ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • fg အခန်း ၇ မေးခွန်းများ ၁-၅
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
  • လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဘုရားသခင့်နိုင်ငံတော်ကား အဘယ်နည်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
လူမျိုးအားလုံးအတွက် သတင်းကောင်း
fg အခန်း ၇ မေးခွန်းများ ၁-၅

အခန်း ၇

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

၁။ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ။

၁။ ကောင်းကင်မှာရှိတဲ့ ဘုရားသခင်နိုင်ငံတော်; ၂။ ယေရှုနူနာစွဲနေသူတစ်ဦးကို ကုသပေး

ယေရှု ဘာကြောင့် အကောင်းဆုံး ဘုရင် ဖြစ်သလဲ။ —မာကု ၁:၄၀-၄၂။

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ကောင်းကင်အစိုးရပါ။ အဲဒီအစိုးရက လူ့အုပ်ချုပ်မှုမှန်သမျှကို ဖယ်ရှားပြီး ဘုရားသခင့်အလိုတော်ကို ကောင်းကင်မှာ ပြည့်စုံစေခဲ့သလို ကမ္ဘာပေါ် ပြည့်စုံစေပါမယ်။ ဒါဟာ သတင်းကောင်းပါပဲ။ မကြာခင်မှာ ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာပေါ် ကောင်းစွာ အုပ်ချုပ်ခြင်းအားဖြင့် လူသားတွေရဲ့ လိုအပ်ရာ တွေကို ဖြည့်ဆည်းပေးပါလိမ့်မယ်။ ပြီးတော့ လူသား အားလုံးကို စည်းလုံးစေမယ်။​—ဒံယေလ ၂:၄၄။ မဿဲ ၆:၉၊ ၁၀။ ၂၄:၁၄ တို့ကိုဖတ်ပါ။

အစိုးရတစ်ခုမှာ အုပ်ချုပ်သူဆိုတာ ရှိရမယ်။ ဒါကြောင့် ယေဟောဝါဘုရားက သားတော်ယေရှုကို ကောင်းကင်အစိုးရမှာ အုပ်ချုပ်ဖို့ ဘုရင်အဖြစ် ခန့်အပ်လိုက်တယ်။​—ဗျာဒိတ် ၁၁:၁၅ ကိုဖတ်ပါ။

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ ဗီဒီယိုကိုကြည့်ပါ။

၂။ ယေရှုက ဘာကြောင့် အကောင်းဆုံးဘုရင် ဖြစ်သလဲ။

အကြောင်းရင်းက ယေရှုဟာ သနားကြင်နာပြီး မှန်ရာကို ပြတ်ပြတ်သားသား လုပ်ဆောင်လို့ပါပဲ။ (မဿဲ ၁၁:၂၈-၃၀) ဒါ့အပြင် ယေရှုဟာ ကောင်းကင်ကနေ မြေကြီးပေါ်ကို အုပ်ချုပ်မှာမို့ လူတွေကို ကူညီပေးနိုင်တဲ့ အစွမ်းတန်ခိုးလည်း ရှိတယ်။ ယေရှု ရှင်ပြန်ထမြောက်ပြီးတဲ့နောက် ကောင်းကင်ကို ပြန်သွားခဲ့ပြီး အုပ်ချုပ်ခွင့်အာဏာရဖို့ ယေဟောဝါဘုရားရဲ့ လက်ယာဘက်မှာ ထိုင်စောင့်နေခဲ့တယ်။ (ဟီဘရူး ၁၀:၁၂၊ ၁၃) နောက်ဆုံးမှာ ဘုရားသခင်က ယေရှုကို အုပ်ချုပ်ခွင့်အာဏာ အပ်နှင်းလိုက်တယ်။​—ဒံယေလ ၇:၁၃၊ ၁၄ ကိုဖတ်ပါ။

၃။ ယေရှုနဲ့အတူ ဘယ်သူတွေ အုပ်ချုပ်ကြမလဲ။

“သန့်ရှင်းသူတွေ” လို့ခေါ်တဲ့ အုပ်စုတစ်စုက ယေရှုနဲ့အတူ ကောင်းကင်မှာ အုပ်ချုပ်ကြပါမယ်။ (ဒံယေလ ၇:၂၇) အဲဒီသန့်ရှင်းသူတွေထဲမှာ ဦးဆုံးရွေးချယ်ခံရတဲ့သူတွေကတော့ ယေရှုရဲ့ သစ္စာရှိတဲ့တမန်တော်တွေ ဖြစ်ပါတယ်။ သစ္စာရှိတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို သန့်ရှင်းသူတွေအဖြစ် ယေဟောဝါဘုရား ရွေးချယ်ခဲ့ပါတယ်။ ဒီနေ့အထိ ဆက်ရွေးချယ်နေတုန်းပါ။ သူတို့လည်း ယေရှုလိုပဲ နာမ်ခန္ဓာနဲ့ ရှင်ပြန်ထမြောက်ကြပါမယ်။​—ယောဟန် ၁၄:၁-၃။ ၁ ကောရိန္သု ၁၅:၄၂-၄၄ တို့ကိုဖတ်ပါ။

ကောင်းကင်ကို လူဘယ်နှစ်ယောက် သွားကြမှာလဲ။ ယေရှုက သူတို့ကို “သိုးစုငယ်” လို့ခေါ်ခဲ့တယ်။ (လုကာ ၁၂:၃၂) သူတို့ဟာ နောက်ဆုံးမှာ ၁၄၄,၀၀၀ အထိ တိုးများ လာမှာဖြစ်တယ်။ ပြီးတော့ ယေရှုနဲ့အတူ ကမ္ဘာကို အုပ်ချုပ်သွားကြရမယ်။​—ဗျာဒိတ် ၁၄:၁ ကိုဖတ်ပါ။

၄။ ယေရှု စတင်အုပ်စိုးတာနဲ့ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ။

ကျမ်းစာသင်အံမူ

၁၉၁၄ ခုနှစ်မှာ ဘုရားသခင့်နိုင်ငံတော် စတင်အုပ်စိုးခဲ့ပါတယ်။a ဘုရင်ဖြစ်တဲ့ ယေရှု ဦးဆုံးလုပ်ခဲ့တဲ့အရာကတော့ စာတန်နဲ့ အပေါင်းပါ နာမ်ဝိညာဉ်ဆိုးတွေကို ကမ္ဘာပေါ် နှင်ချလိုက်တာဖြစ်တယ်။ စာတန် အရမ်းဒေါသထွက်သွားပြီး ကမ္ဘာတစ်ဝန်းလုံးမှာ ပြဿနာတွေတက်အောင် စတင်ဖန်တီးခဲ့တယ်။ (ဗျာဒိတ် ၁၂:၇-၁၀၊ ၁၂) အဲဒီအချိန်ကစပြီး ဆင်းရဲဒုက္ခတွေ အကြီးအကျယ် တိုးများလာခဲ့တယ်။ စစ်၊ ငတ်မွတ်မှု၊ ကပ်ရောဂါ၊ မြေငလျင်တွေဟာ မကြာခင် ကမ္ဘာ့အရေးကိစ္စတွေကို ဘုရားသခင့်နိုင်ငံတော် အရေးယူလုပ်ဆောင်တော့မယ်ဆိုတာကို ဖော်ပြတဲ့ “နိမိတ်” ပဲ ဖြစ်ပါတယ်။​—လုကာ ၂၁:၇၊ ၁၀၊ ၁၁၊ ၃၁ ကိုဖတ်ပါ။

၅။ ဘုရားသခင့်နိုင်ငံတော်က ဘာတွေကို ဖြစ်မြောက်စေနေသလဲ။

ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းအားဖြင့် လူမျိုးအသီးသီးက လူအုပ်ကြီးတစ်အုပ်ကို စည်းလုံးစေနေပါပြီ။ သန်းနဲ့ချီတဲ့ စိတ်နှိမ့်ချသူတွေဟာ ဘုရင်ယေရှုရဲ့ အုပ်ချုပ်မှုကို လက်အောက်ခံနေကြပါပြီ။ လက်ရှိကမ္ဘာ့စနစ်ဆိုးကို ဘုရားသခင့်နိုင်ငံတော် ဖျက်ဆီးတဲ့အခါ သူတို့ ကာကွယ်ခံရမှာဖြစ်တယ်။ ဒါကြောင့် ဘုရားသခင့်နိုင်ငံတော်ကနေ အကျိုးကျေးဇူးခံစားလိုသူအားလုံး ယေရှုရဲ့ နာခံမှုရှိတဲ့ လက်အောက်ခံတွေဖြစ်ဖို့ သင်ယူသင့်ပါတယ်။​—ဗျာဒိတ် ၇:၉၊ ၁၄၊ ၁၆၊ ၁၇ ကိုဖတ်ပါ။

မြေကြီးပရဒိသုမှာနေထိုင်တဲ့ ပြည်သူပြည်သားများ

ယေရှုအုပ်ချုပ်မယ့် အနှစ်တစ်ထောင်အတွင်းမှာ လူတွေနဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့ မူလရည်ရွယ်ချက်ကို ဘုရားသခင့်နိုင်ငံတော်က အကောင်အထည်ဖော်ပါမယ်။ ကမ္ဘာမြေတစ်ခုလုံး သာယာလှပတဲ့ ပရဒိသုဥယျာဉ်လို ဖြစ်လာမယ်။ နောက်ဆုံးမှာ ယေရှုက နိုင်ငံတော်ကို ယေဟောဝါဘုရားသခင်ဆီ ပြန်လည်အပ်နှင်းမယ်။ (၁ ကောရိန္သု ၁၅:၂၄-၂၆) တစ်ယောက်ယောက်ကို ဘုရားသခင့်နိုင်ငံတော်အကြောင်း မပြောပြချင်ဘူးလား။​—ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉ ကိုဖတ်ပါ။

ပိုသိချင်တယ်ဆိုရင် သမ္မာကျမ်းစာ သွန်သင်ရာများ စာအုပ်၊ အခန်း ၈ နဲ့ ၉ မှာဖတ်ကြည့်ပါ။

a ၁၉၁၄ ခုနှစ်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘယ်လိုကြိုဟောထားသလဲဆိုတာ အသေးစိတ် သိချင်တယ်ဆိုရင် သမ္မာကျမ်းစာ သွန်သင်ရာများ စာအုပ်ရဲ့ စာမျက်နှာ ၂၁၇ မှာ ဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ