ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • fg အခန်း ၄ မေးခွန်းများ ၁-၅
  • ယေရှုခရစ်က ဘယ်သူလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုခရစ်က ဘယ်သူလဲ
  • လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုခရစ်က ဘယ်သူလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ယေရှုခရစ်​—ဘုရားသခင် စေလွှတ်ခြင်းခံရသူလော
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ယေရှုခရစ်ကား မည်သူနည်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • ရွေးဖိုး —ဘုရားပေးတဲ့ အဖိုးထိုက်ဆုံးလက်ဆောင်
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
လူမျိုးအားလုံးအတွက် သတင်းကောင်း
fg အခန်း ၄ မေးခွန်းများ ၁-၅

အခန်း ၄

ယေရှုခရစ်က ဘယ်သူလဲ

၁။ ယေရှု မြေကြီးပေါ်မလာခင် ဘယ်မှာ ရှိခဲ့သလဲ။

၁။ ကောင်းကင်မှာရှိနေတဲ့ ယေရှု; ၂။ မာရိ၊ ယောသပ်နဲ့အတူရှိနေတဲ့ ကလေးငယ်ယေရှု; ၃။ ယေရှုကလေးငယ်တွေကို သင်ကြားပေးနေ။

ဘယ်အရည်အသွေးတွေက ယေရှုကို ချဉ်းကပ်ရလွယ်ကူသူ ဖြစ်စေတာလဲ။—မဿဲ ၁၁:၂၉။ မာကု ၁၀:၁၃-၁၆။

ယေရှုဟာ မြေကြီးပေါ် မမွေးဖွားခင် ကောင်းကင်မှာ နာမ်ဝိညာဉ်ပုဂ္ဂိုလ်အဖြစ် အသက် ရှင်ခဲ့ပါတယ်။ ဒီအချက်ကြောင့် ယေရှုဟာ တခြားလူသားတွေထက် ထူးခြားတယ်။ (ယောဟန် ၈:၂၃) ဘုရားသခင်က ယေရှုကို ဦးဆုံးဖန်ဆင်းခဲ့တယ်။ တခြားအရာတွေကို ဘုရားသခင် ဖန်ဆင်းတဲ့အခါ ယေရှု ကူညီပေးခဲ့ပါတယ်။ ယေရှုဟာ ဘုရားသခင် တိုက်ရိုက် ဖန်ဆင်းတဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ဘုရားသခင့် “တစ်ဦးတည်းသောသား” လို့ ခေါ်ဆိုတာ သင့်လျော်ပါတယ်။ (ယောဟန် ၁:၁၄) ယေရှုဟာ ဘုရားသခင့် ပြောရေးဆိုခွင့်ရှိသူအဖြစ် အမှုဆောင်ခဲ့တဲ့အတွက် “နှုတ်ကပတ်တော်” လို့လည်း ခေါ်ဆိုပါတယ်။​—ပညာအလိမ္မာ ၈:၂၂၊ ၂၃၊ ၃၀။ ကောလောသဲ ၁:၁၅၊ ၁၆ တို့ကိုဖတ်ပါ။

၂။ မြေကြီးပေါ်ကို ယေရှု ဘာကြောင့် လာရသလဲ။

ဘုရားသခင်က ယေရှုရဲ့အသက်ကို ဂျူးအပျိုစင် မာရိရဲ့သားအိမ်ထဲ ပြောင်းရွှေ့ ပေးလိုက်ပြီး မြေကြီးပေါ် စေလွှတ်ခဲ့ပါတယ်။ ဒါကြောင့် ယေရှုမှာ လူသားဖခင် မရှိပါဘူး။ (လုကာ ၁:၃၀-၃၅) ယေရှု မြေကြီးပေါ်လာရတဲ့ အကြောင်းရင်း ၃ ခု ရှိပါတယ်။ (၁) ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို သွန်သင်ပေးဖို့၊ (၂) အခက်အခဲတွေ ကြုံရရင်တောင် ဘုရားသခင့်အလိုတော် ထမ်းဆောင်နိုင်ပုံကို စံနမူနာအနေနဲ့ လုပ်ဆောင်ပြဖို့ (၃) စုံလင်တဲ့အသက်ကို “ရွေးဖိုး” အနေနဲ့ ပေးဆက်ဖို့ ဖြစ်ပါတယ်။​—မဿဲ ၂၀:၂၈ ကိုဖတ်ပါ။

၃။ ရွေးဖိုး ဘာကြောင့် လိုအပ်ရသလဲ။

ရွေးဖိုးဆိုတာ လူတစ်ဦးကို သေခြင်းရဲ့ချုပ်နှောင်မှုအောက်ကနေ လွတ်မြောက်စေဖို့ ပေးရတဲ့ အဖိုးအခ ဖြစ်ပါတယ်။ (ထွက်မြောက်ရာ ၂၁:၂၉၊ ၃၀) ဘုရားသခင် လူတွေကို ဖန်ဆင်းရတဲ့ ရည်ရွယ်ချက်ထဲမှာ အိုမင်းရင့်ရော်ပြီး သေဆုံးသွားဖို့ မပါဘူး။ ဒါကို ဘယ်လို သိရသလဲ။ “အပြစ်” လို့ခေါ်တဲ့အရာကို ပထမလူသား အာဒံ ကျူးလွန်မယ် ဆိုရင် သေရမယ်ဆိုပြီး ဘုရားသခင် ပြောခဲ့တယ်။ အာဒံသာ အပြစ်မကျူးလွန်ရင် ဘယ်တော့မှ သေရမှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ (ကမ္ဘာဦး ၂:၁၆၊ ၁၇။ ၅:၅) ကျမ်းစာအရ အာဒံကနေတစ်ဆင့် လူသားအားလုံးဆီ သေခြင်း “ပေါ်ပေါက်လာ” ခဲ့တယ်။ အာဒံဟာ သားမြေးအားလုံးကို အပြစ်နဲ့ အပြစ်ရဲ့အခ သေခြင်းကို အမွေအဖြစ် ပေးခဲ့တယ်။ အာဒံဆီကနေ အမွေရထားတဲ့ သေခြင်းရဲ့ချုပ်နှောင်မှုအောက်ကနေ ကျွန်တော်တို့ လွတ်မြောက်ဖို့ တန်ဖိုးတူအဖိုးအခ ဒါမှမဟုတ် ရွေးဖိုး လိုအပ်နေပါတယ်။​—ရောမ ၅:၁၂၊ ၆:၂၃ ကိုဖတ်ပါ။

ဒါဆိုရင် ဘယ်သူက ရွေးဖိုး ပေးနိုင်ပါသလဲ။ ကျွန်တော်တို့ သေဆုံးရတာက ကိုယ်တိုင်ရဲ့အပြစ်အတွက် အဖိုးအခအဖြစ် ပေးလိုက်ရတာဖြစ်တယ်။ ဒါကြောင့် ဘယ်သူကမှ တခြားသူတွေရဲ့အပြစ်အတွက် အဖိုးအခအဖြစ် မပေးဆက်နိုင်ပါဘူး။​—ဆာလံ ၄၉:၇-၉ ကိုဖတ်ပါ။

၄။ ယေရှု ဘာဖြစ်လို့ အသေခံရသလဲ။

ကျွန်တော်တို့နဲ့မတူတာက ယေရှုဟာ စုံလင်သူ ဖြစ်ပါတယ်။ အပြစ်တစ်ခါမှ မကျူးလွန်ခဲ့တဲ့ ယေရှုဟာ မိမိအပြစ်အတွက် သေစရာမလိုပါဘူး။ တခြားသူတွေရဲ့အပြစ်အတွက် ယေရှု အသေခံခဲ့တာပါ။ ဒီကိစ္စမှာ၊ ကျွန်တော်တို့အတွက် အသေခံပေးဖို့ သားတော်ကို စေလွှတ်ခဲ့တဲ့ ဘုရားသခင်ရဲ့မေတ္တာ ဘယ်လောက်ကြီးမားတယ်ဆိုတာ ထင်ရှားပေါ်လွင်နေတယ်။ ယေရှုလည်း အဖဘုရားရဲ့စကားကို နားထောင်ပြီး ကျွန်တော်တို့အပြစ်အတွက် မိမိအသက်ကို ပေးဆက်ခြင်းဖြင့် ကျွန်တော်တို့ကို ချစ်ကြောင်း ဖော်ပြခဲ့ပါတယ်။​—ယောဟန် ၃:၁၆။ ရောမ ၅:၁၈၊ ၁၉ တို့ကိုဖတ်ပါ။

ယေရှု ဘာဖြစ်လို့ အသေခံရသလဲ ဗီဒီယိုကိုကြည့်ပါ။

၅။ အခု ယေရှု ဘာလုပ်နေသလဲ။

ယေရှုသစ်တိုင်ပေါ်အသေခံခဲ့၊ အသက်ပြန်ရှင်လာပြီးနောက် ဘုရင်အဖြစ်ကောင်းကင်မှာ အုပ်ချုပ်နေ

ယေရှု မြေကြီးပေါ် ရှိတုန်းက နေမကောင်းတဲ့သူတွေကို ကုသပေးခဲ့တယ်၊ သေတဲ့သူကို ပြန်ရှင်အောင်လုပ်ပေးခဲ့တယ်၊ ပြီးတော့ ဆင်းရဲခက်ခဲနေသူတွေကို သက်သာမှုရအောင် လုပ်ပေးခဲ့တယ်။ အဲဒါက အနာဂတ်မှာ နာခံမှုရှိတဲ့သူတွေအတွက် လုပ်ပေးမယ့်အရာတွေကို လုပ်ပြခဲ့တာပါ။ (မဿဲ ၁၅:၃၀၊ ၃၁။ ယောဟန် ၅:၂၈) ယေရှုသေပြီးနောက် ယေဟောဝါဘုရားက သူ့ကို နာမ်ဝိညာဉ်ပုဂ္ဂိုလ်အနေနဲ့ ရှင်ပြန်ထမြောက်ပေးခဲ့ပါတယ်။ (၁ ပေတရု ၃:၁၈) အဲဒီနောက် ယေရှုဟာ ဘုရားသခင့်လက်ယာဘက်မှာ ထိုင်ပြီး ဒီကမ္ဘာကို ဘုရင်အနေနဲ့ အုပ်ချုပ်ခွင့်ရမယ့် အချိန်အထိ စောင့်နေခဲ့ပါတယ်။ (ဟီဘရူး ၁၀:၁၂၊ ၁၃) အခုအချိန်မှာ ယေရှုဟာ ဘုရင်အနေနဲ့ ကောင်းကင်ပေါ်မှာ အုပ်ချုပ်နေပြီဖြစ်လို့ နောက်လိုက်တွေက ဒီသတင်းကောင်းကို ကမ္ဘာတစ်ဝန်းမှာ ကြေညာနေကြပါတယ်။​—ဒံယေလ ၇:၁၃၊ ၁၄။ မဿဲ ၂၄:၁၄ တို့ကိုဖတ်ပါ။

မကြာခင် ယေရှုဟာ မိမိရဲ့အခွင့်အာဏာကိုသုံးပြီး ဒီမြေကြီးပေါ်က ဆင်းရဲဒုက္ခတွေနဲ့ ဆင်းရဲဒုက္ခ ဖြစ်ပေါ်စေသူအားလုံးကို ဖယ်ရှားပစ်ပါတော့မယ်။ ယေရှုကို ယုံကြည်ကြောင်း နာခံမှုလုပ်ရပ်နဲ့ တင်ပြသူအားလုံးဟာ သာယာလှပလာမယ့် ပရဒိသုမြေကြီးပေါ် အသက်ရှင်ခွင့် ရရှိကြပါလိမ့်မယ်။​—ဆာလံ ၃၇:၉-၁၁ ကိုဖတ်ပါ။

ပိုသိချင်တယ်ဆိုရင် သမ္မာကျမ်းစာ သွန်သင်ရာများ စာအုပ်၊ အခန်း ၄ နဲ့ ၅ မှာ ဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ