သီချင်း ၅
ဖန်ဆင်းသမျှ၊ ယေဟောဝါအားချီးမွမ်းကြ!
(ဆာလံ ၁၄၈)
၁။ ချီးမွမ်းလက်ရာ၊ မြတ်ယေဟောဝါ၊
ပြိုင်ဘက်ကင်းမြတ်နာမသာ
ကောင်းကင်သားမှ၊ အများနေ့ည၊
ချီးမြှောက်ကာ အားပေးနေကြ
၂။ နေလကြယ်စဉ်၊ ထက်မိုးကောင်းကင်၊
ဘုရား ပေါ်ထင်ဘုန်းစွမ်းအင်
နိယာမအား၊ မြဲနာခံထား၊
ဘယ်အခါမျှပျောက်မသွား
၃။ ချီးမွမ်းမြေထက်၊ တေးသံလွှင့်တက်၊
“ခြားသိုး” နှလုံးရွေးချယ်လျက်
မြတ်ဖန်ဆင်းရှင်၊ မှုတော်ဆောင်လျှင်၊
ရင်ပြင်တော်တွင် တို့ပျော်ရွှင်
၄။ လူအုပ်မဟာ၊ လူမျိုးတကာ၊
ယေဟောဝါ ဗိမာန်သို့လာ
ထိုက်တန်လှပါ၊ ကိုးကွယ်ဖွယ်ရာ၊
ကိုယ်တော်သာ ဘုရားမဟာ