သေခြင်းကားအဘယ်နည်း
၁၅ လူသေသောအခါ မြေမှုန့်ပြန်ဖြစ်သည်။ သူဘာဆိုဘာမျှ မသိတော့။ —ဆာလံ ၁၄၆:၄
လူသေတို့သည် သင်နှင့် စကားမပြောနိုင်၊ ဘာကိုမျှလည်း မပြုလုပ်နိုင်။—ဒေသနာ ၉:၅၊ ၁၀
၁၆ သို့သော် ကောင်းကင်တမန်များစွာတို့ ဆိုးလာကြသည်။ ယခုတော့ သူတို့က လူသေအယောင်ဆောင်ကြသည်။ တကယ့်တကယ်တွင် ကျွန်ုပ်တို့ မသေကြကြောင်း အယုံသွင်းလိုကြသည်။ —ကမ္ဘာဦး ၆:၁၊ ၂; ယုဒ ၆
၁၇ ထို့ကြောင့် နတ်ဆိုးဟုခေါ်သော ထိုကောင်းကင်တမန်ဆိုးများကို ကျွန်ုပ်တို့အား ယေဟောဝါ မယုံကြည်စေလို။—ထွက်မြောက်ရာ ၂၂:၁၈; တရားဟောရာ ၁၈:၁၀၊ ၁၁; ၃၂:၁၇
ဝူးဒူး၊ ဂျူဂျူ စသည့် စုန်းကဝေ၊ မှော်၊ နတ်ကတော် စသည်တို့ကို ကိုယ်တော် မလိုက်စားစေလို။—ဂလာတိ ၅:၁၉-၂၁