ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၄၂
  • မြည်းတစ်ကောင် စကားပြောတဲ့အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မြည်းတစ်ကောင် စကားပြောတဲ့အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဗာလမ်ရဲ့မြည်း စကားပြော
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ယေရှု ဘုရင်အနေနဲ့ကြွလာတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • တောလည်ရာ မာတိကာ
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • တောလည်ရာကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၄၂
ကောင်းကင်တမန်တစ်ပါး လမ်းပိတ်ထားတဲ့အတွက် မြည်းက ဗာလမ်ကို စကားပြောနေ

ပုံပြင် ၄၂

မြည်းတစ်ကောင် စကားပြောတဲ့အကြောင်း

မြည်းစကားပြောတဲ့အကြောင်း ကြားဖူးရဲ့လား။ ‘မကြားဖူးဘူး။ တိရစ္ဆာန်တွေစကားမပြောတတ်ဘူး’ ဆိုပြီးမင်းတို့ကပြောမယ်။ ဒါပေမဲ့ကျမ်းစာက မြည်းတစ်ကောင်စကားပြောတဲ့အကြောင်းရေးသားထားတယ်။ ဘယ်လိုလုပ်ပြီး စကားပြောတာလဲကြည့်ရအောင်။

ဣသရေလလူတွေ ခါနာန်ပြည်ကိုဝင်ခါနီးအချိန်ပေါ့။ မောဘဘုရင်ဗာလက်က ဣသရေလလူတွေကိုကြောက်တာနဲ့ ဣသရေလလူတွေကိုကျိန်စာတိုက်ဖို့ ဗာလမ်လို့ခေါ်တဲ့ဉာဏ်ရှင်တစ်ဦးကို အကူအညီတောင်းဖို့ လူလွှတ်လိုက်တယ်။ ဗာလက်ကဗာလမ်ကို ငွေအများကြီးပေးမယ်လို့ ကတိပြုတယ်လေ။ ဒါကြောင့်ဗာလမ်က သူ့မြည်းပေါ်တက်စီးပြီး ဗာလက်ဆီကိုလာတော့တာပေါ့။

ယေဟောဝါကသူ့လူမျိုးကို ဗာလမ်ကျိန်စာတိုက်မှာကိုမလိုလားဘူး။ ဒါကြောင့် ဓားရှည်တစ်ချောင်းနဲ့ကောင်းကင်တမန်တစ်ပါးကိုလွှတ်ပြီး ဗာလမ်သွားတဲ့လမ်းမှာရပ်ပြီး လမ်းပိတ်ခိုင်းတယ်။ ဗာလမ်ကကောင်းကင်တမန်ကိုမမြင်ပေမဲ့ မြည်းကမြင်တယ်။ ဒါကြောင့်မြည်းကကောင်းကင်တမန်နဲ့ တစ်ချိန်လုံး ရှောင်ကာလွှဲကာလုပ်နေတာပေါ့။ နောက်ဆုံးတော့လမ်းပေါ်မှာ လှဲချလိုက်တော့တယ်။ ဗာလမ်အကြီးအကျယ် ဒေါပွတာပေါ့။ မြည်းကိုလည်း တုတ်နဲ့ရိုက်တော့တာပဲ။

အဲဒီအခါ ယေဟောဝါကမြည်းစကားပြောတာကို ဗာလမ်ကြားရအောင်ဖန်တီးလိုက်တယ်။ ‘ကျွန်တော်ကိုရိုက်ရအောင် ကျွန်တော်ခင်ဗျားကိုဘာလုပ်လို့လဲ’ ဆိုပြီးတော့ မြည်းကမေးတာပေါ့။

‘မင်းငါ့ကိုအရူးလုပ်တယ်’ ဆိုပြီး ဗာလမ်ကပြန်ပြောတယ်။ ‘ငါ့မှာဓားတစ်ချောင်းသာရှိရင် နင်အသေပဲ’ ဆိုပြီးတော့လည်းပြောတယ်။

‘ကျွန်တော် ခင်ဗျားကိုအရင်ဒီလိုလုပ်ဖူးသလား’ ဆိုပြီးမြည်းကမေးတယ်။

‘မလုပ်ဖူးဘူး’ ဆိုပြီးဗာလမ်ကပြန်ဖြေတယ်။

အဲဒီအခါ ယေဟောဝါကဓားကိုင်ပြီးလမ်းပေါ်ရပ်နေတဲ့ ကောင်းကင်တမန်ကို ဗာလမ်မြင်အောင်လုပ်ပေးလိုက်တယ်။ ကောင်းကင်တမန်က ‘မင်းရဲ့မြည်းကိုဘာဖြစ်လို့ရိုက်တာလဲ။ မင်းသွားမယ့်လမ်းကို ပိတ်ဖို့ငါလာတာ။ ဣသရေလကိုကျိန်စာတိုက်ဖို့ မသွားသင့်ပါရက်နဲ့ မင်းသွားနေတဲ့အတွက်ကြောင့်ပဲ။ မင်းရဲ့မြည်းကိုတော့ ငါထိခိုက်မှာမဟုတ်ဘူး’ ဆိုပြီးပြောတယ်လေ။

ဗာလမ်က ‘ကျွန်တော်မှားပါပြီ။ ကိုယ်တော်လမ်းပေါ်မှာရပ်နေတာကို ကျွန်တော်မတွေ့လို့ပါ’ ဆိုပြီးပြောတယ်။ ကောင်းကင်တမန်က ဗာလမ်ကိုလွှတ်လိုက်တယ်။ ဗာလမ်ကလည်း ဗာလက်ကိုတွေ့ဖို့ဆက်သွားတယ်။ ဣသရေလလူတွေကို ကျိန်စာတိုက်ဖို့ကြိုးစားတုန်းပဲ။ ဒါပေမဲ့ ကျိန်မယ့်အစားကောင်းချီးပေးအောင် ယေဟောဝါက သူ့ကိုသုံးလိုက်တယ်။

တောလည်ရာ ၂၁:၂၁-၃၅; ၂၂:၁-၄၀; ၂၃:၁-၃၀; ၂၄:၁-၂၅။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ