အုပ်ထိန်းခွင့်မရတဲ့ မိဘက သားသမီးနဲ့ တရားဝင်တွေ့ခွင့် ရှိမယ်၊ သူ့မှာလည်း တာဝန်ရှိပြီး သူ့ဘက်က ကူညီဖို့ တလိုတလားရှိမယ်ဆိုရင် ကလေးရဲ့တာဝန်တွေကို သူနဲ့ မျှယူနိုင်တယ်။ ကလေးတွေဟာ ဖခင်နဲ့ တွေ့ဖို့လည်း လိုအပ်ပါတယ်။a

ကလေးတွေကို လေ့ကျင့်ပေးထားပါ။ ကလေးတွေကို သူတို့ရဲ့ အသက်အရွယ်အလိုက် တာဝန်လေးတွေ ပေးမယ်ဆိုရင် သင့်အတွက် အကူအညီဖြစ်သလို သူတို့ကို ကူညီရာလည်း ရောက်တယ်။ တာဝန်ယူတတ်တဲ့၊ အလုပ်ကြိုးစားတဲ့ ကလေးတွေဖြစ်ဖို့ အလုပ်က သင်ပေးနိုင်ပြီး ဒါတွေက သူတို့ကို လူကြီးဘဝမှာ အများကြီး အကျိုးပြုပါလိမ့်မယ်။

a ခရစ်ယာန်မိဘတွေက ဒီအခြေအနေမျိုးမှာ ကျမ်းစာမူတွေကို အတတ်နိုင်ဆုံး လိုက်သင့်တယ်။ ကလေးရဲ့အကောင်းဆုံးအကျိုးအတွက် ထည့်စဉ်းစားသင့်တယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုလည်း လေးစားသင့်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ