ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jl အခန်း ၁၃
  • ရှေ့ဆောင်ဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရှေ့ဆောင်ဆိုတာ ဘာလဲ
  • ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှေ့ဆောင်ဓမ္မအမှု၏ကောင်းချီးများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ရှေ့ဆောင်လုပ်ငန်းက ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးကို ပိုခိုင်ခံ့စေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ရှေ့ဆောင်များ အပ်နှင်းခံရပြီး ကောင်းချီးများရရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ရှေ့ဆောင်လုပ်ငန်း—သင့်အတွက်လော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
jl အခန်း ၁၃

အခန်း ၁၃

ရှေ့ဆောင်ဆိုတာ ဘာလဲ

အမှုဆောင်နေတဲ့ အထူးအချိန်ပြည့် သတင်းကောင်း ဟောပြောသူ

ကနေဒါ

ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်နေတဲ့ အချိန်ပြည့် သတင်းကောင်း ဟောပြောသူများ

တစ်အိမ်မှတစ်အိမ် ဟောပြောခြင်း

ရှေ့ဆောင်တွေ ကျမ်းစာသင်အံမှု ကျင်းပနေစဉ်

ကျမ်းစာသင်အံမှု

ရှေ့ဆောင်တစ်ယောက် ကျမ်းစာ လေ့လာနေစဉ်

ကိုယ်ပိုင်လေ့လာမှု

“ရှေ့ဆောင်” ဆိုတဲ့အသုံးအနှုန်းက နယ်မြေသစ်ကို စူးစမ်းရှာဖွေတဲ့သူတွေ၊ တခြားသူတွေ သွားနိုင်ဖို့ ရှေ့ကနေ လမ်းပြင်ဆင်ပေးတဲ့သူတွေကို ရည်ညွှန်းလေ့ရှိတယ်။ အသက်ရစေတဲ့ အမှုဆောင်လုပ်ငန်းကို လုပ်ဆောင်ဖို့၊ ကယ်တင်ခြင်းလမ်းကို ဖွင့်ပေးဖို့ မြေကြီးပေါ် စေလွှတ်ခံရတဲ့အတွက် ယေရှုလည်း ရှေ့ဆောင်တစ်ယောက်လို ဖြစ်ခဲ့တယ်။ (မဿဲ ၂၀:၂၈) ယနေ့ ယေရှုရဲ့ နောက်လိုက်တွေဟာ ‘တပည့်ဖြစ်စေခြင်းလုပ်ငန်း’ မှာ တတ်နိုင်သလောက် အချိန်များများ ပါဝင်ခြင်းအားဖြင့် ယေရှုကို တုပကြတယ်။ (မဿဲ ၂၈:၁၉၊ ၂၀) တချို့သူတွေဟာ ရှေ့ဆောင်လို့ ကျွန်တော်တို့ခေါ်တဲ့ လုပ်ငန်းမှာ ပါဝင်နိုင်ကြတယ်။

ရှေ့ဆောင်ဆိုတာ အချိန်ပြည့် သတင်းကောင်း ဟောပြောသူ ဖြစ်တယ်။ ယေဟောဝါသက်သေ အားလုံးဟာ သတင်းကောင်း ကြေညာသူတွေ ဖြစ်ကြတယ်။ ဒါပေမဲ့ တချို့သူတွေက ဟောပြောခြင်းလုပ်ငန်းမှာ တစ်လကို နာရီ ၇၀ ပါဝင်ရတဲ့ မှန်မှန်ရှေ့ဆောင် အဖြစ် အမှုဆောင်ဖို့ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို စီစဉ်ခဲ့ကြတယ်။ ဒီလုပ်ငန်းမှာ ပါဝင်ဖို့ များစွာသောသူတွေက အချိန်ပိုင်းအလုပ်တွေ ပြောင်းလုပ်ခဲ့ကြတယ်။ တစ်လ နာရီ ၁၃၀ ဒါမှမဟုတ် ဒီထက်မက ပါဝင်ရတဲ့ အထူးရှေ့ဆောင်အဖြစ် နိုင်ငံတော် ကြေညာသူတွေ အလွန် လိုအပ်နေတဲ့နေရာတွေမှာ အမှုဆောင်ဖို့ တချို့သူတွေကို ရွေးချယ်ခန့်အပ်ပါတယ်။ ရှေ့ဆောင်တွေဟာ တော်ရုံသင့်ရုံ အခြေအနေနဲ့ ကျေနပ်ရောင့်ရဲကြပြီး အသက်ရှင်ဖို့ လိုအပ်ရာတွေကို ယေဟောဝါ ထောက်ပံ့ပေးမယ်ဆိုတာကို ယုံကြည်စိတ်ချကြတယ်။ (မဿဲ ၆:၃၁-၃၃။ ၁ တိမောသေ ၆:၆-၈) ရှေ့ဆောင်လုပ်ငန်းမှာ အချိန်ပြည့် မပါဝင်နိုင်တဲ့သူတွေဟာ တစ်လကို နာရီ ၃၀ ဒါမှမဟုတ် ၅၀ အထိ ပါဝင်ရတဲ့ အရန်ရှေ့ဆောင် အဖြစ် အမှုဆောင်ကြတယ်။

ရှေ့ဆောင်တွေဟာ ဘုရားသခင်နဲ့ လူတွေကို ချစ်တဲ့မေတ္တာရဲ့ လှုံ့ဆော်မှုကို ခံရတယ်။ လူများစွာဟာ ဘုရားသခင်နဲ့ ဘုရားရည်ရွယ်ချက်အကြောင်း သိဖို့ အလွန် လိုအပ်နေတယ်ဆိုတာ ယေရှုလိုပဲ ကျွန်တော်တို့လည်း တွေ့ မြင်ကြတယ်။ (မာကု ၆:၃၄) လောလောဆယ် သူတို့ကို အကျိုးပြုနိုင်တဲ့အပြင် အနာဂတ် မျှော်လင့်ချက်ပါ ပေးနိုင်တဲ့ အသိပညာ ကျွန်တော်တို့မှာ ရှိထားတယ်။ လူသားချင်းကို ချစ်တဲ့မေတ္တာက တခြားသူတွေ သတင်းကောင်း သိရှိလာအောင် ကူညီပေးရာမှာ မိမိတို့ရဲ့အချိန်၊ ခွန်အားကို တလိုတလား အသုံးပြုဖို့ ရှေ့ဆောင်ဖြစ်သူကို လှုံ့ဆော်တယ်။ (မဿဲ ၂၂:၃၉။ ၁ သက်သာလောနိတ် ၂:၈) အကျိုးကတော့ ရှေ့ဆောင်ဖြစ်သူရဲ့ ယုံကြည်ခြင်း ခိုင်မြဲလာပြီး ဘုရားသခင်နဲ့ ပိုရင်းနှီးလာတဲ့အပြင် ပျော်ရွှင်မှုပါ ခံစားရတယ်။—တမန်တော် ၂၀:၃၅။

  • ရှေ့ဆောင်ဆိုတာ ဘယ်သူတွေကို ပြောတာလဲ။

  • တချို့သူတွေကို အချိန်ပြည့်ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်ဖို့ ဘာက လှုံ့ဆော်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ