ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၇ အမှတ် ၅ စာ. ၁၄-၁၅
  • ကာဇက်စတန်သို့ အလည်တစ်ခေါက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကာဇက်စတန်သို့ အလည်တစ်ခေါက်
  • နိုးလော့!—၂၀၁၇
နိုးလော့!—၂၀၁၇
န၁၇ အမှတ် ၅ စာ. ၁၄-၁၅
ကာဇက်စတန်နိုင်ငံ၊ အက်စ်တာနာမြို့

အက်စ်တာနာမြို့တော်

သူတို့မြေ၊ သူတို့ဓလေ့

ကာဇက်စတန်သို့ အလည်တစ်ခေါက်

ကာဇက်စတန်နိုင်ငံရဲ့ မြေပုံ

ရှေးတုန်းက ကာဇက်လူမျိုးတွေဟာ ရေကြည်ရာ မြက်နုရာ လှည့်လည်နေထိုင်ကြတယ်။ အခုချိန်မှာတော့ ကာဇက်လူမျိုးတချို့ဟာ ရာသီအလိုက် စားကျက်ရွှေ့ပြောင်းပြီး တိရစ္ဆာန်တွေ ထိန်းကျောင်းကြတယ်။ နွေရာသီဆိုရင် အေးမြတဲ့ ကုန်းပြင်မြင့်မှာ ထိန်းကျောင်းတယ်၊ ဆောင်းရာသီ နီးလာရင် အအေးပေါ့တဲ့ မြေနိမ့်လွင်ပြင်ဆီ ခေါ်သွားတယ်။

ကာဇက်တချို့ကတော့ မြို့ကြီးတွေမှာ နေထိုင်ကြတယ်။ သူတို့ရဲ့ ရိုးရာဓလေ့၊ အစားအသောက်၊ လက်မှုပညာတွေကတစ်ဆင့် ရှေးတုန်းက လှည့်လည်နေထိုင်သူတွေရဲ့ ဘဝကို ခံစားကြည့်လို့ရတယ်။ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ ကဗျာလင်္ကာနဲ့ သီချင်း၊ ရိုးရာတူရိယာနဲ့ တီးခတ်တဲ့ တေးဂီတကို နှစ်သက်ကြတယ်။

ရေကြည်ရာ မြက်နုရာ လှည့်လည်နေထိုင်တဲ့ ကာဇက်တွေရဲ့ ရွှေ့ပြောင်းရလွယ်တဲ့ ရိုးရာအိမ်ကို ကြည့်ရင် လူတွေဟာ သဘာဝဝန်းကျင်နဲ့ လိုက်လျောညီထွေ နေထိုင်နိုင်တယ်ဆိုတာ သိရတယ်။ သိုးထိန်းတွေဟာ ရိုးရာအိမ်နဲ့ နေကြတုန်းပဲ။ မြို့ပြမှာနေသူတွေကတော့ အထူးအခမ်းအနားကျမှ သုံးလေ့ရှိတယ်။ ကမ္ဘာလှည့်ခရီးသည်တွေ တည်းခိုလို့ရတဲ့ ရိုးရာအိမ်တွေလည်း ရှိတယ်။ ရိုးရာအိမ်အတွင်းပိုင်း အလှဆင်ထားပုံကို ကြည့်ရင် ကာဇက်အမျိုးသမီးတွေရဲ့ လက်ရာမြောက်တဲ့ ပန်းထိုးဇာထိုးပညာ၊ ရက်ကန်းပညာ၊ ကော်ဇောရက်လုပ်တဲ့ပညာကို တွေ့နိုင်တယ်။

ရိုးရာအိမ်ထဲမှာရှိတဲ့ မိသားစု

ရိုးရာအိမ်အတွင်းပိုင်း

ကျေးလက်နေ ကာဇက်လူမျိုးတွေဟာ မြင်းတွေကို တန်ဖိုးထားကြတယ်။ မြင်းနဲ့ပတ်သက်တဲ့ ကာဇက်အခေါ်အဝေါ် အနည်းဆုံး ၂၁ မျိုးရှိပြီး အဓိပ္ပာယ် မသိမသာကွဲပြားတယ်။ မြင်းရဲ့ အရောင်အဆင်းကို ဖော်ပြတဲ့ စကားလုံး ၃၀ ကျော်ရှိတယ်။ မြင်းကောင်းမြင်းသန့်ဆိုရင် စျေးကြီးပြီး အဖိုးတန်လက်ဆောင်အဖြစ် ပေးကြတယ်။ ကျေးလက်ဒေသက ကောင်လေးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ မြင်းစီးသင်ကြတယ်။

ကာဇက်ရိုးရာအစားအစာမှာ အသားပါလေ့ရှိတယ်၊ အပူအစပ်တွေ မပါဘူး။ ကုလားအုတ်နို့နဲ့လုပ်တဲ့ ဒိန်ချဉ်၊ ကျန်းမာရေးနဲ့ညီတယ်ဆိုတဲ့ မြင်းနို့ကို မက်မက်မောမော သောက်ကြတယ်။

အယ်လ်မတီမြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးကို လာရောက် လည်ပတ်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်။

နှင်းကျားသစ်

ရှားပါးတဲ့ နှင်းကျားသစ်ဟာ နွေရာသီမှာ မြင့်မားတဲ့ ကာဇက်စတန်တောင်တန်းပေါ် ကျက်စား

သင် သိပါသလား

ကာဇက်စတန်မှာ ကျူးလစ်ပန်း အနည်းဆုံး ၃၆ မျိုးရှိတယ်။ ကာဇက်ရိုးရာ အနုပညာလက်ရာတွေမှာ ကျူးလစ်ပန်းပုံ ဒီဇိုင်း အသုံးများတယ်။

ကာဇက်စတန်မှာရှိတဲ့ ဗာကတ်ရှ်ရေကန်ဟာ အရှေ့ပိုင်းမှာ ရေငန်၊ အနောက်ပိုင်းမှာ ရေချိုဖြစ်တယ်။

လင်းယုန်တွေ၊ ငှက်ရဲတွေကို လေ့ကျင့်ပေးတာ ခေတ်စားတယ်။ ကာဇက်တွေဟာ သူတို့ရဲ့ အသည်းစွဲ ရွှေစွန်ညိုတွေကို လေ့ကျင့်ပေးရာမှာ တစ်ဖက်ကမ်းခပ် တော်တယ်။

လူတစ်ဦးရဲ့လက်ပေါ်က မျက်ကာတပ်ထားတဲ့ လင်းယုန်

လင်းယုန်ငှက်ရဲ့ မျက်ကာဟာ လူကို မကြောက်အောင် ကူညီပေး

  • ရုံးသုံးဘာသာစကား– ကာဇက်၊ ရုရှား

  • လူဦးရေ– ၁၇,၅၆၃,၀၀၀

  • မြို့တော်– အက်စ်တာနာ

  • ရာသီဥတု– နွေမှာ ပူပြင်းခြောက်သွေ့တယ်၊ ဆောင်းမှာ အေးပြီး နှင်းကျတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ