သီချင်း ၁၀၇
ရဲရင့်ခြင်းနှင့်ယေဟောဝါအားချီးမွမ်းပါ!
၁။ ရဲရင့်စွာ ယေဟောဝါအား ချီးမွမ်းစို့၊
ကိုယ်တော်အားနှင့် ရန်သူရင်ဆိုင်ဖို့
ဘယ်တော့မျှ ရန်သူကြောင့် အားမလျော့ဖို့၊
မကြောက်ရွံ့ ရှေ့သို့သာချီတက်စို့
(ထပ်ဆိုရန်)
၂။ ရဲရင့်စွာယေဟောဝါအားချီးမွမ်းစို့၊
သတိပေးချက်အားလုံးကြားနိုင်ဖို့
မိုက်မဲမှုဘုရင်မြတ် ပယ်ရှားတော့မည်၊
မိစ္ဆာဘာသာကွယ်ပျောက်ချိန်နီးပြီ
(ထပ်ဆိုရန်)
၃။ ရဲရင့်စွာ ယေဟောဝါအား ချီးမွမ်းစို့၊
စိတ်နှိမ့်ချသောသူကို သင်ကြားတို့
မှုဆောင်ခွင့်ထူးမြတ်ကြောင်းကိုဖော်ပြခါ၊
မြေပေါ်လိုတော်ဆောင်ဖို့ကူညီပါ
(ထပ်ဆိုရန်)
ကယ်တင်ခြင်း သတင်းကောင်း ချီးကျူးပြောဆို၊
ဟောပြောကြ ဘုရားထံဆက်ကပ်ဖို့လို
ရဲရင့်စွာ ယေဟောဝါအား တေးကျူးရင့်၊
မြင့်မြတ်သန့်ရှင်းနာမတော်ချီးပင့်