သူတို့မြေ၊ သူတို့ဓလေ့
ကင်မရွန်းသို့ အလည်တစ်ခေါက်
ဘာကာ ဒါမှမဟုတ် ပစ်ဂမီတွေက ကင်မရွန်းမှာ ပထမဆုံး အခြေချနေထိုင်ခဲ့ကြသူတွေ ဖြစ်ပုံရတယ်။ နောက်ပိုင်း၊ ၁၅၀၀ ပြည့်လွန်နှစ်တွေမှာ ပေါ်တူဂီတွေ ရောက်လာကြတယ်။ ရာစုနှစ်များစွာကြာပြီးနောက် ကင်မရွန်းမြောက်ပိုင်းဒေသကို အစ္စလမ်ဘာသာဝင်တွေဖြစ်တဲ့ ဖူလာနီတွေက တိုက်ခိုက်အနိုင်ယူလိုက်တယ်။ လက်ရှိကင်မရွန်းနိုင်ငံမှာနေထိုင်သူ ၄၀ ရာခိုင်နှုန်းက သူတို့ကိုယ်သူတို့ ခရစ်ယာန်လို့ခေါ်ကြပြီး ၂၀ ရာခိုင်နှုန်းက အစ္စလမ်ဘာသာဝင်နဲ့ ကျန်တဲ့ ၄၀ ရာခိုင်နှုန်းကတော့ အာဖရိကရိုးရာဘာသာကို ကိုးကွယ်ကြတယ်။
ယေဟောဝါသက်သေတွေက ကင်မရွန်းမှာပြောတဲ့ ဘာသာစကားတစ်ခုဖြစ်တဲ့ ဘာဆာစကားနဲ့ ကျမ်းစာအခြေပြုစာပေတွေ ထုတ်ဝေ
ကင်မရွန်းနိုင်ငံရဲ့ ကျေးလက်ဒေသမှာနေထိုင်သူတွေက အထူးသဖြင့် ဧည့်ဝတ်ကျေပွန်တယ်။ ဧည့်သည်တွေကို နှုတ်ဆက်ပြီး အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်တယ်။ အိမ်ထဲရောက်တဲ့အခါ အစားအစာနဲ့ ရေ တည်ခင်းဧည့်ခံတယ်။ အိမ်ရှင်ရဲ့ ဧည့်ဝတ်ပြုတာကို ငြင်းပယ်မယ်ဆိုရင် စော်ကားတယ်လို့ ခံစားရပြီး သူတို့ဖိတ်ခေါ်တာကို လက်ခံရင်တော့ ကျေနပ်ကြတယ်။
မိသားစုဝင်တွေကို နှုတ်ဆက်တာ၊ သူတို့အကြောင်း မေးမြန်းတာနဲ့ စကားစမြည်စပြောတယ်။ တိရစ္ဆာန်တွေအကြောင်း မေးတာကလည်း ထုံးစံဖြစ်တယ်။ “ဧည့်သည်ပြန်တဲ့အခါ နှုတ်ဆက်စကားပြောရုံနဲ့ မလုံလောက်ဘူး။ လမ်းလျှောက်စကားပြောရင်း ဧည့်သည်ကို လိုက်ပို့တယ်။ တစ်နေရာရာရောက်မှပဲ ဧည့်သည်ကို နှုတ်ဆက်စကားပြောပြီး အိမ်ပြန်လေ့ရှိတယ်။ အိမ်ရှင်က အဲဒီလိုလိုက်မပို့ဘူးဆိုရင် ဧည့်သည်က မိမိကို အလေးမထားဘူးလို့ ခံစားရတယ်” လို့ ကင်မရွန်းနိုင်ငံသား ဂျိုးဇက်ကပြောပြတယ်။
လုံးထွင်းလှေတွေကို စန်နာဂါမြစ်မှာ တွေ့နေကျဖြစ်တယ်။ လှေရဲ့ရွက်ကို ရရာပိတ်စနဲ့ လုပ်ကြ
အစားအစာစားတဲ့အခါ မိတ်ဆွေတွေနဲ့အတူ တစ်ပန်းကန်ထဲမှာ လက်နဲ့နှိုက်ပြီးစားကြတယ်။ ကင်မရွန်းမှာ အဲဒီထုံးစံက စည်းလုံးမှုအပြည့်ရှိတယ်ဆိုတဲ့ လက္ခဏာပဲ။ တစ်ခါတလေ အကြောင်းတစ်ခုခုကြောင့် အဆင်မပြေဖြစ်သူတွေကိုခေါ်ပြီး အစားအစာအတူတူ ဝိုင်းဖွဲ့စားကြတယ်။ ဒီလိုဝိုင်းဖွဲ့ ပြီး စားလိုက်တာက “ငါတို့ ပြေလည်သွားပြီ” လို့ ပြောရာရောက်တယ်။
ကင်မရွန်းနိုင်ငံမှာ ဒီမဂ္ဂဇင်းကိုထုတ်ဝေတဲ့ ယေဟောဝါသက်သေတွေရဲ့ အသင်းတော် ၃၀၀ လောက်ရှိပြီး ကျမ်းစာသင်အံမှု ၆၅,၀၀၀ လောက် ပြုလုပ်နေ