သီချင်း ၃
လောကကိုအောင်ပွဲခံ
၁။ ရှေ့သို့ချီတက် အောင်ပွဲခံလျက်၊
ယေဟောဝါတန်ခိုးတော်ထက်
အောင်ပွဲမြောက်မြား သူပေးသနား၊
ဖြောင့်မှန်တရား တိုက်ပွဲများ
လူများတကာမုန်းထားခံရ၊
နှုတ်ကပါဌ်တော် ဟောပြောကြ
အောင်ပွဲခံမည်ပြည့်ဝယုံကြည်၊
ဟန့်တားမနားရှေ့ဆက်ချီ
၂။ ဤလောကထဲ ဒုက္ခဆင်းရဲ၊
ဤအချက် စိတ်ထဲစွဲမြဲ
ယေရှုမိန့်ကြား “သတ္တိ” ရှိပါ၊
သင့်အား ငါစောင့်ရှောက်မည်သာ
တို့အမြန် အောင်ပွဲခံနိုင်မှာ၊
ငါတို့တိုက်ပွဲမဟုတ်ပါ
ရှင်ယေဟောဝါ ကိုယ်တိုင်တိုက်အား၊
ကိုယ်တော်.မီး၊ ရန်သူကိုဝါး
၃။ မြေတစ်လွှားအောင်ပွဲရ မြောက်မြား၊
ခရစ်တော်အား ယုံကြည်ကိုးစား
သူ၏နိုင်ငံတော် တည်ထောင်ပြီ၊
သူ ဓားကိုစွဲဝင့်ကိုင်သည်
သူလောကကြီးကို အပြီးအောင်၊
တို့လည်း သူ့နည်းတူ စွမ်းဆောင်
ယုံကြည်ကိုးစား ရှင်ယေဟောဝါ၊
ဘုန်းတော်သာ အောင်ပွဲဆင်မှာ