သီချင်း ၁
“အို ငါ့စိုးလ်၊ ယေဟောဝါအားကောင်းချီးပေး”
(ဆာလံ ၁၀၃)
၁။ ငါ့စိုးလ်ကောင်းချီးပြု ယေဟောဝါ၊
ငါ့နှုတ်ခမ်းချီးမြှောက်မြတ်နာမသာ
မိုက်မှားပြစ်များ ဖြေလွှတ်သူကား၊
ဖယ်ရှား ဝမ်းနည်းဖွယ်နှင့် ရှက်ဖွယ်များ
မျက်ထွက်နှေးလှ ကရုဏာတော်ကျေးဇူး၊
ပြုသမျှ ကိုယ်တော်ရှင် ဖော်ကျူး
ကြောက်သူမှန်သမျှ ယေဟောဝါ၊
မေတ္တာကရုဏာ တွေ့မြင်ရမှာ
၂။ အဘပမာ ကြင်နာဘုရား၊
သူကောင်းစွာသိထား မြေမှုန့်လူသား
လယ်ပြင်မှ ပန်းပွင့်များပမာ၊
ထိုနည်းတူစွာ မကြာညှိုးမည်သာ
သို့ယေဟောဝါ ကြီးမြတ်လှမေတ္တာ၊
နှုတ်ကပါဌ် နာခံသူတွက်သာ
သူမိန့်ကြားရာ အောက်မေ့သူသာ၊
ဖြောင့်မတ်ခြင်းအလို၌တည်မှာ
၃။ ရှင်ယေဟောဝါ ထက်ရပ်ကောင်းကင်၊
ဆောက်တည်ထား ဘုန်းထွန်းရာဇပလ္လင်
ခပ်သိမ်းပေါ် ကိုယ်တော်ရှင်အုပ်စိုး၊
ပြုလေသမျှ ဖော်ပြဘုန်းတန်ခိုး
ရှင်ယေဟောဝါ ကောင်းကင်တမန်
စိတ်အကြွင်းမဲ့ နာမတော်ကြွေးကြော်
ရှင်ယေဟောဝါ ကောင်းချီး မင်္ဂလာ
အို ငါ့ဝိညာဉ် ပြုထောမနာ